သန့်ရှင်းသည့် နေရာများတွင် နေထိုင်ကြသော ဆင်းရဲသည့် လူသားများ ကြား နေထိုင်ကြ သောအခါ ကူးစက်ရောဂါ ပြဿနာ သည် တိုးပွား များပြားလာတတ် ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ လေ့လာချက် အရ ဆေးမတိုးမှု ပြဿနာ အဖြစ် တွေ့ရှိရပါသည်။
(လင်းရောင်ခြည် ၂ဝဝ၂-သြ ၁၅၂)
လူ့အသိုင်းအဝိုင်းတွင် လည်း အထူးသဖြင့် လူငယ်တို့သည် စိတ် မသန့်ရှင်းမှုများနှင့် နီးနီးနေမိသော အခါ ကိုယ်ကျင့်တရားများ ပျက်စီး လာတတ်ပါသည်။ စိတ်မသန့်ရှင်းမှု များ ကူးစက်သောကြောင့် ကိုယ်ကျင့် တရားများ ယုတ်လျော့လာသော အခါ ဘာသာတရား များကို ယုံကြည် ခြင်းကင်းမဲ့မှု ပြဿနာများ တိုးပွား လာတတ်ပါသည်။ ယင်းသို့ တိုးပွား လာသဖြင့် ဘာသာမဲ့များ များပြား လာသောကြောင့် လူသား သတ္တဝါ များ ငြိမ်းချမ်းမှုကို ထိခိုက်လာနိုင်ပါ သည်။
သတ္တဝါများ နေထိုင်ရာ နေရာ သည် ဦးရေ ထူထပ်မှုကြောင့် ရောဂါ ဖြစ်စေသော ပိုးမွှားများ အစဉ်ရှိနေ ပါတော့သည်။ သတ္တဝါတို့၏ သဘာဝ ကိုယ်ခံစွမ်းအား၏ တွန်းလှန်မှု ကြောင့်သာ အနာရောဂါများ အလွယ် တကူ မဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ ကိုယ်ခံ စွမ်းအား ကျဆင်းလာသော အခါ မည်သည့် ရောဂါမဆို အလွယ် တကူ ဝင်ရောက်တော့မည် ဖြစ်သည်။ မိမိတို့၏ ကိုယ်ခံ စွမ်းအား မကျ ဆင်း အောင် မည် သို့ပြုလုပ်ကြမည်နည်း။
အမေရိကန်နိုင်ငံ အင်ဒီယင်း နားပြည်နယ် မစ်ချစ်ဂင် ရေကန်ကြီး ပတ်ဝန်းကျင်တွင် သဲတောင်ကုန်းကြီး ရှိသည်။ ၁၉၅၂ခုနှစ် အင်ဒီ ယင်းနား ဘူမိဗေဒဆန်းစစ်ရေး ဌာနသည် ယင်းသဲတောင်ကုန်း အခြေအနေ အား လေ့လာခဲ့သည်။ ကုမ္ပဏီကြီး များသည် သဲတောင် တန်း မှ သဲများ ကို နေ့စဉ် ငါးတန်နှုန်းဖြင့် သယ်ယူနေ ကြသည်။ ယင်းနှုန်းဖြင့် သယ်ယူသော် လည်း နှစ် ၅ဝမှ ၁ဝဝ ထိ ဆက်လက် သယ် ယူနိုင်သည်ဆို၏။ သဲတောင် တန်းကြီး ဖြစ်စေရန် မစ်ချစ်ဂင် ရေ ကန်ကြီး၏ လေနှင့်လှိုင်း တို့မှ နှစ် ပေါင်း ၁၅ဝဝကြာ ဖန်တီးထား ခဲ့သော် လည်း လူတို့သည် လူ့သက်တမ်း တစ်ခုအတွင်းမှာပင် ဖျက်ဆီးပစ်နိုင် သည်ဟု ဘူမိဗေဒဆန်းစစ်ရေး ဌာန မှ ခန့်မှန်းထား ခဲ့ပါ သည်။
