မြန်မာဘာသာ စကားသည် ဝေါဟာရ ကြွယ်ဝသော ဘာသာစကား ဖြစ်သကဲ့ သို့ အနက် အဓိပ္ပာယ် လည်း မြောက်မြား စွာရှိသော ဘာသာ စကား ဖြစ်သည်။ မြန်မာဘာသာ စကားရှိ အနက်တူ ရုပ် သွင်ကွဲ (ှပညသညပာ) တစ်မျိုးတည်း ကိုပင် (၁) အဘိဓာန်တွင်တွေ့ရ သာ အနက်တူ ရုပ်သွင်ကွဲ စကားလုံးများ (၂)အနက် တူရုပ်သွင်ကွဲ မွေးစား စကားလုံးများ၊ (၃) ဂယက်အနက် ကွဲပြားသည့် စကား လုံး များ၊ (၄) အနက်တူ ရုပ်သွင်ကွဲ ဝေါဟာရ စစ် စစ်များ၊ (၅) ရှေးမြန် မာစာပေများ တွင် တွေ့ရသော အနက်တူ ရုပ်သွင်ကွဲ စကားလုံးများ၊ (၆) စကားစပ်ပေါ်မူ တည်သော အနက်တူ ရုပ်သွင်ကွဲ စကားလုံးများနှင့် ယခု (၇) တွဲစပ် သုံးနိုင်သော အနက်တူ ရုပ်သွင်ကွဲ စကားလုံး များဟူ၍ ခွဲခြမ်း စိတ်ဖြာ သုံးသပ်ပြနိုင်ခဲ့သည်။
ယခုဖော်ပြ လိုသည်မှာ တွဲစပ် သုံးနိုင်သော အနက်တူ ရုပ်သွင်ကွဲ စကားလုံးများ အကြောင်း ဖြစ်သည်။ စကားပြောရာ တွင် ဖြစ်စေ၊ စာရေး သားရာ တွင်ဖြစ်စေ အနက်တူစကား လုံးများကို တွဲစပ် သုံးလေ့ရှိကြပါ သည်။ အနက်တူ ရုပ်သွင်ကွဲများကို တွဲစပ် သုံး စွဲနိုင်ခြင်း သည် စာပေ အရေး အသား ဆိုင်ရာ၊ စကားအပြော အဟော ဆိုင်ရာတို့တွင် စကားအသုံး အနှုန်းကို ဝေဝေဆာဆာ သုံးစွဲနိုင် မှုအဖြစ် အားထား ရပေသည်။ ထို သဘောကို ဘာသာဗေဒ ပညာရှင် ဝေးလ် (Katie Wales)က သူ၏ ပြောဟန်ရေးဟန် ဆိုင်ရာ အဘိဓာန် (A Dictionary of Stylistics) တွင်-
“အနက်တူရုပ်သွင်ကွဲ
စကားလုံးများကြောင့်
စာပေအရေးအသားဆိုင်ရာ
ဝေါဟာရအသုံးတို့တွင်
စကားလုံးများကို ထပ်တလဲလဲ
ပြန်ထည့်သုံးနေရခြင်း
(Repetition) ကို
ရှောင်ရှားနိုင်ပြီး ပေါင်းစည်း
ဆက်စပ်မှု (Cohesion) ကို
ဆောင်ကြဉ်းနိုင်သောကြောင့်
နည်းလမ်းကောင်း တစ်ခုအဖြစ်
အားပေး လက်ခံထားကြပါသည်။
ထို့ကြောင့်ပင် ရော်ဂျေး
(P.M Roget) ၏ ဝေါဟာရ
ပဒေသာကျမ်း (Thesaurus)
ကဲ့သို့ ကျမ်းများတွင် ပါဝင်သော
မူရင်းအနက် တစ်ခုစီတို့အတွက်
သုံးစွဲသည့် အသုံးအနှုန်း စကား
လုံး စာရင်းစု များကို အားထား
ကိုးကားနေရခြင်းဖြစ်သည်”
ဟု သုံးသပ်ဖော်ပြထားသည်။
