09-790570465

09-975288547

MOAGs Admin Team

iBest Groups

Facebook ကြောင့် Relationshipတစ်ခုပျက်စီးနိုင်သည့်အချက်များ

Posted by   on Pinterest


အခုနောက်ပိုင်း facebook ဟာအဆင်ပြေတဲ့ relationship ရောအဆင်မပြေတဲ့ relationship တွေမှာပါမကင်းနိုင်တဲ့ နေ့စဉ်အရေးပါတဲ့အရာတစ်ခုလိုဖြစ်နေပါတယ်ဒါတင်မကသေးပါဘူးfacebookမှာ relationship ပုံစံမျိုးစုံနဲ့ချစ်ကြကြိုက်ကြ၊တခါတလေတော့လည်း အဆင်မပြေဖြစ်ကြ၊အမုန်းတရားတွေပွားကြတာကို တွေ့ရတတ်ပါတယ်။facebookမှာပုံစံမျိုးစုံနဲ့ relationship တွေကို တွေ့ရတွေ့ရအပြင်လက်တွေ့ဘ၀မှာတော့တကယ့်စစ်မှန် တဲ့ချစ်ခြင်းမေတ္တာနဲ့ချစ်ကြတဲ့ relationship တွေကို facebook ရဲ့တချို့အားနည်းချက်လေးတွေကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်စေပါတယ်။
facebook ကသာတရားဝင်
facebookသုံးတာများလာတော့ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်facebookကသာတရားဝင်အတည်ပြုတဲ့နေရာ လိုဖြစ်လာတယ်။အထူးသဖြင့်ချစ်သူတွေကြားမှာ  တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေလို့ စကားနည်းပြတ်စဲကြပြီ ဆိုရင်  facebookမှာတရားဝင်ကြေညာပြီးပြီ။ဘာမှ ထပ်ပြောစရာမလိုတော့ဘူးဆိုတဲ့ ပုံစံတွေဖြစ်လာတယ်။ဒါတင်မကသေးဘူးဘယ်လောက်ထိချစ်ကြောင်းသက်သေပြမယ်ဆိုရင်လည်းfacebookကနေတရားဝင်လူသိ ရှင်ကြားပြောမှအလေးထားရာရောက်တဲ့ပုံစံတွေဖြစ်လာတယ်။ဒါကြောင့် ချစ်သူတွေကြားမှာ နှလုံးသား ချင်းရင်းနှီး မှုတဖြည်းဖြည်းပျက်စီးလာတယ်။
အလွန်အမင်းချဲ့ကားခြင်း
facebookကနေပြောမှသက်သေခိုင်လုံတယ်ဆိုတဲ့အတွေးအခေါ်တွေချစ်သူတွေကြားမှာဝင်လာပြီဆိုရင်သတိထားရပါတော့မယ်။ဘာဖြစ်လို့လဲဆိုတော့သူများအားကျအောင်၊မှတ်ချက်ပေးအောင်၊ရည်ရွယ်ချက်အမျိုးမျိုးနဲ့ချဲ့ကားပြော တာတွေကို facebook မှာတွေ့လာနေရတဲ့အတွက်ဖြစ်ပါတယ်။တခါတလေသူများအားကျအောင်ဓာတ်ပုံတွေ တင်ပျော်ရွှင်နေကြပေမယ့်အပြင်လက်တွေ့ဘ၀မှာစိတ်ညစ်နေရတဲ့စုံတွဲတွေရှိသလိုသူများရဲ့အားပေးမှု၊သနားကြင်နာမှုကိုရဖို့ဝမ်းနည်းပြပူဆွေးပြနေပေမယ့်အပြင်မှာတော့သာသာယာ ယာရှိနေတဲ့စုံတွဲတွေလည်းတစ်ပုံတစ်ပင်ရှိနေကြပါတယ်။
အမဲလိုက်ခံရခြင်း
