09-790570465

09-975288547

MOAGs Admin Team

iBest Groups

တစ်ချိန်က အရမ်းချစ်ခဲ့ဖူးသူကို မေ့ဖို့ကြိုးစားရာမှာ အသုံးဝင်မယ့် နည်းလမ်းများ

Posted by   on Pinterest

အချစ်ဆိုတာ နက်နဲပါတယ် … သိမ်မွေ့ပါတယ် … ၀င်မလာနဲ့လို့ ပြောလို့မရသလို … ၀င်လာခဲ့ပါလို့လည်း လက်ယပ်ခေါ်လို့ရတာ မဟုတ်ပါဘူး …။ ဒီလိုပဲ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေခဲ့တဲ့ လူတစ်ယောက်ကို ဘယ်လိုမှပေါင်းစပ်ဖို့ မဖြစ်နိုင်မှန်း သိတဲ့အခါ … သိစိတ်က မေ့ဖို့ကြိုးစားလေ … မသိစိတ်က သူ့ကို အမှတ်ရ ရှိနေလေပါဘဲ။ ဒါကြောင့်  အတိတ်မှာ အရမ်းချစ်ခဲ့ဖူးသူကို မေ့ဖို့ကြိုးစားရာမှာ အသုံးဝင်မယ့် နည်းလမ်းလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အခြေအနေကို လက်ခံခြင်း
ကိုယ့်ရဲ့ လက်ရှိအခြေအနေကို ကိုယ်ကိုယ်တိုင် သဘောပေါက် လက်ခံဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ သူ့ကို … ဘယ်လိုအခြေအနေနဲ့ပဲဖြစ်ဖြစ် လက်လွှတ်ရတော့ မယ်ဆိုတာ ကိုယ့်ဘက်က သေသေချာချာ စဉ်းစားမိပါစေ။ မပိုင်ဆိုင်ရမှန်းသိတဲ့အရာတစ်ခုကို ပိုင်ဆိုင်ဖို့ မကြိုးစားရေးအတွက် ကိုယ့်စိတ်ကို ထိန်းနိုင်အောင် အရင်ကြိုးစားပါ။
(၂) သီချင်းနားထောင်ခြင်း/ရယ်စရာ ဇာတ်ကားကြည့်ခြင်း

သီချင်းနားထောင်ခြင်း၊ ရယ်စရာဇာတ်ကား ကြည့်ခြင်းတွေဟာ အတိတ်က သူ့ကို မေ့ဖို့နည်းလမ်းတွေပါ။ ဒါပေမယ့် သီချင်းနားထောင်လေ ပိုလို့သတိရလေဆိုတာမျိုး ဖြစ်နေရင်တော့ သီချင်းနားမထောင်ပါနဲ့ … တစ်ခြား စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် ရယ်စရာဇာတ်ကားတွေ၊ စာအုပ်ဖတ်တာမျိုးတွေ လုပ်ပါ။
(၃) ခရီးထွက်ခြင်း/လမ်းလျှောက်ထွက်ခြင်း

စိတ်ကို အတည်ငြိမ်ဆုံး ကုစားပေးတာကတော့ ခရီးထွက်ခြင်းလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အတွဲလုံးဝမပါတဲ့ သူ
ငယ်ချင်းတွေ သီးသန့်ခရီးစုထွက်တာမျိုးက ပိုအဆင်ပြေပါတယ်။ ခရီးထွက်ဖို့ အဆင်မပြေတဲ့ အခါမျိုးမှာ ကိုယ်လက်လှုပ်
ရှားသဘောပဲဖြစ်ဖြစ်၊ လမ်းလျှောက်ခြင်း သက်သက်ပဲ ဖြစ်ဖြစ် စမ်းလုပ်ကြည့်ပါ။
(၄) အတိတ်ကို မတူးဖော်ပါနဲ့

ကိုယ့်ကို နာကျင်မှုတွေပေးတဲ့ အတိတ်ကို ပြန်ပြန်ပြီး သတိတရရှိနေမိခြင်းကနေ ရုန်းထွက်ဖို့လိုပါတယ်။ အတိတ်တွေထဲမှာ မကျရှုံးပါနဲ့။ အတိတ်က သတ်လို့ သေတဲ့လူလောက် လက်တွေ့မကျတဲ့သူ ကမ္ဘာလောကကြီးမှာ မရှိပါဘူး။ အတိတ်
ကို ရအောင်မေ့ပါ။ လွမ်းစရာရှိရင် နာစရာနဲ့ ဖြေပါ။ နာစရာနဲ့ မဖြေတတ်ရင် အတိတ်ကို လုံးဝ သတိမရဖို့ ကြိုးစားပါ။
(၅) သတိရစေမယ့်အရာတွေကို ရှောင်ပါ
သတိရစေမယ့် နေရာတွေ မသွားပါနဲ့။ သတိရစေမယ့် အစားအစာတွေ မစားပါနဲ့။ သတိရစေမယ့် ရုပ်ရှင်တွေ မကြည့်ပါနဲ့။ ယုတ်စွအဆုံး သူပေးခဲ့တဲ့ အမှတ်တရတွေကို တန်ဖိုးမထားဘဲ ချက်ချင်း ဖျက်ဆီးပစ်တဲ့အလုပ်မျိုးကို ရဲရဲဝံ့ဝံ့လုပ်နိုင်လေ၊ မေ့တဲ့နေရာမှာ ထိရောက်လေပါဘဲ။
(၆) အ၀တ်အစား/အနေအထိုင် ပုံစံအသစ်နဲ့ စတင်ပါ

စိတ်သစ်လူသစ်ဖြစ်ဖို့ လူနေမှုဘ၀ပုံစံကို ပြောင်းဖို့ လိုပါတယ်။ လူဆိုတာ ကိုယ်ရောက်ရာ အာရုံမှာ သဘာဝအလျှောက် ပျော်ပျော်နေတတ်အောင် ဖန်တီးယူတတ်တဲ့သူတွေ ဖြစ်ပါတယ်။ အရင်က စကပ်မ၀တ်ဘူးရင် စကပ်စမ်းဝတ်ကာ လူနေ့မှုပုံစံကို စတင်ပါ၊ အရင်က ပုဆိုးမ၀တ်ဖူးရင် ပုဆိုးဝတ်ပြီး ပတ်ဝန်းကျင်အသစ်မှာ ကြင်လည်ကြည့်ပါ။
(၇) သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ

နေရာအသစ်၊ အတွေ့အကြုံအသစ်တွေ၊ သူငယ်ချင်းအသစ်တွေဟာ အဟောင်းတွေထဲက ကိုယ့်ကို ဒုက္ခပေးနေတဲ့ အဟောင်းတွေကို မေ့ပစ်ဖို့ အကောင်းဆုံးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ပစ္စုပ္ပန်တည့်တည့်မှာ အဆင်ပြေမယ့် ပတ်ဝန်းကျင်အသစ်ကို ကိုယ်တိုင် စိတ်ပါလက်ပါ ဖန်တီးကြည့်ပါ။
www.shwemom.com မှကူးယူဖော်ပြပါသည်။ 
source : lovepanky.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်