2000 ပြည့်နှစ်နောက်ပိုင်းလောက်ကတည်းက ခေတ်စားလာတဲ့ ကိုယ်လုံးတီးအိပ်စက်ခြင်းဟာ ကျန်မာရေးရှု့ထောင့်အမျိုးမျိုးနဲ့ တစ်ကိုယ်ရေ ပေါ့ပါးလွတ်လပ်ခြင်းတွေမှာ အားသာချက်တွေ အများကြီးရှိလို့ ဆရာဝန်တွေက ထောက်ခံမှုအပြည့်ပေးထားတဲ့ အိပ်စက်ခြင်း ဖြစ်ပါတယ်။ ကိုယ်လုံးတီးအိပ်စက်တဲ့အခါ ရလာမယ့်အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။
(၁) တစ်ကိုယ်ရေ ကျန်းမာရေးကို ကောင်းမွန်စေတယ်
အ၀တ်အစားနဲ့ အိပ်စက်ခြင်းမှာ ကျန်းမာရေးဆိုကျိုးတွေ ရှိပါတယ်။ အထူုးသဖြင့် အ၀တ်အစားတွေမှာ ပေါက်ဖွားရှင်သန်နေတဲ့ ဘက်တီးရီးယားတွေနဲ့ အသားအရည် တိုက်ရိုက်ထိတွေ့မှုရှိသလို၊ အသက်ရှုလမ်းကြောင်းထဲမှာ လည်း အဲဒီဘက်တီးရီးယားတွေ၊ အခြား ရောဂါရှိ ပိုးမွှားတွေ အလွယ်တကူ ၀င်ရောက်စေနိုင်ပါတယ်။ အ၀တ်မဲ့အိပ်စက်တဲ့အခါမှာ အနည်းဆုံးတော့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့မှု ပိုနည်းသွားပါတယ်။
(၂) အရွယ်တင် နုပျိုစေတယ်
အ၀တ်အစားဟာ ခန္ဓာကိုယ်ကို ပူနွေးသလို၊ ပြင်ပကနေ ၀င်ရောက်လာတဲ့ အပူဓာတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် အသားရေကို အိုမင်းရင့်ရော်မှုမှာ မြန်ဆန်စေသလို hormones – melatonin နဲ့ growth hormone (ကြီးထွားဟိုမုန်း)တွေ ဖြစ်ပေါ်မှုကိုလည်း အထူးအားပေးပါတယ်။ အ၀တ်မဲ့ အိပ်စက်တဲ့အခါမှာတော့ သင့်တော်တဲ့ ခန္ဓာကိုယ် အပူချိန်မှာ အသားရေက ပိုပြီး ကျန်းမာနုပျိုလာစေပါတယ်။
(၃) ကိုယ်အလေးချိန်ကို လျှော့ချပေးတယ်
အ၀တ်မဲ့အိပ်စက်ခြင်းနဲ့ ကိုယ်အလေးချိန် ကျဆင်းစေခြင်းဟာ ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်သဘာဝအတိုင်း အိပ်စက်တဲ့အခါ ခန္ဓာဗေဒဆိုင်ရာ ဓာတ်ပြုမှုတွေ လျှင်မြန်ထိရောက်ပြီး၊ အစာခြေစနစ် ကောင်းမွန်စေခြင်း၊ သွေး လည်ပတ်မှုမှန်ကန်ခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာစနစ် ကောင်းမွန်ခြင်းကို ဖြစ်စေပါတယ်။
(၄) လွတ်လပ်မှုကြောင့် လျှင်မြန်စွာ အိပ်မောကျစေတယ်
အ၀တ်မဲ့အိပ်စက်ခြင်းနဲ့ ပုံမှန်အတိုင်းအိပ်စက်ခြင်းမှာ ကွာခြားချက်ကတော့ လွတ်လပ်မှု ဖြစ်ပါတယ်။ အ၀တ်မဲ့အိပ်စက်ခြင်းမှာတော့ အ၀တ်အစားကနေ ပေးတဲ့ ပူခြင်း၊ အိုက်ခြင်း စတဲ့ ဖိအားတွေ ကင်းစင်ပါတယ်။ ဒါဟာ အချိန်တိုတိုအတွင်း အိပ်မောကျခြင်းကို အထူး ထိရောက်စေပါတယ်။
(၅) အိမ်ထောင်ဘက်နဲ့ ပိုပြီးရင်းနီးစေတယ်

အ၀တ်အစားကာရံထားတဲ့ အထိအတွေ့နဲ့ အ၀တ်မဲ့အသားတို့ရဲ့ အထိအတွေ့ခြင်း လုံးဝမတူဘူးဆိုတာကို အိမ်ထောင်သည်တွေ တော်တော်များများ လက်ခံကြပါလိမ့်မယ်။ ဒီအချက်ကို အခြေခံခြင်းအားဖြင့် အ၀တ်မဲ့ အိပ် စက်ကြတဲ့ အကြင် လင်မယားတွေဟာ သာမာန်စုံတွဲတွေထက် သံယောဇဉ် ပိုပြီးခိုင်မာကြတယ်လို့ ဆိုပါတယ်။
shwemon.com မှကူးယူဖော်ပြပါသည်။
www.myanmarbookworld.com
source : thesun.co.uk
No comments:
Write comments