အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့သူတွေအဖို့ အရက်ကို တုံးတုံးတိတိဖြတ်ဖို့ရာ ခက်ခဲပါတယ်။ အရမ်းကို လွန်လွန်ကျွံကျွံသောက်ထားတဲ့သူတွေအတွက်တော့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးအတူ အရက်ဖြတ်ကြရပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုယ် ပိုင်တယ်လို့ယူဆပြီး ကိုယ့်ဘာသာ ဖြတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါဟာ အန္တရာယ်များတယ်လို့ ထင်ရပေမယ့် စိတ်ခိုင်ပြီးသားမို့ ပိုပြီးထိရောက်တယ်လို့ သိရပါတယ်။ အရက်ဖြတ်တဲ့အခါမှာ နာရီပိုင်းမှ တစ်နှစ် အတွင်း ရလာမယ့် ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရက်ဖြတ်ပြီး (1)နာရီ အကြာ
အရက်ဖြတ်ပြီး တစ်နာရီအကြာမှာ ခန္ဓာကိုယ်ရဲ့ အလိုလျှောက်တုန့်ပြန်စွမ်းအားတွေ စတင်အလုပ်လုပ်ပါတယ်။ သွေးကြောနဲ့ သွေးလည်ပတ်မှုစနစ်တွေထဲက အယ်လ်ကိုဟောဓာတ်တွေကို စစ်ထုတ်ပါတယ်။ အဲဒီနောက် ခန္ဓကိုယ်ကို ဇီဝကမ္မစနစ်က ထိန်းချုပ်မှုနိုင်နင်းသွားတဲ့အခါ အရက်ထဲကပါတဲ့ အဆိပ်အတောက်တွေကို စွန့်ပစ်စစ်ထုတ်ပါတယ်။ အရက်သောက်ပြီးနောက် တစ်နာရီအကြာမှာ အသည်းရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တွေ ပြန်လည်မှန်ကန်ပါ တယ်။ ပန်ခရိကနေ အင်စူလင်ပမာဏများများ ပိုပြီးထုတ်လုပ်ပေးပါတယ်။
(၂) အရက်ဖြတ်ပြီး (12-24)နာရီ အကြာ
အရက်ဖြတ်ပြီး (12)နာရီနောက်ပိုင်းမှာ အလွန်သောက်သက်ရင့်တဲ့ ဇိုးသမားဟာ ခြေတွေလက်တွေတုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အစားအစာမ၀င်ခြင်း၊ လေအန်ခြင်း စတာတွေကို စတင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ သွေးထဲကနေ ပုံမှန်အချိန်လောက် ရောက်နေတဲ့ အယ်လ်ကိုဟောဓာတ် အချိန်တန်လို့ မရတဲ့အခါ ကမောက်ကမဖြစ်တဲ့ သဘောပါဘဲ။ နောက်ပြီး ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ ရေကို ၀အောင်သောက်လိုက်ပါ။ စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ထားပါ။ မိနစ်(20) အတွင်းမှာ ပြန်လည်ငြိမ်သက်သွားပြီး … နောက်ထပ် နာ ရီပေါင်းများစွာ ကြာလေ နေသာထိုင်သာ ရှိလေပါဘဲ။
(၃) အရက်ဖြတ်ပြီး (48)နာရီ အကြာ
အရက်ဖြတ်လို့ နှစ်ရက်ကြာပြီးနောက်မှာတော့ ခန္ဓာကိုယ်ဟာ အယ်လ်ကိုဟောရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပြီးပါပြီ။ ဒါပေမယ့် လူက အားနည်းသလို၊ ဖျော့တော့သလိုလို၊ ပျို့ချင်အန်ချင်သလိုလို၊ ခေါင်းမခံနိုင်အောင် ကိုက်ခြင်းကတော့ ဆက်ရှိနေမှာဦးမှာပါ။ စိတ်မပူပါနဲ့ … လာဗင်ဒါအဆီကို ဇာတ်ကြောတွေ၊ အကြောအချဉ်တွေကို ထိအောင်လိမ်းပေးလိုက်ပါ၊ ဒါမှမဟုတ် … ဒဏ်ကြေလိမ်းဆေးအဆီ ကောင်းကောင်းကို လိမ်းပါ။ သက်သာပါလိမ့်မယ်။
(၄) အရက်ဖြတ်ပြီး (72)နာရီ အကြာ
ဒီအချိန်မှာတော့ အရက်ဖြတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူက ခံနိုင်ရည်ရှိသွားသလို၊ သွေးလည်ပတ်မှုနဲ့ အသည်းရဲ့ အလုပ်လုပ်မှုတွေဟာ ပုံမှန်အနေအထားဘက်ကို ပြန်ရောက်နေပါပြီ။ စားလို့ကောင်းလာမယ်၊ အိပ် လို့ေ ပျာ်လာမယ်၊ ကယောင်ခြောက်ခြား မဖြစ်တော့ဘူး။ ကျန်းမာလာပါပြီ။
(၅) အရက်ဖြတ်ပြီး (1)ပတ် အကြာ
တစ်ပတ်အကြာမှာတော့ လူက ရွှင်လန်းတက်ကြွလာပါပြီ၊ အရက်ကြောင့် ညစ်ထေးထေးဖြစ်နေတဲ့ အသားအရေဟာ အစားမှန်အအိပ်မှန် အာဟာရဓာတ်တွေကြောင့် ပြန်လည်စိုပြည်လာချိန် ဖြစ်ပါတယ်။ ရေဓာတ်ကို ကောင်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ပြီမို့ ကတုန်ကယင်ဖြစ်တာတွေ မရှိသလောက်ကို ဖြစ်သွားပါပြီ။ ပြန်အစမပြုဘို့ ဆက်ပြီး စိတ်ခိုင်ဖို့ လိုပါတယ်။
(၆) အရက်ဖြတ်ပြီး (1)လ-(1)နှစ် အကြာ
အရက်ဖြတ်ပြီး တစ်လအကြာမှာ အသည်းကိုဖုန်းနေတဲ့ အဆီတွေရဲ့ 15%ကို ခန္ဓာကိုယ်ရောဂါကာကွယ်စွမ်းအားစနစ်ကဖယ်ရှာပြီးပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ အသည်းကျန်းမာရေးကို ခန္ဓာကိုယ်ရဲ့စနစ်တွေက ဦးတည်ပြင် ဆင်ပေးနေတာမို့ နှစ်ရှည်လများ ကိန်းအောင်းခဲ့တဲ့ အရက်ရဲ့အဆိပ်အတောက်တွေကို အသည်းကနေ အမြန်ဆုံးနည်းနဲ့ ဖယ်ရှားချိန်ဖြစ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ အယ်လ်ကိုဟောဓာတ်တွေကြောင့် ခြောက်နေတဲ့ အသည်းကို အမြန်ပြန်လည် ကျန်းမာအောင် သုံးလမှ ငါးလအထိ အချိန်ယူရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး နဂိုအနေအထား ပြန်ဖြစ်သွားပြီး သက်တမ်းစေ့နေနိုင်မယ့် အာမခံချက်ကို ရပါပြီ။
www.shwemom.com မှကူးယူဖော်ပြပါသည်။
source : byrdie.com

No comments:
Write comments