facebookရဲ့ဆိုးကျိုးတွေထဲမှာအမဲလိုက်ခံရတာကလည်းတစ်ချက်အပါအ၀င်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူနဲ့ဘယ်တုန်းကရင်းနှီးဖူးတာ၊ဘယ်ကိုတော့ရောက်ဖူးတယ်၊ဘယ်တုန်းကဘယ်လိုအဖြစ်အပျက်တွေနဲ့ ပျော်ခဲ့ဖူးတယ်၊ရင်ခုန်ခဲ့ဖူးတယ်၊စိတ်တိုစိတ်ပျက်ခဲ့ဖူးတယ်၊နာကျဉ်းတယ်စသဖြင့်ကိုယ့်ရဲ့ အချက်အလက်တွေက facebookမှာသက်သေတွေလိုဖြစ်နေနိုင်ပါတယ်။အထူးသဖြင့်ချစ်သူတွေကြားမှာအဆင်ပြေတုန်း  ပျော်ရွှင် ခဲ့ကြည်နူးခဲ့တဲ့အရာတွေက နောင်တချိန်မမြင်နိုင်တဲ့ကံကြမ္မာကြောင့်အခြေအနေတွေပြောင်း လဲခဲ့ရင်မရှိ သင့်တဲ့မှတ်တမ်းတွေဖြစ်သွားနိုင်သလိုပူဆွေးလွမ်းဆွတ်စရာ၊ သောကဖြစ်စရာ အမှတ်တရတွေလည်းဖြစ် သွားနိုင်ပါတယ်။
ဒါကြောင့် facebookနဲ့ပတ်သက်ပြီး  လိုက်နာသင့်တဲ့  အသုံးဝင်မယ့်အချက်လေးတွေ ကိုဖော်ပြပေးချင်ပါတယ်။
လုံခြုံရေးအရသိခွင့်ပေးပါ
ချစ်သူတွေကြားမှာ ဒီလိုတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရှိဖို့အဓိကအရေးကြီးပါတယ်။ဒါကြောင့် facebook၊ လူမှုကွန်ရက်တွေနဲ့ပတ်သက်ရင်လည်း passwords တွေကိုတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပေးသိထားပါ။အချိန်မရွေးဝင်သုံးနိုင်အောင်စီစဉ်ထားပါ။ဒီလို passwords ပေးသိရတာကိုလည်းတစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေမဖြစ်ကြဘဲပွင့်လင်းစွာနားလည်မှုရှိပါစေ။ဒီလိုလုပ်ခြင်း အားဖြင့်ချစ် သူချင်းနား လည်မှုပိုရှိလာသလို ပြင်ပပယောဂအနှောက်အယှက်တွေလည်းကင်းသွားနိုင်ပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့တခါတလေကိုယ်တိုင်ကဆင်ခြင်ပေမယ့်မလိုအမုန်းထားသူတွေရဲ့အထင်မြင်လွဲမှားစေတဲ့ အနှောက် အယှက်မျိုးတွေကြုံရနိုင်ပါတယ်။
ပြင်ပဆက်ဆံရေးတည်ဆောက်ပါ
facebookမှာ ပျော်ရွှင်ရတာ လူတွေအားကျချီးမွှမ်းခံရတာထက်လက်တွေ့ဘ၀မှာစစ်မှန်တဲ့ပျော်ရွှင်မှု ကိုပိုင်ဆိုင်ရခြင်းကသာအဓိကအနှစ်သာရဖြစ်ပါတယ်။ဒါကြောင့် ပြင်ပဆက်ဆံရေးကိုသာအဓိကထားပါ။facebookမှာအသိအမှတ်ပြုမခံရပေမယ့်လက်တွေ့ဘ၀မှာအသိအမှတ်ပြုခံရအောင်ကြိုးစားပါ။ချစ်သူကြားရေရှည် ဆက်ဆံရေးကိုတည်ဆောက်ပါ။ပြင်ပဆက်ဆံရေးကိုပိုပြီးအလေးထားပါ။သည်းခံခွင့်လွှတ်ခြင်း၊ချီးကျူးအားပေးခြင်း၊ချစ်ခင်ကြင်နာခြင်းများကို ပြင်ပလက်တွေ့ဘ၀မှာအကောင်အထည်ဖော်တည်ဆောက်ပါ။
www.shwemom.com မှကူးယူဖော်ပြပါသည်။
ref:lovepanky.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်