ပီကေဝါးတာ သွားတစ်ခုတည်းကိုသာ အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ထင်ကောင်း ထင်မိပါလိမ့်မယ်။ တကယ်တော့ ပီကေ၀ါခြင်းဟာ ခန္ဓာကိုယ် တစ်ခုလုံးကို ထိခိုက် ပျက်စီးစေနိုင်တာဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးတွေ ပါးစပ်ထဲ ထည့်မဝါးခင် ပီကေကို ကိုင် တွယ်ရတဲ့အတွက် ဒီပီကေမှာ ဘက်တီးရီးယားပိုး မြောက်များစွာ ရောပါလာပါတယ်။ ဒါ့အပြင် ပီကေ၀ါးခြင်းကနေ အခြားခံစားရ မယ့် ကျန်းမာရေးဆိုးကျိုးတွေကတော့
မေးရိုးထိခိုက်ပျက်စီးစေနိုင်
ပီကေဝါးတာဟာ မေးရိုး ထိခိုက်ပျက်စီးမှု၊ သွားကိုက်ဝေဒနာ၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲမှုနဲ့ နားကိုက်ဝေဒနာတွေ ဖြစ်စေနိုင်ပါတယ်။
အစာခြေခြင်း
ပီကေဝါးနေချိန် အစာအိမ်အတွင်း လေကို နှစ်ဆ ပိုဝင်စေပါတယ်။ အဲဒီအတွက်ကြောင့် ကျန်းမာရေးပြဿနာ အမျိုးမျိုးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအပြင် ဗိုက်အောင့်ခြင်း၊ လေခိုခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
အဝလွန်ခြင်း
ပီကေဝါးခြင်းဖြင့် အစာစားလိုစိတ် ပိုဖြစ်စေပါတယ်။ ဒီနည်းအားဖြင့် လူကို အလေးချိန်တက်စေပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ် မ ဟုတ်တဲ့ ကယ်လိုရီတွေ ရရှိလာစေမှာဖြစ်ပါတယ်။
trend.com မှကူးယူဖော်ပြပါသည်။
Ref: HFS
No comments:
Write comments