ဘယ်စတိုးဆိုင်ကိုပဲ သွားသွား၊ ပိုးဟပ်နှိမ်နင်းဆေးများစွာ တွေ့ပါလိမ့်မယ်။ တချို့ဆေးတွေက အရမ်းထိရောက်ပေမယ့် အများစုက အဆိပ်သင့်ပြီး ကင်ဆာရောဂါအပြင် အသက်ရှူပြသနာ၊ အရေပြားနဲ့ မျက်စိကျိန်းစပ်ခြင်းစတဲ့ စိုးရိမ်စရာကျန်းမာရေးပြသနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒုက္ခပေးတဲ့အင်းဆက်အကောင်တွေ ရှင်းလင်းသုတ်သင်ဖို့အတွက် ဒီကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေကို ရှောင်ကြဉ်ပြီး အဲဒီအစား သဘာဝနည်းလမ်းတွေကို ပိုပြီး ချဉ်းကပ်သင့်ပါတယ်။
အိမ်တွင်းဖြစ် ပိုးဟပ်နှိမ်နင်းဆေး
ပါဝင်ပစ္စည်းများ
• ကြက်ဥအနှစ် - ၁ လုံး
• ဘိုးလ်ရစ်အက်စစ် (Boric Acid) - ၃၀-၅၀ ဂရမ်
လုပ်ပုံလုပ်နည်း
• ကြက်ဥကို boric acid နဲ့ ခပ်ပျစ်ပျစ်ဖြစ်အောင် ရောစပ်ပါ။
• အဲဒီခပ်ပျစ်ပျစ်အရောအနှောကို စက်ဝိုင်းအချင်း ၁ စင်တီမီတာ အလုံးလေးတွေအဖြစ် ပုံစံသွင်းပေးရပါမယ်။
• ဒီအလုံးတွေကို ၁ နာရီကြာ အခြောက်လှန်းပါ။
• ခြောက်သွားကြပြီဆိုတာနဲ့ မိမိအိမ်ရှိ ထောင့်နေရာတွေ၊ ဗီရိုတွေနဲ့ ပိုးဟပ်တွေ တွေ့တတ်တဲ့ နေရာတွေမှာ ထားပါ။
အဓိက ပစ်မှတ်ထားရမယ့်နေရာများ
• မီးဖိုချောင်
• အိမ်သာ၊ ရေချိုးခန်း
ပိုးဟပ်တွေဟာ အဲဒီအလုံးတွေကို စပ်စုရာမှ နောက်ဆုံး မလှုပ်မယှက်ချင်ဖြစ်စေပြီး သေကျေကြပါလိမ့်မယ်။ ဒီအလုံးလေးတွေက အိမ်မွေးတိရိစ္ဆာန်တွေကို အန္တရာယ်မဖြစ်စေပါဘူး။ Boric acid က အဆိပ်ကင်းပြီး ပိုသတ်ဆေးအများစုမှာ တွေ့နေကျပစ္စည်းတစ်ခုဖြစ်ပါတယ်။
ဒီအလုံးတွေက ထိရောက်ပြီး ၄ ပတ်အတွင်း မိမိအိမ်ကြမ်းပြင်မှာ ပိုးဟပ်အကောင်အသေများစွာ မြင်တွေ့ပါလိမ့်မယ်။
Ref: NHC
(trandmyanmar.com မှကူးယူဖော်ပြသည်။)
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)
No comments:
Write comments