ပျော်ရွှင်တဲ့ဘ၀ဖြစ်ဖို့အရေးကြီးလိုအပ်ချက်တွေထဲမှာကျန်းမာရေးကောင်းဖို့ကလည်းတစ်ချက်အပါအ၀င်ဖြစ်ပါတယ်။တခါတလေကျန်းမာရေးပြဿနာတွေခံစားရတဲ့အခါအကြောင်းအရင်းတိတိကျကျမသိရဘဲခံစားရတဲ့အခါမျိုး လည်းကြုံဖူးကြမှာပါ။အဲ့ဒီထဲမှာဘာဖြစ်မှန်းမသိဘူးလူကမောမောနေတယ်ဆိုတာမျိုးမိသားစုဝင်တွေထဲကပဲဖြစ်ဖြစ်၊ကိုယ်တိုင်ပဲဖြစ်ဖြစ် ပြောဖူး၊ခံစားဖူးမှာပါ။တကယ်တော့ အဲ့ဒီလက္ခဏာဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ် ရပ်ဖြစ်ပြီးတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေရှိသလို ပြေလည်အောင်ဖြေရှင်းလို့လည်းရ တဲ့အတွက်ဗဟုသုတမှတ်စုတိုအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
လေ့ကျင့်ခန်းလုံလောက်စွာ မပြုလုပ်ခြင်း
တကယ်တော့ လေ့ကျင့်ခန်းလုံလောက်စွာမလုပ်တဲ့အတွက်အမောမခံနိုင်ခြင်းဖြစ်ပါတယ်။သက်လုံမကောင်းဘူးလို့ဆိုရမှာပါ။University of Georgia ရဲ့လေ့လာတွေ့ရှိချက်တွေမှာ အလှုပ်အရှားနည်းတဲ့သူတွေ၊ လေ့ကျင့်ခန်းကို တစ်ပတ် မှာအနည်းဆုံး၃ရက်လောက်မလုပ်ဖြစ်တဲ့သူတွေဟာ လေ့ကျင့်ခန်းကို၆ပတ်လောက်လုပ်ပြီးရင်တော့အမောခံနိုင်သွားမယ်လို့ဆိုပါတယ်။အကြောင်းအရင်းကတော့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တဲ့အတွက်အဆုတ်နဲ့နှလုံးကို အောက်စီဂျင်တွေလုံလောက်အောင်ပို့ပေးနိုင်ပြီးသူတို့ရဲ့လုပ်ဆောင်ချက်တွေဟာပိုမိုကောင်းမွန်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အားကစားခန်းမကိုသွားဖို့အချိန်မပေးနိုင်သူတွေအနေနဲ့လည်းဆိုဖာလို နူးညံ့တဲ့အခင်းပေါ်မှာခပ်သွက်သွက်လေးလမ်းလျှောက်တာမျိုးပြုလုပ်နိုင်တယ်လို့သိရပါတယ်။
သံဓာတ်ချို့တဲ့ခြင်း
အထူးသဖြင့်အမျိုးသမီးတွေအနေနဲ့လစဉ်ဓမ္မလာချိန်မှာသံဓာတ်အားနည်းခြင်းကိုခံစားရလေ့ရှိပါတယ်။သံဓာတ်လုံလောက်စွာမရရှိတဲ့အတွက်သွေးအားနည်းခြင်း ဝေဒနာကို ခံစားရလေ့ရှိပါတယ်။အဲ့ဒီအခါမျက်စံကမျက်ခွံအောက်ကိုစင်းကျနေမယ်၊ အတွင်းမျက်လွှာတွေကလည်း ဖြူရော်ရော်ဖြစ်လာမယ်။ဒါကြောင့် သံဓာတ်အားဖြည့်အစားအစာတွေဖြစ်တဲ့ အသားများ၊ အစိမ်းရင့်ရောင် အသီးအရွက်များ၊ရှောက်သီး၊လိမ္မော်သီးတို့လို ဗီတာမင် စီကြွယ်ဝတဲ့အစားအစာတွေ စားသုံးပေးနိုင်ပါ တယ်။
အိပ်ရေးမ၀ခြင်း