မစ်ချစ်ဂင် သဲတောင်ကုန်းကြီး ပျက်စီးနိုင်ခြင်းမှာလည်း လူသားတို့ ၏ လိုလားချက် ပြဿနာများ ဝင် ရောက်လာခြင်းကြောင့်ပင် ဖြစ်ပါ သည်။ ယင်းလိုလားချက် ပြဿနာ များအား ရေကန်ကြီး ၏ လေနှင့်လှိုင်း တို့၏ စွမ်းအားများ သည် (နှစ် ၁၅ဝဝ သက်တမ်းရှိ စွမ်းအား)နှစ် ၁ဝဝခန့် သာ တွန်းလှန်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆင်းရဲနွမ်းပါးမှု ဆိုသည်မှာ ပစ္စည်းအနည်းငယ် ကိုသာ ပိုင်ဆိုင် ခြင်းကြောင့် မဟုတ်ဘဲ ပစ္စည်းဥစ္စာ အမြောက်အမြားကို မပိုင်ဆိုင် ရ သောကြောင့်ဖြစ်သည်။ (လူဒီရပ်အင် နာနာပ်(စ်)စီနီကာ)
လူသားတို့၏ ရုပ်ဝတ္ထု အမြောက်အမြား ပိုင်ဆိုင်လိုသည့် စိတ်ကြောင့် နှစ်ပေါင်းများစွာ စုစည်းလာသော သဲတောင်ကုန်းကြီး သည် နှစ် အနည်း ငယ်အတွင်း ကုန်ဆုံးသွားနိုင်၏။ ထို့ အတူပင် နှစ်ပေါင်း ၂၅ဝဝကျော် တည်ဆောက် လာခဲ့သည့် ဗုဒ္ဓဘာသာ တရားသည် လည်း လူသား တို့၏ လောဘ၊ ဒေါသ၊ မောဟ တရားများ ကြီးပွား လာကြသောကြောင့် ပျက်စီး နိုင်ပေ၏။ ဤသို့ ဖြစ်နိုင်ခြင်း မှာ ရုပ်ဝတ္ထု တိုးတက်မှုကို အလေးထား လာကြသောကြောင့် စိတ်ပိုင်း ဆိုင်ရာ တို့ ယိုယွင်းလာကြ၏။ ရုပ်ဝတ္ထု တို့ကို တပ်မက် လာကြပြီး စိတ် သန့်ရှင်းမှုကို ကူးစက်ရောဂါကဲ့သို့ ဖြစ်လာကြ၏။
ရောဂါကုသော အခါ ဆေးမတိုး သကဲ့သို့ လူသား တို့၏ ရုပ်ဝတ္ထုလို လားချက်တို့သည် စိတ်တည်ကြည်မှု ကို နှောင့်ယှက်သည့် စိတ်မ သန့်ရှင်း မှု ပြဿနာအဖြစ် တွေ့ရှိရပေသည်။
သတ္တဝါတို့ ဖြစ်လာရပြီးနောက် ရုပ်နာမ်ခန္ဓာ တို့သည် ပထမ၌ သန့် ရှင်းကြပါသည်။ သို့သော် ကလေး ဘဝ၊ လူငယ်ဘဝ၊ လူလတ်ဘဝ၊ လူကြီးဘဝ စသည်ဖြင့် ရုပ်ခန္ဓာတို့ တိုးတက်လာသည်နှင့် အမျှ အရွယ်အ လိုက် အသုံးပြုစရာတို့ကို လိုချင်တပ် မက်လာ ကြကုန်သည်။ ယင်းတပ်မက် မှုတို့သည် သန့်ရှင်း ကြည်လင်မှုကို ပျက်စီးစေပါသည်။ လိုအပ်ချက်၊ လိုအပ်ချက် ဆိုပြီး အချိန်တိုင်း လိုအပ်မှုတွေ များပြား လာပါတော့ သည်။ ယင်းလိုအပ်ခြင်း တို့သည် ချမ်းသာရာ ဘုံဘဝ ရောက်စေရန် အတွက် ပြဿနာပင် ဖြစ်ပေတော့ သည်။
သစ်သားထဲမှာ ပန်းပုရုပ်ကရှိ နေပြီးသား ဖြစ်သည်။ ကျွန်ုပ်သည် ဘေးကမလိုတာ များကို ဖယ်ထုတ် လိုက်ခြင်းဖြစ်သည်။ (မိုက်ကယ်အိန် ဂျလို)
