စိန်ကဲ၊ ကျောက်ကဲထက် လူကဲခတ်တဲ့အလုပ်က ပိုပြီးခက်ခဲတယ်ဆိုတဲ့ စကားကိုကြားဖူးကြမှာပါ။ဟုတ်ပါတယ် ကိုယ့်ရှေ့ မှာ အပြုံးမျက်နှာနဲ့နှုတ်ဆက်တတ်ပြီး ကွယ်ရာကျမှ ကိုယ့်ကိုဒုက္ခပေးတတ်တဲ့ သူတွေလည်းလူ့အဖွဲ့အ စည်းထဲမှာ အများ အပြားပါပဲ။ဒါကြောင့်အခြေအနေအချိန်အခါပေါ်မူတည်ပြီး ပြောင်းလဲတတ်တဲ့အယောင်ဆောင် လူတွေရဲ့အကျင့်စရိုက်တွေကဘယ်လိုရှိတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁)စိတ်ဓာတ်မှန်ကန်တဲ့ လူတွေက အချင်းချင်းလေးစားမှုကိုတန်ဖိုးထားတတ်ပေမယ့် လူပေါ်လူဇော်တွေ ကတော့ သူတို့ရဲ့ ဂုဏ်ရှိန်ဝါအားကိုးနဲ့ လူတွေရဲ့လေးစားမှုကိုရယူတတ်ကြပါတယ်။
(၂)လူကောင်းတွေက သူတို့ကို လူတွေကြိုက်လာအောင်မကြိုးစားတတ်ကြပေမယ့် အယောင်ဆောင်လူတွေကတော့ အဲဒီ အပြုအမူနဲ့ဆန့်ကျင်ဘက်ပါပဲ။သူတို့ကို သဘောကျလာအောင်သူတို့ရဲ့ roleကို သူတို့မြှင့်တတ်ပါတယ်။
(၃)ဒါ့အပြင် သဘောထားအမှန်နဲ့ကျင့်ကြံနေထိုင်တဲ့သူတွေက လူတွေရဲ့အာရုံစိုက်မှုကို မရှာတတ်ကြပေမယ့်သဘော ထားမမှန်တဲ့စိတ်ဓာတ်ရှိတဲ့သူတွေကတော့သူတို့ကိုလူတွေအာရုံစိုက်လာအောင်နည်းလမ်းအမျိုးမျိုးသုံးလေ့ရှိပါတယ်။ကြမ်းသင့်တယ်ထင်ရင်ကြမ်းတတ်ပြီး လေပြေနဲ့ဆက်ဆံသင့်တယ်ထင်ရင်လေပြေနဲ့ဆက်ဆံတတ်ကြပါတယ်။
(၄)နောက်ထပ်သတိထားရမယ့်အချက်ကတော့ကိုယ်ပိုင်အမြင်၊တခြားလူတွေရဲ့အမြင်ကိုပွင့်ပွင့်လင်းလင်းဖွင့်ဟဆွေးနွေးခြင်းမရှိဘဲ ကွယ်ရာရောက်မှ အတင်းပြောတတ်တဲ့သူတွေပါ။
(၅) တချို့ လူတော်ကောင်းတွေက သူတို့ကိုယ်သူတို့ကောင်းအောင် ပေးထားတဲ့ကတိအတိုင်း၊ ချမှတ်ထားတဲ့ခံယူချက် အတိုင်းကြိုးစားတတ်ကြပေမယ့်ကတိကိုလွယ်လွယ်ပေးတတ်သလောက် ပေးထားတဲ့ကတိအ တိုင်းဖြစ်မြောက်အောင်လုပ်ခဲကြတဲ့သူတွေကိုတော့ သတိထားရမှာဖြစ်ပါတယ်။
(၆)မိမိကိုယ်ကိုယ်သာ ကောင်းတယ်လို့ခံယူထားပြီးတခြားကိုယ့်ထက်တော်တဲ့သူကောင်းတဲ့သူတွေကို လေးစားအသိအမှတ်ပြုရကောင်းမှန်းမသိတဲ့သူတွေကလည်း မပေါင်းအပ် သတိထားသင့်တဲ့လူတွေပါ။
(၇)နောက်ဆုံးတစ်ချက် သတိထားသင့်တဲ့လူတွေကတော့အခက်အခဲကြုံလာရင်ကိုယ်လွတ်ရုန်းတတ်တဲ့ သူတွေဖြစ်ပါ တယ်။
Shwemom.com မှကူးယူဖော်ပြပါသည်။
ref:lifehack.org
No comments:
Write comments