ဘ၀မှာတစ်ကြိမ်တစ်ခါမှ နောင်တမရဖူးတဲ့သူရယ်လို့မရှိသလောက်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့တခါတလေအမှတ်တမဲ့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အရာတွေကဘ၀ရဲ့ အနှစ်သာရတွေဖြစ်နေလို့ပါပဲ။များသောအားဖြင့်တော့လူတွေအသက်ကြီး လာတဲ့အခါ ငါကြိုးစားလို့ရရဲ့သားနဲ့မကြိုးစားခဲ့လေခြင်း၊ အဲဒီအချိန်တွေကိုငါတန်ဖိုးထားခဲ့ရမှာစသဖြင့်အမှတ်တရ အချိန်တွေရလဒ်တွေနဲ့ပတ်သက်ပြီး နောင်တရတတ်ကြပါတယ်။
အမှန်တရားအတွက် သတ္တိမရှိခဲ့ဘူး
လူအများစုက မိသားစုတာဝန်တွေ၊ ပိုကောင်းတဲ့ လူမှုပတ်ဝန်းကျင်တွေအတွက်မပြောသင့်တဲ့စကား၊ပြောသင့်တဲ့စကား ရယ်လို့ ချင့်ချိန်တွန့်ဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ်အမှန်တရားအတွက် ရပ်တည်ဖို့ကြိုးစားအားမထုတ်ခဲ့ကြတာကိုအသက်ကြီး လာတဲ့အခါကျမှ နောင်တရတတ်ကြပါတယ်။တကယ်ဆို ငါဒီလိုပဲနေခဲ့သင့်တာ။အဲဒီအချိန်ကတည်းက ငါထုတ်ပြောလိုက် သင့်တာ စသဖြင့် နောင်တရနေခြင်းဖြစ်ပါတယ်။
မိသားစုနဲ့အတူရှိမနေခဲ့ဘူး
အရာအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရချိန်၊ကိုယ့်အနားကနေ ထွက်ခွာသွားကြတဲ့အချိန် ကိုယ့်ဘေးနားမှာကျန်ခဲ့မှာက မိသားစုပါပဲ။ဒါပေမယ့် ကိုယ်တိုင်က မိသားစုကိုမခင်တွယ်ခဲ့ဘူး၊ မိသားစုနဲ့အတူရှိချိန်တွေကိုတန်ဖိုးမထားခဲ့ဘူးဆို ရင် နောင်တစ်ချိန်ကိုယ့်အနားကနေ သူတို့ ထာဝရပျောက်ကွယ်သွားချိန် ကိုယ့်မှာ နောင်တကလွဲရင် ဘာမှကျန်ခဲ့မှာ မဟုတ်ပါဘူး။
ဝမ်းစာမဖြည့်နိုင်ခဲ့ဘူး
အသက်တဖြည်းဖြည်းကြီးလာလေကိုယ့်ရဲ့နေရာကို နှောင်းလူတွေအစားထိုးလာလေ။အစားထိုးမှုကလည်းမြန်မြန်ဆန်ဆန်ပဲဖြစ်နေတဲ့ခေတ်ကြီးမှာ အလုပ်အကိုင်အခွင့်အလမ်းပဲဖြစ်ဖြစ်၊ကိုယ်ဝါသနာပါရာယုံကြည်ရာကိုပဲဖြစ်ဖြစ်တစိုက်မက်မက် နဲ့ ၀မ်းစာဖြည့်နေဖို့လိုပါတယ်။အဲဒီလိုမှမဟုတ်ရင် ကိုယ်ဟာ လူ့အဖွဲ့အစည်းရဲ့ အပြင်ဘက်ကိုတဖြည်းဖြည်းရောက် သွားမှာပါ။အဲဒီအချိန်မှာတစ်ခုတည်းသောခံစားချက်က ငါမလုပ်ခဲ့လေခြင်း၊ အဆင်မပြေ မှုတွေကိုသည်းခံပြီးမကြိုးစား ခဲ့လေခြင်းဆိုပြီး နောင်တရတဲ့ခံစားချက်တစ်ခုတည်းပဲရှိပါတော့တယ်။