အိန်ဂျလိုပြောခဲ့သည့် စကား သည် လူသားတို့ သုံးတတ်လျှင် အလွန် အသုံးဝင်ပေမည်။ ပညာရေး အောင်မြင်စေရန် အတွက် မိမိတို့ စိတ်ထဲတွင် မလိုအပ်တာတွေကို ဖယ် ထုတ်နိုင်ရမည်။ ပညာရေး စိတ်ပဲ ထား။ စီးပွားရေး အောင်မြင် ချင်လျှင် စီးပွားရေး စိတ်ပဲထား။ လူမှု ရေး ဆို လျှင်လည်း အခြားအရေး တို့ မရှုပ် စေနှင့်၊ ကိုယ့်လမ်းကြောင်းကို သွား၊ သူတစ်ပါး လမ်းကြောင်းထဲ ဝင်မရှုပ် လျှင်အောင်မြင် ပါလိမ့်မည်။ အေး ငြိမ်းရာသို့ ရည်ရွယ်သူ တို့သည် အထက်ပါ အရာတို့ကို ဖယ်ထုတ်လိုက် ရမည်ဖြစ်သည်။ ယင်းသို့ ဖယ် ထုတ် လိုက်သဖြင့် သန့်ရှင်းသော စိတ် ခန္ဓာတို့ဖြင့် လိုအပ်ရာသို့ သတိ တရားဖြင့် အရောက်နှင်နိုင်မည် ဖြစ် ပါသည်။ ယနေ့ခေတ် သည် ကမ္ဘာကြီးအား ရွာတစ်ရွာ ဖြစ်ပြီဟု ပြောဆို ကြကုန်၏။ အဘယ်ကြောင့် ဆိုသော် အင်တာနက် ဆိုသည့် နည်းပညာ တစ် ခုကြောင့်ဖြစ်သည်။ အင်တာနက် အသုံးပြု၍ ရသော ဆိုင်များ ပေါ်ပေါက် လာပြီး အချိန်အခါမဲ့ အသုံးပြုကြ သောကြောင့် လူငယ်များ ပျက်စီး လာသည်ကို တွေ့မြင်ကြသော စနစ်ကို အမီမလိုက်နိုင်သည့် လူကြီးများသည် အင်တာနက် ဆိုသည့် အရာအား အမုန်း ထားကြပါတော့ သည်။ အင်တာနက် အသုံးပြုခြင်း သည် ကူးစက်ရောဂါ ကဲ့သို့ လူကြီး၊ လူငယ်တို့ အကြား ပျံ့နှံ့လာပါတော့ သည်။
အင်တာနက် အသုံးပြုခြင်းအား အချစ်ရေးကိစ္စ အရှုပ်အရှင်း အဖြစ် သာ မြင်ကြပါတော့သည်။ အင်တာ နက် အစပြုပြီး မိမိကိုယ်ကိုယ် သတ် သေခြင်း၊ မိန်းကလေးများ ဖျက်ဆီး ခံရခြင်း စသည့် သတင်း တို့သည် လူ အများ သိနိုင်အောင် ပျံ့နှံ့နေပါတော့ သည်။ အမှန်တွင် အင်တာနက် အသုံး ပြုပြီး တက်လမ်းရှာ၊ နိုင်ငံခြားပညာ သင်ဆုရရှိအောင် ကြိုးစားမှုများ၊ ဝင်ငွေကောင်းသော အလုပ် အကိုင် များ ရရှိအောင် ကြိုးစားနိုင်ခဲ့ကြသော လူငယ်များ၊ မိတ်ဆွေများနှင့် တရား စကားပြောဖြစ်ပြီး ဘာသာရေး အသိ တိုးတက်သွား သူများ အကြောင်း ကိုမူ အခြေခံ လူထုထံသို့ သတင်းရောက်ရှိ မှု နည်းပါးလှပေသည်။ ထို့ကြောင့်ပင် ကူးစက်ရောဂါပိုး တစ်ခုကဲ့သို့ ဖြစ်နေ ကြခြင်းသာ ဖြစ်တော့သည်။
