09-790570465

09-975288547

MOAGs Admin Team

iBest Groups

သင့်အကြောင်းကိုပြောပြနေတဲ့ သင့်ရဲ့အသေးအဖွဲ့အမူအကျင့်များ

Posted by   on Pinterest

သင့်အနေနဲ့ ပထမဆုံးတွေ့တဲ့လူတစ်ယောက်ကို အဲဒီလူက ဘယ်လိုလူအမျိုးအစားလဲ၊ဘယ်လိုအမူအကျင့်ရှိလဲဆိုပြီး အကဲခတ်ဖူးမှာပါ။တစ်ဖက်ကလည်းသင့်လိုပဲလေ့လာအကဲခတ်နေမှာပါ။အဲဒီလိုပဲသင့်အကြောင်းကိုပြောပြနေတဲ့အသေးအဖွဲ့အချက်လေးတွေရှိပါတယ်။သတိပြုလေ့လာကြည့်နိုင်ဖို့ အဲဒီအချက်လေးတွေကို Shwemom ကနေဖော်ပြပေး လိုက်ပါတယ်။
(၁)လက်ရေး
သုတေသနလေ့လာမှုတွေအရ လက်ရေးစာလုံးအရွယ်အစားသေးသေးရေးလေ့ရှိသူတွေက ရှက်ရွံ့မှုကြီးကြပြီး အာရုံစူးစိုက်မှုကောင်းတယ်၊လေ့လာမှုအားကောင်းတယ်လို့ဆိုပါတယ်။လက်ရေးစာလုံးအရွယ်အစားကြီးကြီးရေးတတ်သူတွေကတော့ တဖက်လူရဲ့အာရုံစူးစိုက်မှုကိုရရှိဖို့ ကြိုးစားတတ်ကြပြီး သူတို့ကိုယ်တိုင်ကတော့ ခင်ဖို့ကောင်း တယ်၊ ဖော်ရွေတတ်ကြတယ်လို့ဆိုပါတယ်။စာရေးတဲ့အခါ penကို ဖိပြီးရေးတဲ့သူတွေဟာ အရာရာကို တည်ကြည်လေး နက်စွာသဘောထားလေ့ရှိပြီး ခပ်ဖွဖွရေးသူတွေကတော့ အထိအခိုက်မခံဘဲ ခံစားလွယ်၊၀မ်းနည်းလွယ်ကြပါတယ်။ သင့်လက်ရေးကရော ဘယ်အမျိုးအစားထဲမှာပါနေပါသလဲ။
(၂)လက်သည်းကိုက်ခြင်း
လူတစ်ယောက်အကြောင်းကိုသိနိုင်တဲ့အခြေခံအမူအကျင့်တွေထဲမှာ လက်သည်းကိုက်ခြင်းလည်း ပါဝင်ပါတယ်။ လက်သည်းကိုက်တတ်တဲ့သူတွေဟာ စိတ်အိုက်စရာအခြေအနေကြုံတဲ့အခါ လက်သည်းကိုက်လေ့ရှိပြီး အကြောင်းအရာ တစ်ခုခုကို အလွယ်တကူလက်ခံဖို့  တုံ့ဆိုင်းတတ်ကြပါတယ်။ဒါ့အပြင်  နေမထိထိုင်မသာဖြစ်တဲ့အခြေအနေတွေမှာလည်း အာရုံကြောစနစ်တွေ နိုးကြားတက်ကြွလာတဲ့အခါ ပြုလုပ်လေ့ရှိကြတယ်လို့ဆိုပါတယ်။သင်ကိုယ်တိုင်ရောလက်သည်း ကိုက်တတ်ပါသလား။
(၃)အရောင်
လူတိုင်းမှာ အနှစ်သက်ဆုံးအရောင်တွေရှိကြသလို အဲဒီအရောင်တွေကနေ လူတစ်ယောက်အကြောင်းကို အကဲခတ်နိုင်ပါ တယ်။သင်ကအနက်ရောင်ကိုရူးသွပ်တဲ့သူဆိုရင်တော့ အာရုံစူးစိုက်မှုအားကောင်းပြီး အနုပညာကို ကိုယ်တိုင်ဖန်တီးလေ့ ရှိကြသလို အနုပညာရသကိုလည်းခံစားတတ်ပါလိမ့်မယ်။ ကြိုးစားအားထုတ်မှုနဲ့ ဘ၀ကိုလက်တွေ့ကျကျအကောင်အ ထည်ဖော်တတ်သူလည်းဖြစ်ကြပါတယ်။ဒါမှမဟုတ် အစိမ်းရောင်ကိုကြိုက်နှစ်သက်သူလား။ဒါဆိုရင်တော့ သင်က ကြင်နာတတ်ပြီး သစ္စာကြီးကြတဲ့သူလို့ဆိုနိုင်ပါတယ်။အဖြူရောင်ကို ချစ်မြတ်နိုးတယ်ဆိုရင်တော့ အကျိုးအကြောင်း ချင့်ချိန်လုပ်ဆောင်တတ်တဲ့အကျင့်ရှိပြီး ပူးပေါင်းဆောင်ရွက်လိုစိတ်လည်းရှိတဲ့သူပါ။အပြာရောင်ကိုကြိုက်တယ်ဆိုရင်တော့ သင်ဟာ ဘ၀ကိုတည်ငြိမ်အေးဆေးစွာဖြတ်သန်းတတ်ပေမယ့် အထိအခိုက်မခံနိုင်တဲ့သူဖြစ်ပါ တယ်။တခြားသူတွေအပေါ် မှာတော့ညှာတာထောက်ထားလိုစိတ်ရှိပါတယ်။
(၄)ဖိနပ်
လူတစ်ယောက်စီးလေ့ရှိတဲ့ ဖိနပ်ဒီဇိုင်း၊အရောင်၊ ဈေးနှုန်း၊ ဖိနပ်ကိုမြင်တွေ့ရလေ့ရှိတဲ့ပုံစံအနေအထားတွေအရ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဟန် ၉၀ရာခိုင်နှုန်းလောက်ကို လေ့လာအကဲခတ်နိုင်ပါတယ်။ဒါကြောင့် သင် စီးတဲ့ဖိနပ်ကနေ ၀င်ငွေ၊အသက်၊နိုင်ငံရေးအပေါ်စိတ်ဝင်စားမှု၊ကျား၊မခွဲခြားမှုစတဲ့အခြေအနေတွေကိုပြောပြနေပါတယ်။
(၅)အချိန်
သင်က အရေးကြီး တွေ့ဆုံမှုတွေမှာအချိန်နောက်ကျလေ့ရှိသူဆိုရင်တော့  သင်က တဖက်လူအတွက် အထင်သေး စရာဖြစ်စေမယ့်သူပါ။စောရောက်သွားတတ်တဲ့သူဆိုရင်တော့ တဖက်လူရဲ့အချိန်ကိုလေးစားတန်ဖိုးထားတတ်သူလို့ ဆိုနိုင်ပါတယ်။အချိန် စောခြင်း၊နောက်ကျခြင်းမရှိဘဲ အချိန်ကိုက်သွားနိုင်တဲ့သူဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် စိတ်ဓာတ်ပြင်းထန်တဲ့သူလို့ဆိုရမှာပါ။
(shwemom.com မှကူးယူဖော်ပြသည်။)
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်