ခံစားချက်တွေကို ထုတ်မပြောခဲ့ဘူး
သင်သတိထားမိပါရဲ့လား မနေ့ကနဲ့ ဒီနေ့တောင် အခြေအနေတွေပြောင်းလဲနေတာ နောက်ပိုင်းဆိုတဲ့အချိန်တွေက မသေချာမရေရာဘူးဆိုတာပြောဖို့လိုမယ်မထင်ပါဘူး။အထူးသဖြင့် လောကကြီးထဲကနေထာဝရပျောက်ကွယ်ခြင်း(သေဆုံးခြင်း)ကို လူတိုင်းကြုံရမှာပါ။တစ်စုံတစ်ယောက်ကိုသင်ချစ်နေသလား သင်ချစ်ကြောင်း သူ သိအောင်ြေ ပာရမှာ သင့်တာ ၀န်ပါ။အထင်လွဲနေတာတွေ ရှိရင်လည်းရှင်းပြဖို့ ၀န်လေးမနေပါနဲ့တော့။ဘာအတွက်စောင့်နေဦးမှာလဲ။အရာ အားလုံးကို စတင်ဖို့၊အကောင်အထည်ဖော်ဖို့အခုလက်ရှိအချိန်လောက်သေချာတာ မရှိပါဘူး။ဒါပေမယ့် စောင့်ဆိုင်းနေခဲ့တဲ့သူတချို့ကတော့ နောင်တတွေနဲ့ပဲဖြေသိမ့်နေရပါတယ်။
သွားချင်တဲ့နေရာတွေမသွားဖြစ်ခဲ့ဘူး
ဟုတ်တာပေါ့။ခရီးသွားတယ်ဆိုတာ စိတ်သွားတိုင်းကိုယ်ပါရတဲ့အလုပ်လေ။ဒီတိုင်းပဲရပ်မနေတဲ့ သင့်ရဲ့ ခန္ဓာ အပြောင်း အလဲကို ထည့်မစဉ်းစားတော့ဘူးလား။ငယ်ရွယ်တုန်း၊ဆန္ဒတွေရှိနေတုန်း သွားချင်တဲ့ခရီး၊ သွားချင်တဲ့နေရာတွေကို သွားလိုက်ပါ။နောင်တချိန်ဇရာကို နောင်တတွေနဲ့ အဖော်ပြုနေရပါလိမ့်မယ်။ဒါပေမယ့် အလုပ်မအားလို့၊အချိန်မရှိ လို့၊ ငွေကြေးမတတ်နိုင်လို့ဆိုတဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်မဆိုင်နိုင်ခဲ့သူတွေကတော့ဒီအချိန်မှာ နောင်တတွေ တပွေ့တပိုက်နဲ့ပေါ့။
တကယ်တော့ လူ့ဘ၀ဆိုတာ စာစီစာကုံးတစ်ပုဒ်ရေးနေရသလိုပါပဲ။သေခြင်းတရားဆိုတဲ့ နိဂုံးကိုမဖြစ်မနေ ချုပ်ရမှာပဲ။ အဲဒီလိုနိဂုံးမချုပ်ခင်ကိုယ့်ရဲ့ဘ၀ခရီးလမ်း(စာကိုယ်)မှာကိုယ်ပြောချင်တဲ့အကြောင်းအရာ၊ကိုယ်ဖြစ်ချင်တဲ့စိတ်ကူးအိပ်မက်လေးတွေကိုစုံစုံလင်လင်လေးဖြစ်ဖို့ ကိုယ်အတတ်နိုင်ဆုံးအကောင်အထည်ဖော် သီကုံးလိုက်ဖို့ပါပဲ။
www.shwemom.com မှကူးယူဖော်ပြပါသည်။
ref:lifehack.org

No comments:
Write comments