ယနေ့တွင်တော့ တောရွာမြို့ပြ ပါမကျန် အင်တာနက်ဖြင့် ဖေ့စ်ဘုတ် အကောင့်များ ဖွင့်ပြီး လူငယ်များ ပို၍ အကဲဆတ် လာကြပါတော့ သည်။ ယင်းသို့ မိဘစကား၊ လူကြီးစကား နားမထောင်လောက်အောင် တိုးပွား လာသော အင်တာနက် အသုံးပြုမှုကို မည်သို့ အ ဆင်ပြေအောင် နေထိုင် အသုံးပြုကြမည်နည်း။
အမှန်တွင် အွန်လိုင်း အသုံးပြု သည်ဖြစ်စေ၊ အသုံး မပြုသည်ဖြစ်စေ မကောင်းမှုကို ကြိုက်နှစ်သက်သူ တို့ သည် မကောင်းမှုကိုသာ ရှာ ကြံပြု လုပ်ကြပါလိမ့်မည်။ ကောင်းမှုကို မြတ်နိုးသူတို့သည်လည်း ကောင်းမှု ကောင်းကျိုးကိုသာ ရှာဖွေပြုလုပ်ကြ ပါလိမ့်မည်။ ဖုန်း တစ်လုံးဖြင့် ထိုင် ကာ ကမ္ဘာပတ်နေသူလောက်တော့ မြန်ဆန်လိမ့်မည်မဟုတ်ပေ။
မိမိအတွက် သူတစ်ပါးအတွက် အားလုံးကောင်းမည် ဆိုပါက သူတစ်ပါးကိုလည်း Share ပေးရမည် ဖြစ်သည်။ အခြားသူများ လုပ်ဆောင် နေလျှင်လည်း Comment ပေးရမည် ဖြစ်သည်။ မသိသလို မနေသင့် ပေ။ ကိုယ်က ကောင်းစားပြီး အခြား သူဒုက္ခရောက် မည့် အလုပ်မျိုးလုပ် ရန် ပေါ်ပေါက်ခဲ့သော် ထိုစိတ်မျိုး အား Delete လုပ်နိုင်ရမည်။ ကောင်းသော မိတ်ဆွေများကို နှစ် သက်စွာ (Like) ပေါင်းပြီး မကောင်း သော မိတ်ဆွေများနှင့် ဆက်ဆံရေး ရပ်စဲ (Block) နိုင်ရမည်။ ဤသို့ ဆိုလျှင် အတော် အတန် ကောင်း သွား ပေမည်။ သူတစ်ပါးကိုလည်း မထိ ခိုက်ပေ။
မှန်ကန်သောအသိပေး စာတစ် ကြောင်းပင် (Status) ဖြစ်ပါစေ (Download) ရယူပြီး မိမိ၏စိတ်ထဲ တွင် (Install) သိမ်းထားရမည်။ အသိမှန်၊ အမြင်မှန်သော စိတ်ထား ဖြင့် မိမိတို့၏ ဥာဏ်စဉ်တို့အား (Version) မြှင့်သွားရပါမည်။ ထို အခါ ရုပ်နာမ်ဓမ္မ တို့၏ အဖြစ် အပျက် များကို အမှန်မြင်သည့် Version များ ထွက်ပေါ်လာပြီး ထပ်ဆင့်၍ ဥာဏ်စဉ်များမြင့်တက် လာသည်ကို ကြုံတွေ့ရမည် ဖြစ်သည်။
နောက်ဆုံးတွင် ဆေးမတိုးမှု ပြဿနာ၊ မသန့်ရှင်းသော (မောဟ) စိတ်၊ လိုလားချက် ပြဿနာ (လောဘ)၊ အင်တာနက်ကြောင့် ဖြစ်သော အရှုပ် အရှင်းပြဿနာ (ဒေါသ) အစရှိသော Virus များကို ရှင်းထုတ်နိုင်ပြီး လှပ ငြိမ်းချမ်းသော ဘဝကို ထုဆစ်နိုင် မည်မှာ အမှန်ပင်ဖြစ်ပေတော့ ၏။
အရှင်စိတ္တဒီပ (ရွှေတောင်ဦး)
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments