09-790570465

09-975288547

MOAGs Admin Team

iBest Groups

မှတ်စုတွေနဲ့ တည်ဆောက်ထားတဲ့ကောင်

Posted by   on Pinterest

(တစ်)
သူသည်… မှတ်စုများဖြစ်၏။
(နှစ်)
– လူသည် စဉ်းစားမဆင်ခြင်ဘဲ ဆင်ခြင်၍ စဉ်းစားလေ့ရှိကြသည်။
– စဉ်းစားတာလောက်ကတော့  ဆင်ခြင်ဖို့မကောင်း။
– ငါ ဖောက်ပြန်သူမဟုတ်ကြောင်း ရာဇဝင်က သက်သေခံဖို့ ငါစောင့်နေ မယ်။
– သည်ဟာတောင်မှပဲ သူ သည်..ဟု ဗန်းမော်တင်အောင် ရေးခဲ့။
– မန္တလေးက ရန်ကုန်သွားမယ့် လူနဲ့ မန္တလေးက မြစ်ကြီးနားသွား မယ့် လူ၊ ရထားတစ်စီးတည်း အတူစီး ကြဆိုနေပါလား။
– တစ်ခါတစ်ရံတော့ ပန်းပွင့်က လေးတွေချစ်ရတဲ့ အလုပ်ဟာ ပျော် ဖို့ကောင်းပါတယ် မခင်ဦး။
– ” ကျုပ်ကို စစ်သားတစ်ယောက် ကထက်လွဲပြီး၊ မာရီဘယ်လိုများ သဘောထား ထင်မြင်မိပါသလဲ” အမေးကို “နည်းနည်းမမြန်လွန်းဘူးလား..ထွန်းဝေ”
(ဒါ..ဗန်းမော်တင်အောင် ဇာတ်ကောင်ရဲ့ ရည်းစားစကား)
– လမ်းဘေးက “စက်ဘီးအထူး ကုဆေးရုံ” စက်ဘီးလေးဖျားနေခဲ့။ ပြီးခဲ့တဲ့လကလည်း  “စက်ဘီးအရိုးကျိုးအထူးကုဆေးရုံ” မှာ ကျောရိုးကို ဂဟေဆော်ရသေး။
ချစ်တဲ့သူ “ပန်းတွေနဲ့ဝေလေ” ကတော့ သားဖွားမီးယပ် အထူးကုမှာ သားအိမ်ခြစ်ပစ်ရတယ်။
– မအားဘူး။ စိတ်ချရတဲ့ လူကြုံကောင်းကောင်းရှိရင် “အဆဲ” ပါး လိုက်မယ်။
– စိတ် မီးရှို့ပစ်။
– အဖမ်းခံဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘယ်ကြွက်များ ကြွက်ထောင်ချောက်ထဲ ဝင်ဖူးလို့လဲ။
– ဂန္ထဝင်ပင်လယ်မှာ ရေငုပ်ပြိုင်ဖို့ ဘယ်တော့မှ မစဉ်းစား။
– အမယ် အမယ် သူ့တိုက်ကြက်က၊ မြေခွေးတောင် နိုင်အောင်ခွပ်နိုင်တယ်ဆိုပဲ။ ကြွားလုံး ကြွားလုံး။
– ကျွန်တော့်စိတ်ထဲတွင် သူမလက်ကိုကိုင်ထားရသည်မှာ ဖားပြုပ်တစ်ကောင်ကိုင်ထားရသလို ထင်နေမိ။ သူမလက်ကို လွှတ်ချပြီး ထွက်ပြေးချင်လှသည်။
သည်အထဲ သူမက ကျွန်တော့်ကို ခေါ်လိုက်သေးသည်။ မောင်တဲ့။
– ဝေဖန်ရေးသမားတွေပြောတာဂရုစိုက်မနေနဲ့။ ဝေဖန်ရေးသမား ကို ကြေးရုပ်ထုပြီး ဂုဏ်ပြုတယ်လို့ တစ်ခါမှ မကြားဖူးဘူး။
(သုံး)
မှတ်စုများသည် သူ..ဖြစ်၏။
(လေး)
– သူသည် အဝတ်ကို မီးလောင် မခံဘဲ မီးကို “ပိုက်” နိုင်သလော။
– သူသည် ပိုးဟပ်ကြိုက်စက္ကူပေါ်မှ စာလုံးများကို အာဂုံဆောင်ဖို့ ကြိုးစားရင်း သူ၏ ထုံထိုင်းမှုကို မြှင့်တင်လျက်ရှိ၏။
– ပြင်သစ်အမျိုးသားတွေက “ဂေါ်ဖီထုပ်ကလေး”
အာရပ်တွေက “သခွားသီးလေး”
ဖင်လန်က “ရွက်နုကလေး”