အနက်တူ ရုပ်သွင်ကွဲများကို တွဲ သုံးရာတွင် ခပ်ခွာခွာခြားပြီး အလဲ အလှယ် သုံးပုံမျိုးနှင့် နီးနီးကပ်ကပ် တွဲစပ်သုံးခြင်းဖြင့် အနက် အဓိပ္ပာယ် ပိုမိုလေးနက် ထင်ရှားလာနိုင်ကြောင်း ကိုလည်း တွေ့မြင်ရပါသည်။ သာဓက အားဖြင့် – “အနန္တော အနန္တဂိုဏ်းဝင် ဆရာကြီး၊ ဆရာမကြီးတို့၏ ဂုဏ် အထူးထူး တို့ကို ရိုသေ လေးစား မြတ် နိုးတန်ဖိုးထားသော အားဖြင့်လည်း ကောင်း၊ မြန်မာ့ရိုးရာဓလေ့ အစဉ် အလာ ကို ဆက်ခံ ထိန်းသိမ်း စောင့် ရှောက် သောအားဖြင့် လည်းကောင်း၊ ကျွန်တော် ကျွန်မတို့က ရှိခိုး ပူဇော် ဖူးမြော် ကန်တော့ အပ်ပါ သည်”ဟူ သော စကားရပ်ကိုကြည့်လျှင် အနက်အဓိ ပ္ပာယ် ခံ့ညားလေးနက်မှုကို အထင် အရှားတွေ့ရပေမည်။
အထက်ပါ စကားရပ် တွင် အနက်တူ ရုပ်သွင်ကွဲ စကားလုံးများ အဖြစ် “ရိုသေ နှင့် လေးစား” “ရိုးရာ ဓလေ့” နှင့် “အစဉ်အလာ” ၊ “ဆက်ခံ” ၊ “ထိန်းသိမ်း” နှင့် “စောင့်ရှောက်” ၊ “ရှိခိုး” “ပူဇော်”၊ “ဖူးမြော်” နှင့် “ကန်တော့” စသည် တို့ကို တွေ့ရပါသည်။ အဆိုပါ အနက် တူ ရုပ်သွင်ကွဲ စကားလုံးများ ကို နီးနီးကပ်ကပ် တွဲစပ်သုံးခြင်းဖြင့် အနက်အဓိပ္ပာယ် ပိုမိုလေးနက် ထင် ရှားလာပါသည်။
ထို့ပြင် တွဲစပ်သုံးနှုန်းသော အနက်တူ ရုပ်သွင်ကွဲ စကားလုံးများက ရယ်ရွှင်မြူးဖွယ် ဖြစ်အောင်၊ သရော်သံ ပါအောင် ပြု လုပ်နိုင်ကြောင်း ကိုလည်း တွေ့ရှိရပါသည်။ သာဓကအားဖြင့်-
“သူ့ကိုအားလုံးက ကူညီကြရတယ်” ဟု ပြောလျှင် ရိုးရိုးစကားဖြစ်သော် လည်း “သူ့ကိုအားလုံးက ဝိုင်းဝန်း ဖေးမ ကူညီ စောင့်ရှောက် ကြည့်ရှု နေကြရတယ်” ဟုပြောလျှင် ပြောသူ ၏ တမင်လုပ်ပြောနေသော လေသံ ဟန်ပန်ပါလာကြောင်း သိမြင်နိုင် သည်။ အဆိုပါ စကားတွင် ပါသော “ဖေးမ”၊ “ကူညီ”၊ “စောင့်ရှောက်”၊ “ကြည့်ရှု” တို့မှာ အနက်တူ ရုပ်သွင်ကွဲ စကားလုံး များဖြစ်ကြသည်။
ထို့အတူ သူငယ်ချင်း များက တစ်ဦး တစ်ယောက်အား “မင်းညီမ အတွက် ဘာမှမပူနဲ့၊ ငါတို့ စောင်မ ကြည့်ရှု ပေးမယ်” ဟုပြောလျှင် ထို သူကို ခင်မင်၍ ရယ်ရွှင်မြူးဖွယ် စနောက်လိုသော သဘောသက် ရောက်သည်ကို တွေ့မြင်ရသည်။ အဆိုပါ စကားတွင် ပါသော “စောင်မ” နှင့် “ကြည့်ရှု” တို့မှာ အနက်တူ ရုပ် သွင်ကွဲ စကားလုံးများဖြစ်ကြသည်။
