09-790570465

09-975288547

MOAGs Admin Team

iBest Groups

ကော်ဖီသောက်ပြီး တွေးလိုက်ကြရအောင်

Posted by   on Pinterest

 


ကော်ဖီသောက်ကြည့်ပြီး ကြိုက်တဲ့ ကော်ဖီအပေါ်မူတည်ပြီး ဘယ်လိုဖြစ်မလဲ။

ကြိုက်တဲ့ ကော်ဖီအပေါ်မူတည်ပြီး ဘယ်လို လူမျိုးဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

အောက်မှာ ကော်ဖီ ၈ မျိုးရှိပြီး အဲဒီအထဲက ကိုယ်ကြိုက်တဲ့ ကော်ဖီကို ရွေးကြည့်ပါ။

၀၁. ESPRESSO (ခေါင်းဆောင်ဖြစ်ချင်သူ)

အလုပ်မှာကော ပျော်ရာမှာပါ အားကုန်သုံးလေ့ရှိပြီး အောင်မြင်ဖို့ရန် ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်ထားသူပါ။ သူရဲ့ကြိုးစားပုံက ပတ်ဝန်းကျင်ကသူတွေအတွက် ကောင်းကျိုးတွေကို သယ်ပိုးနိုင်မှာပါ။

၀၂. DOUBLE ESPRESSO (အတွေးခေါင်သူ)

သူများတွေနဲ့မတူ အားလုံးကို စေ့စေ့စပ်စပ်တွေးနေတတ်သူ ဖြစ်သော်လည်း အလုပ်မှာတော့ ကျွမ်းကျင်သောသူ ဖြစ်ပါလိမ့်မယ်။

၀၃. LATTE (အေးအေးဆေးဆေးနေသူ)

လောကကြီးမှာ အချိန်တွေက ဖြေးဖြေးပဲကုန်နေတယ်လို့ ယူဆထားတယ်။ ဘာကိုမဆို အေးအေးဆေးဆေး စဉ်းစားတွေးတောချင်သူပါ။ ငြိမ်သက်နေတဲ့အချိန်ကို သဘောကျပြီး စိတ်ငြိမ်ချိန်မှာ ကော်ဖီသောက်ရတာကို သိပ်သဘောကျသူပါ။

၀၄. CAPPUCCINO (အထက်တန်းဆန်သူ)

ဘာမဆို သန့်သန့်ရှင်းရှင်းနဲ့ သူ့ကိုကြည့်လိုက်ရင်ကျော့နေတာပါပဲ။ ပြုံးပြုံးရွှင်ရွှင်နေတာထက် အေးအေးဆေးဆေးနေတတ်သူပါ။ အနုပညာကဲ့သို့ ဖန်တီးရာတွင်လည်း အလွန်ပင် တော်တတ်ပါတယ်။

၀၅. FRAPPUCCINO (စွန့်စားသူ)

လူတွေမလုပ်သေးတဲ့အရာကို လုပ်မယ်ဆိုတဲ့သူပါ။ စနစ်တကျလေ့လာပြီး လုပ်တာထက်ကို စိတ်ထဲမှာ ပေါ်လာတဲ့အရာကို လုပ်မယ်ဆိုတဲ့သူပါ။ စိတ်အနေအထားကတော့ ပျော်ပျော်နေတတ်သူပါ။ အချိုတွေကို လျှော့စားစေချင်ပါတယ်။

၀၆. ICED COFFEE (တကိုယ်ကောင်းဆန်သူ)

ကိုယ်ပြောချင်တာတွေကို ချက်ချင်းပြောရမှာ ကျေနပ်သူပါ။ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကြိုးစားနေသူပါ။

၀၇. REGULAR COFFEE BLACK (ရိုးအေးသူ)

ရိုးရိုးရှင်းရှင်းလေးနေရတာကို ကြိုက်တဲ့သူပါ။ စိတ်ထားကလည်း ရိုးရှင်းသူဖြစ်တာကြောင့် သူငယ်ချင်း အပေါင်းအသင်းများသူပါ။

၀၈. REGULAR COFFEE (CREAM AND SUGAR)

စည်းကမ်းတကျနေထိုင်ရတာကို ကြိုက်နှစ်သက်သူပါ။ နေ့တိုင်း စေ့စေ့စပ်စပ်တွေးတောပြီး နေရတာကိုက သူ့အတွက်ဆေးတခွက်ပါ။

ChelmoTeam မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်