လူတစ်ယောက် ကားမောင်းပြီး ခရီးသွားတယ်။ လမ်းမှာကားပျက်လို့ ကိုယ်တိုင်
ပြင်ကြည့်တယ်။ မရဘူး။ ဆက်ပြင်တယ်။ ၁၅ မိနစ်၊ နာရီဝက်၊ တစ်နာရီ။ မရဘူး။
လက်လျှော့လိုက်ပြီး ကားဝပ်ရှော့ပ်ဆိုင်တစ်ခုကို ရှာတယ်။ ကားပြင်သမားကို
ပြင်ခိုင်းလိုက်တယ်။
ကားပြင်သမားက ကားအဖုံးဖွင့်ကြည့်ပြီး လိုအပ်တာ ပြင်လိုက်တယ်။ ၅ မိနစ်ပဲ ကြာလိုက်တယ်။ ပြန်ကောင်းသွားတယ်။
" ဘယ်လောက်ကျသလဲ ကောင်လေး "
" ၅၀၀၀ ကျပ်ကျပါတယ် "
" ၅ မိနစ်ပဲ ပြင်ရတာကို ၅၀၀၀ က မများလွန်းဘူးလားကွ "
" ဦးလေး ဘာအလုပ် လုပ်ပါသလဲ "
" ဆရာဝန် "
" ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီက ၅၀၀ ကျပ်ဖိုးလောက်ပဲတန်တဲ့ဆေးကို ၅၀၀၀ ကျပ် ယူတယ်မလား "
"
ဟ အဲဒါက ဒီဆေးသောက်ရင် ဒီရောဂါပျောက်တယ်ဆိုတဲ့ပညာကို သိအောင်လေ့လာခဲ့ရတာ
နှစ်ပေါင်းများစွာ ကြာတယ်ကွ၊ ဆေးဖိုးယူတာမဟုတ်ဘူး၊ ပညာဖိုးကို ယူတာ "
"
ဟုတ်ကဲ့။ ကျနော်ပြောချင်တဲ့စကားကို ဆရာပြောပြီးနေပါပြီ။ ပျက်နေတဲ့
ကားတစ်စီးကို ၅ မိနစ်နဲ့ ပြန်ကောင်းလာအောင် လုပ်တတ်တဲ့ပညာကို ကျနော်လည်း ၁၀
နှစ်မက လေ့လာခဲ့ရပါတယ်ဆရာ"
သင်ခန်းစာများ
ပညာရပ်တိုင်းတွင် တန်ဖိုးကိုယ်စီ ရှိကြသည်။ ကိုယ့်ပညာကို တန်ဖိုးထားသလို သူတစ်ပါး၏ပညာကိုလည်း
လေးစား တန်ဖိုးထားပေးသင့်သည်။
စောနွဲ့ နေဆိုင်(ပူတာအို) မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
ပညာကိုလေးစားပါ
Subscribe to:
Post Comments (Atom)
No comments:
Write comments