အထက်ပါ သာဓက အတိုင်းပင် သူငယ်ချင်း အချင်းချင်း ပြောဆိုရာ၌ တွဲစပ် သုံးနှုန်းသော အနက်တူ ရုပ်သွင် ကွဲစကားလုံး များက ရယ် ရွှင်မြူးဖွယ် ဖြစ်အောင်၊ သရော်သံပါအောင် ပြု လုပ်နိုင်သည်ကို သာဓကများစွာ ထပ် မံပြ၍ရပါသည်။ သူငယ်ချင်း တစ်ဦး က နောက် တစ်ဦးကို “မင်းခုတော့ ဒီ အပြစ်တွေကြောင့် သွေးပျက် ကြောက်ရွံ့ ထိတ်လန့် နေပြီမဟုတ် လား” ဟု ရယ်မော ကာပြောသော စကားတွင် စနောက်လိုသော သဘော နှင့် သရော်သောလေသံပါသည်ကို တွေ့ရသည်။ အဆိုပါ စကားတွင် ပါ သော “သွေးပျက်”၊ “ကြောက်ရွံ့” နှင့် “ထိတ်လန့်” တို့မှာ အနက်တူ ရုပ်သွင် ကွဲ စကားလုံးများဖြစ်ကြသည်။
ထို့အတူပင် သူငယ်ချင်းများက နောက်တစ်ဦး ကို “မင်းကို မိန်းက လေးတွေက ကျေးဇူး တင်လွန်းလို့ ကောင်းချီး သြဘာ ထောမနာ ပြုနေ ကြတယ်” ဟု ရယ်မော လှောင်ပြောင် ပြောဆိုနေလျှင် ပိုပိုကဲကဲ ချီးကျူးသည့် သဘော၊ သရော်သည့် သဘော သက်ရောက်ကြောင်း တွေ့ ရသည်။ အဆိုပါ စကားတွင် ပါသော “ကောင်းချီး”၊ “သြဘာ” နှင့် “ထောမနာ” တို့မှာ အနက်တူ ရုပ်သွင်ကွဲ စကား လုံး များ ဖြစ်ကြသည်။
တစ်ခါတစ်ရံ တမင် ဟန်လုပ်၍ ပြောဆို လိုလျှင်လည်း အနက်တူရုပ် သွင်ကွဲများကို အသုံးပြု တတ်ကြပါ သေးသည်။ ထိုသို့ ပြောပုံမျိုးကို ရုပ်ရှင် များ၊ ပြဇာတ်များတွင် အများဆုံး တွေ့ မြင်ရသည်။ သာဓကအားဖြင့်- “မင်း တို့ကိုလည်း မာတာ မိခင် မွေးမေမေ က မီးရှူး သန့်စင် မွေးဖွား ပေးရာက နေ အချိန်တန်တော့ အရွယ်ရောက် လူလားမြောက်ပြီး ကြီးပြင်း လာကြရ တာပဲမဟုတ်လား” ဟု ရုပ်ရှင် သရုပ် ဆောင် (သို့မဟုတ်) ပြဇာတ်သရုပ် ဆောင် (သို့မဟုတ်) ဝတ္ထုဇာတ်ဆောင် တစ်ယောက် ကပြောလျှင် ထိုဇာတ် ဆောင်သည် ဇာတ်ဝင်ခန်း ကို ရသ မြောက်စေရန် တမင်ဟန်လုပ်၍ ပြော ခြင်းဖြစ်ပေသည်။ အဘယ်ကြောင့် ဆိုသော် အပြင်လောကတွင် ဤ သို့ ပြောလေ့ မရှိသောကြောင့်ဖြစ်ပေ သည်။ အပြင်လောက ပတ်ဝန်းကျင် တွင် ထိုသို့ပြောဆိုလျှင် လည်း ရယ်ရွှင် မြူးဖွယ်ဖြစ်အောင်၊ သရော်သံ ပါ အောင် ပြောဆိုခြင်း ပင်ဖြစ်ပေလိမ့် မည်။ အဆိုပါ စကားတွင်ပါသော “မာတာ”၊ “မိခင်” နှင့် “မွေးမေမေ”၊ မီး ရှူးသန့်စင်” နှင့် “မွေးဖွား”၊ “အရွယ် ရောက်”၊ “လူလားမြောက်” နှင့် “ကြီးပြင်း” တို့မှာ အနက်တူရုပ်သွင်ကွဲ စကားလုံးများ ဖြစ်ကြသည်။
ထိုသို့ အနက်တူ ရုပ်သွင်ကွဲများ ကို နီးနီးကပ်ကပ် တွဲစပ်သုံးတတ်ကြ သည်ကို အောက်ပါအတိုင်းတွေ့ရှိ နိုင်ပါသည်။
