ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက်အဓိက အရေးကြီးဆုံးအချက်တွေထဲမှာ ကောင်းမွန်စွာအိပ်စက်အနားယူခြင်းကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
တခါတလေ ညဘက်အိပ်ရေးမ၀ခြင်းကြောင့် မနက်အိပ်ယာထချိန်မှာ တစ်မှေးလောက်အချိန်ယူအိပ်ဖို့ကို အရေးတကြီး လိုအပ်နေတာမျိုးဖြစ်တတ်ကြပါတယ်။ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့ ဆောင်ရန်ရှောင်ရန်အတွက် အရေးကြီး အချက်တွေကို Shwemomကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။
အခန်းတွင်းမီးရောင်လျှော့ချပါ
ညဘက် မီးရောင်တောက်ပစွာဖွင့်ပြီး အိပ်စက်ခြင်းက ကျန်းမာရေးအတွက် ဆိုးရွာစွာထိခိုက်စေတဲ့အတွက် အိပ်ယာ မ၀င်ခင် နာရီဝက်အလိုကတည်းက အခန်းတွင်းမီးရောင်ကို လျှော့ချထားသင့်ပါတယ်။တကယ်လို့ သင်က ညဘက် အလုပ်လုပ်တတ်သူဖြစ်တယ်ဆိုရင်တော့ မီးရောင်ကိုသာမန်ထက်လျှော့ချပြီးမှအလုပ်လုပ်သင့်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း
အိပ်ယာဝင်ခါနီး လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကလည်းကျန်းမာရေးအတွက်သင့်တော်တဲ့အလေ့အထတစ်ခုဖြစ်ပါတယ်။အိပ်ယာမ၀င်မီအနည်းဆုံး နှစ်နာရီလောက်မှာသင့်တင့်မျှတတဲ့ လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။အနည်းဆုံးခေါင်း လေ့ကျင့်ခန်းပြုလုပ်မယ်ဆိုရင်တောင်စိတ်ဖိစီးမှုလျော့ကျခြင်းနဲ့ သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အတွက် နှစ်ခြိုက်စွာအိပ်စက်ခြင်းအတွက် အထောက်အကူဖြစ်စေပါတယ်။
ကော်ဖီ၊ လက်ဖက်ရည်မသောက်ပါနှင့်
ကော်ဖီ၊ လက်ဖက်ရည်မှာပါဝင်တဲ့ ကဖိန်းဓာတ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ သိသာတဲ့အနှောက်အယှက်ဖြစ်စေလို့ အိပ်ယာဝင်ခါနီး ကော်ဖီ၊ လက်ဖက်ရည်သောက်ခြင်းအလေ့အထကို ပြုပြင်သင့်ပါတယ်။
ဖုန်းနှင့် TV အသုံးပြုမှုရှောင်ပါ
ညဘက်မှာ ဖုန်းသုံးခြင်း၊ TVကြည့်ခြင်းကြောင့် ဖုန်း၊ TVစခရင်တို့မှ ထွက်ရှိတဲ့အဖြူရောင်အလင်းတန်းတွေကြောင့် ငါးမိနစ်တိုင်းမှာ ခန္ဓာကိုယ်ရဲ့ melatonin level ၅၀ရာခိုင်နှုန်းထိမြင့်တက်နေတယ်လို့ဆိုပါတယ်။အဲဒီmelatoninဟော် မုန်းက စိတ်ဖိစီးမှုအပါအ၀င်၊ ခေါင်းကိုက်ခြင်း၊ ကင်ဆာဖြစ်ပွားနှုန်းကိုမြင့်တက်စေခြင်းစတဲ့ဆိုးကျိုး သက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်။
မဖြစ်မနေအိပ်ပျော်အောင်ကြိုးစားပါ
ပုံမှန်အားဖြင့် အိပ်ချိန်ကို ည ၁၀နာရီ ၄၅ ကနေ ၁၁နာရီနောက်ဆုံးထားပြီးအိပ်ယာဝင်သင့်ပါတယ်။အဲဒီထက် နောက်ကျ သွားမယ်ဆိုရင်တော့ စိတ်ဖိစိးမှုကိုဖြစ်စေတဲ့cortisol ဟော်မုန်းထုတ်လုပ်မှုတွေမြင့်တက်လာမှာဖြစ်ပါတယ်။စိတ်ဖိစီး မှုမြင့်တက်ခြင်းကြောင့် သင့်ရဲ့အိပ်ချင်စိတ်ကိုလည်းကြီးကျယ်တဲ့အဟန့်အတားမျိုးဖြစ်နေစေမှာပါ။ဒါကြောင့် စိတ်ဖိစီး မှုတွေလျှော့ချဖို့ တရားထိုင်ခြင်း၊အသက်ကိုဖြေးညင်းစွာရှူသွင်းခြင်းဖြင့် အိပ်ပျော်အောင်ကြိုးစားသင့်ပါတယ်။
အခုဖော်ပြခဲ့တဲ့အကြောင်းအရာတွေက သိပြီးဖြစ်ပေမယ့် အများအားဖြင့်လက်တွေ့လိုက်နာနိုင်ဖို့အခက်အခဲဖြစ်နေကြပါ တယ်။ ဒါပေမယ့် အိပ်ချိန်အလုံအလောက်မရရှိခြင်းကကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေရုံ သာမက နောက်ဆက် တွဲအကျိုးဆက်တွေအဖြစ် ပေါင်းသင်းဆက်ဆံရေးမှာအခက်အခဲဖြစ်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည်များကျဆင်းခြင်း၊ အိမ်ထောင်ရေးသုခလုံလောက်စွာမရရှိခြင်းစတဲ့ဆိုးကျိုးတွေရှိနိုင်လို့ တိုက်တွန်းရေးသားလိုက်ပါတယ်။
Shwemom.com မှကူးယူဖော်ပြပါသည်။)
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)
No comments:
Write comments