“ကိုယ့်ကိုယ်ကိုယ်ပော်ျအောင်နေခြင်းကသာလျှင် ပျော်ရွှင်မှု အစစ်အမှန်ဖြစ်တယ်”လို့၂၀ရာစုနှစ်ရဲ့ဗြိတိန်စာရေးဆရာနဲ့ နိုင်ငံရေးသမားကြီး ဂျိုးဇက် အက်ဒီဆင်ကပြောခဲ့ဖူးပါတယ်။သူများတွေက ကိုယ့်ကိုပျော်အောင်လုပ်ပေးပေမယ့်လည်း ကိုယ်တိုင် စိတ်ဓာတ်ကျစရာ စိတ်ညစ်စရာတွေတွေးနေမယ်ဆိုရင် ပျော်ရွှင်မှုဆိုတာ ကိုယ်နဲ့ခပ်ဝေးဝေးမှာပဲရှိနေဦးမှာပါ။
အိပ်ရေး၀၀အိပ်ပါ
အိပ်ရေး၀၀အိပ်ပြီး နိုးထလာခြင်းက တကယ့်ကိုအံ့သြစရာကောင်းလောက်အောင် လန်းဆန်းတက်ကြွနေမှာပါ။အဲဒီလို လန်းဆန်းတက်ကြွမှုတွေကနေ အသိပညာဗဟုသုတတွေကိုပိုမိုအာရုံစိုက်ရှာဖွေနိုင်ခြင်းကြောင့် ဒီနှစ်ခု ဟာ ဆက်စပ်နေ တယ်ဆိုတာပြောနိုင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်အိပ်ရေး၀၀အိပ်ပါ။
သဘာဝကိုခံစားပါ
ကိုယ်တိုင်ပျော်ရွှင်မှုကိုခံစားချင်တယ်ဆိုရင်တော့ သဘာဝတရားကို အပြည့်အ၀ခံစားနိုင်ဖို့လည်း အရေးကြီးပါတယ်။ ဥပမာ တောင်တက်ခြင်း၊ သစ်တောသစ်ပင်ခပ်အုပ်အုပ် ပတ်ဝန်းကျင်ရှိရာ နေရာမှာ လမ်းလျှောက်ခြင်း ကျေး ငှက် တိရစ္ဆာန်တို့ရဲ့သာယာဖွယ်သီချင်းဆိုသံလေးတွေကို နားထောင်ရင်း သဘာဝရဲ့အလှတရားကိုခံစားလာနိုင် မယ်။စိတ်အေးချမ်း တည်ငြိမ်မှုတို့ကြောင့် သင့်စိတ်က ဘယ်ဟာကိုလက်ခံနိုင်ဆုံးလဲဆိုတာရှာဖွေတွေ့ရှိလာမှာပါ။
အားရပါးရအသက်ရှူပါ
ဒီလို လုပ်ခြင်းဖြင့် သင့်ရဲ့စိတ်ဖိစီးမှုတွေကြောင့် ရုတ်တရက်ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေအတွက် အဖြေ ရှာေ တွ့လာ မှာပါ။ဒီလို အသက်ရှူလေ့ကျင့်ခန်းဟာ သင့်ရဲ့ စွမ်းဆောင်ရည်တိုးတက်ဖို့အတွက် အထောက်အ ကူဖြစ်စေတဲ့နည်း လည်းဖြစ်ပါတယ်။အဆုတ်ရဲ့လုပ်ဆောင်ချက် ပိုမိုအားကောင်းလာလေ သင့်ရဲ့လုပ်ဆောင်ချက်တွေအ တွက် အထောက် အကူဖြစ်လေပါပဲ။
ပင်လယ်လေကိုရှူရှိုက်ပါ
ပင်လယ်ကို မျက်နှာမူပြီး ပင်လယ်ပြင်ကျယ်ကို ဖြတ်တိုက်လာတဲ့လေကို ရှူရှိုက်ပါ။ပင်လယ်လေအေးက သင့်မျက်နှာပြင်ကို လာရောက်ထိတွေ့တဲ့အခါ လန်းဆန်းတက်ကြွမှု၊ စိတ်ပင်ပန်းမှုတွေ ပြေလျော့တာကို ခံစားရမှာပါ။ဒါ့အပြင်ပင်လယ်လေနဲ့ ပင်လယ်ရေဟာ ကျန်းမာရေးအတွက်လည်း ထိရောက်တဲ့ အကျိုးကျေးဇူးတွေဖြစ်စေတယ်လို့လည်း သုတေသနတွေက ဆိုထားပါသေးတယ်။
အားရပါးရရယ်ပါ
ရယ်မောခြင်းကြောင့် ဦးနှောက်ရဲ့အစိတ်အပိုင်းတွေကို လှုံ့ဆော်မှုဖြစ်စေပြီး ပျော်ရွှင်တဲ့ခံစား မှုကိုဖြစ်စေပါတယ်။ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါ အားရပါးရရယ်မောခြင်းက ကိုယ့်ကိုယ်ကိုယ်စိတ်ကျေနပ်မှုပျော်ရွှင်မှုဖြစ်စေမှာပါ။
ရေချိုးပါ
စိတ်ညစ်ရင် ရေချိုးပါ။သိပ်ပြီး ဆက်စပ်မှုမရှိသလိုပဲလို့ထင်ရပေမယ့် တကယ်အံ့သြဖွယ်ကောင်းစွာ အကျိုးကျေးဇူးတွေ ခံစားရမှာပါ။စိတ်ညစ်နေချိန် ရေချိုးလိုက်ခြင်းကြောင့် သင့်ကိုယ်သင်ဂရုစိုက်မိသလိုဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အားအင်ဖြစ်မှု ကိုလည်းခံစားရမှာပါ။ရေအေးနဲ့ပဲဖြစ်ဖြစ်၊ ရေကြက်သီးနွေးနဲ့ပဲဖြစ်ဖြစ် ငါးမိနစ်၊ဆယ်မိနစ်ခန့်စိမ်ချိုး လိုက်ခြင်းဖြင့် စိတ်ပင် ပန်းမှုတွေလျော့ကျသွားစေမှာပါ။
Shwemom.com မှကူးယူဖော်ပြပါသည်။
ref:lifehack.org
No comments:
Write comments