ပိုလန်က “ဘီစကွတ်လေး”
သြစတြီးယား-ဗီယင်နာက “ခရုလေး”
ယူဂိုစလားဗီးယားက “ကျွန်ုပ်၏ မြက်ပင်”
ဂျာမနီက “တနင်္ဂနွေနံနက်ခင်း ခေါင်းလောင်းသံ”
ဂရိက ” ကြက်သွန်ဖြူကလေး”
အမေရိကန်လူရိုင်းက “တိမ်ဖြူ”
ဂျပန်က “ရေညှိလေး”
တရုတ်က “မုန်ညင်းလေး”
တိဗက်က ” နူးညံ့တဲ့ ဝက်ကလေး” တဲ့။
ကိုယ်ချစ်တဲ့ ကောင်မလေးကို တင်စားခေါ်ကြတာ..ခေါ်ကြတာ။
ရှင်ဟာ တံတွေးကို အဝေးကြီး ရောက်အောင် ထွေးနိုင်ရုံနဲ့ သူ့ကိုယ် သူ သိပ်အရပ်ရှည်လှပြီထင်နေတဲ့ လူပုတစ်ယောက်ပဲ။
ဘုရားသခင်ဆိုတာ ခွန်အား ဗလတစ်ခုမဟုတ်ဘူး။ ကြင်နာတတ် တဲ့ အမှန်တရားတစ်ခုသာ။
ဓာတုဗေဒဆိုင်ရာ မော်လီကျူး တွေလိုပဲ မင်းတို့ကွာ ကြယ်တာရာ လေးဘာလေးနဲ့။
လူကြီးမင်းများ ခင်ဗျား
ခင်ဗျားတို့ မေးခွန်းခေတ္တနား ပေးကြပါ။
ကျွန်တော်ဟာ ဗုံတစ်လုံး မဟုတ်ဘူး။
လေ..လေဟာ မတိုက်တဲ့အခါ ဘယ်ရောက်နေလဲ။
ကမ္ဘာကြီးကို ဂရုမစိုက်သ လိုနေဖို့ ငွေ၁၅ကျပ်တော့ လိုမယ်။
(ဘီအီးတစ်လုံး ၁၅ကျပ်ခေတ် က အတွေး)
အားလုံးရဲ့ အရယ်ထဲမှာ တူညီ တဲ့ ဘာသာစကားတွေရှိနိုင်တယ်။
ဒါပေမဲ့ အားလုံးရဲ့ အပြုံးထဲ မှာတော့
ပါးစပ်ထဲ ဗီသိုဗင်ထည့်ဟောင် တဲ့ခွေး
ပိတ်စအနီရောင်မှာ ဘူးသီး ငါးပေါင်းကြော်လိုလို
မြေကြီးပေါ် ကြက်ယက်ထား သလိုလို သူတို့စာလုံးတွေက။
(ငါး)
သူသည် ” သူ” ဖြစ်ပြီး
မှတ်စုများသည် “မှတ်စုများ” သာဖြစ်၏..ဟု
(ခြောက်)
မှန်သည် “ဖြစ်၏..ဟု” ပြဿနာမသေးလှ။ သူသည် မှတ်စုများအကြောင်းမတွေးချင်တော့၍ “လေယာဉ်ပျံ” အကြောင်း တွေး ၏။ လေယာဉ် ပျံကို စက်မနှိုးမီတွင် အချက်ပေါင်း ၃၃ချက်ကို ပထမစစ်ဆေးရမည်။ ဘက်ထရီဗို့အား၊ ကာဗွန်အပူ၊ ပန်ကာအနေအထားစသည် စ သည်၃၃ချက်ပြည့်သည်အထိ။ လေ ယာဉ်ပျံပျက်ကျပြီး သေနိုင်တဲ့ နည်း ကိုလည်း သူစဉ်းစားမည်။ ရာသီဥတု ကြောင့်၊ စက်ပျက်လို့၊ အဆင်းမတော် လို့၊ စစ်ဆေးစဉ်က အချက်ပေါင်း ၃၃ ချက်မှာ တစ်ချက်နှစ်ချက်လိုသွားလို့ ခု သူသည် အတောင်ပံ မ ပါသော လေ ယာဉ်ကို နှိုးဖို့ ခလုတ်ဖွင့်လိုက်ပြီးမှ သူ့စက်ဘီးစုတ်ကလေး ဘီးပေါက်နေတာ မဖာရသေးကြောင်း သတိရသွားသည်။ အဟောင်းအမြင်း ပစ္စည်းစုသူ သန်းကြွယ်သူဌေးကြီး “ရေမွန်ဒန်ကန်” က သူ့ကို မနာလိုဝန်တိုဖြစ်လျက်ရှိသည်။
ရေမွန်ဒန်ကန်မှာ သူ့လို စက် ဘီးစုတ်မရှိ။
ကိုငြိမ်း(မန္တလေး)
Credit; Popular မှကူးယူဖော်ပြသည်။

(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်