ညဘက်မှာ ခဏခဏနိုးနေတာ၊ နှစ်နှစ်ခြိုခြိုက်အိပ်ဖို့ အခက်အခဲဖြစ်နေတဲ့အခြေအနေ(Junk sleep )ကြောင့် စိတ်ဖိစီး မှုကိုဖြစ်စေပါတယ်။ဒါ့အပြင် အိပ်ယာဝင်ခါနီး smartphoneအသုံးပြုခြင်း၊ အင်တာနက်၊ အီးလ်မေးအသုံးပြုခြင်းတွေက ဦးနှောက်ကိုဖိအားပေးတဲ့အခြေအနေဖြစ်စေပါတယ်။ဒါကြောင့်ညအိပ်ယာဝင်ခါနီးမှာအီလက်ထရောနစ်ပစ္စည်းအသုံးပြုခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ။ရေနွေးနွေးနဲ့ရေချိုးပြီး နွားနို့တစ်ခွက်သောက်ပါ။နားလည်ရလွယ်ကူပြီးဗဟုသုတရစေမယ့် စာတွေကို ဖတ်ရှုနိုင်ပါတယ်။
ရေဓာတ်ဆုံးရှုံးခြင်း
လူရဲ့ခန္ဓ္ဓာကိုယ်မှာ နေ့စဉ် ရေဓာတ်၂ရာခိုင်နှုန်းခန့်ဆုံးရှုံးနေတယ်လို့သိရပါတယ်။ရေဓာတ်ဆုံးရှုံးခြင်းကြောင့်energyတွေလျော့ကျပြီး ရေငတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ဖြစ်စေပါတယ်။လေအေးပေးစက်တပ်ဆင်ထားတဲ့အခန်းမှာ အလုပ် လုပ်တဲ့သူတွေအနေနဲ့အချိန်ကြာကြာလမ်းလျှောက်ဖို့နဲ့ ရေကိုပုံမှန်သောက်ဖို့ မေ့နေတတ်ကြပါတယ်။ဒီလိုအခြေအနေတွေကြောင့်ခန္ဓ္ဓာကိုယ်မှာရေဓာတ်ဆုံးရှုံးမှုဖြစ်ပေါ်ပြီး သွေးဖိအားနည်းခြင်း၊ဦးနှောက်နဲ့ကြွက်သားတွေအတွက်လုံလောက်တဲ့ သွေးမရရှိခြင်းတို့ဖြစ်စေပါတယ်။အဲဒီအခါ ခေါင်းကိုက်ခြင်း၊မောပန်းခြင်း၊အာရုံစူးစိုက်မှုလျော့ကျခြင်းတို့ဖြစ်စေပါတယ်။ဒါကြောင့် ရေကိုနှစ်နာရီခြားတစ်ခါသောက်ပေးပါ။ဆီးသွားဖို့ခက်ခဲနေတာမျိုး၊ပုံမှန်မသွားတာမျိုးတွေဟာရေသောက်တာနည်းလို့ဖြစ်ပါတယ်။ရေဟာ သဘာဝဆေးဖက်ဝင်တစ်မျိုးဖြစ်ပါတယ်။ရေသီးသန့်မချင်ဘူးဆိုရင်လိမ္မော်သီး၊သခွားသီး၊သံပုရာသီး စတဲ့ အရည်ရွှမ်းအသီးတွေကို ဖျော်ရည်လုပ်သောက်နိုင်ပါတယ်။
သိုင်းရွိုက်ပြဿနာ
နောက်ထပ် ဖြစ်နိုင်ချေရှိတာကတော့သိုင်းရွိုက်မှာ ပြဿနာဖြစ်နေတာပါ။ဆိုလိုတာကသိုင်းရွိုက် ဟော်မုန်းတွေလုံလောက်စွာမရရှိတဲ့အတွက်သိုင်းရွိုက်တွေတွဲကျနေတာမျိုးပါ။အဲဒီအခါအသက်ရှူရတာခက်ခဲပြီး မောပန်းနွမ်းနယ်မှုကိုခံစားရခြင်းဖြစ်ပါတယ်။ရောဂါလက္ခဏာတွေကတော့ချမ်းစိမ့်စိမ့်ဖြစ်ခြင်းနဲ့အလွန်အမင်းရေဆာခြင်း၊ကိုယ်အလေးချိန်တက်လာခြင်းတို့ဖြစ်ပါတယ်။ဒီလိုခံစားရပြီဆိုရင်တော့ သွေးစစ်ကြည့်ဖို့လိုသလိုသိုင်းရွိုက်ရောဂါတစ်ခုခုဖြစ်ခြင်းရှိမရှိစစ်ဆေးပြီးစနစ်တကျကုသသင့်ပါတယ်။
www.shwemom.com မှကူးယူဖော်ပြပါသည်။
ref:mirror.co.uk

No comments:
Write comments