(၁) “ငါတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ် ပတ်လည် ညစာစားပွဲကို ကြွရောက် အားပေး ချီးမြှင့် ကြတဲ့ ဧည့် ပရိသတ် တွေက ခန်းလုံးပြည့်ပေါ့ ကွာ” ဟူသော စကားတွင်ပါသော “ကြွရောက်” ၊ “အားပေး” နှင့် “ချီးမြှင့်” တို့မှာ အနက် တူ ရုပ်သွင်ကွဲ စကားလုံး များဖြစ်ကြ သည်။
(၂)”ငါ့မှာတော့ ငယ်သူငယ်ချင်း တွေကို အောက်မေ့ တမ်းတ သတိရ လွမ်းဆွတ် လိုက်ရတာ” ဟူသော စကားတွင် ပါသော “အောက်မေ့” ၊ “တမ်းတ” ၊ “သတိရ” နှင့် “လွမ်းဆွတ်” တို့မှာ အနက်တူ ရုပ်သွင်ကွဲ စကားလုံး များဖြစ်ကြသည်။
(၃)”သားသမီးတွေ က မိဘကျေးဇူး ကို အထူး သိတတ် ၊ နားလည် သဘောပေါက် ပြီး ပြန်လည် ပေးဆပ် ကြရမယ်” ဟူသော စကားတွင် ပါသော “သိတတ်” ၊ “နားလည်” နှင့် “သဘော ပေါက်” တို့မှာ အနက်တူ ရုပ်သွင်ကွဲ စကားလုံး များဖြစ်ကြသည်။
အထက်တွင် ဖော်ပြခဲ့သော နီးနီး ကပ်ကပ် တွဲစပ် သုံးတတ်ကြသည့် အနက်တူ ရုပ်သွင်ကွဲ စကားလုံးများ ကို ဝါကျတွင်း၌ ထည့် သွင်းပြောဆိုပုံ မှာ နေ့စဉ်ပြောဆို သုံးစွဲနေကြသော အပြောစကား ပုံစံမျိုး မဟုတ်ဘဲ၊ အခမ်းအနား (သို့မဟုတ်) ရုပ်ရှင်ဇာတ် လမ်း (သို့မဟုတ်) ပြဇာတ်ဇာတ်လမ်း စသည်တို့တွင် ပေါ်လွင်ထင်ရှားစေရန် တမင်ဟန်လုပ်ကာ ပြောဆိုခြင်းမျိုးဖြစ် လေသည်။ ထိုသို့ အနက်တူ ရုပ်သွင် ကွဲများကို နီးနီးကပ်ကပ် တွဲစပ်သုံးခြင်း ဖြင့် အနက်အဓိပ္ပာယ် ပိုမိုလေးနက် ထင်ရှား လာနိုင်ကြောင်း ကို လည်း တွေ့မြင်နိုင်ပါသည်။
နေ့စဉ်သုံး စကား နယ်ပယ်တွင် ခံစားမှု၊ အရောင်အသွေး စသည်တို့ ထပ်တူ ထပ်မျှကျသော အနက်တူရုပ် သွင်ကွဲ စကားလုံးမျိုး မှာ ရှားပါး လှပါ သည်။ သို့သော် ရုပ်သွင် မတူညီဘဲ ရိုး ရိုးအနက်ချင်း တူသော စကားလုံးများ ကို “ကြောင်းတူသံကွဲ” များ အဖြစ် ယေဘုယျ မှတ်ယူ ကာ ပြောဆိုအသုံး ပြုနေကြသည်ကို စိတ်ဝင်စားဖွယ် တွေ့မြင်ရသဖြင့် မြန်မာဘာသာ စကား၏ အနက်အဓိပ္ပာယ် ဆက် သွယ်မှု တစ်ရပ်အဖြစ် လေ့လာတင်ပြ ရခြင်းဖြစ်ပါသည်။
ဒေါက်တာမာလာ
ကျမ်းကိုးစာရင်း
ခင်အေး၊ ဒေါက်တာ။ ၂ဝဝ၄။ အတ္ထဗေဒနိဒါန်း။ ရန်ကုန်၊ ပညာတန် စောင်။ Palmer, F.R.1976. Semantics. Cambridge: C.U.P. Wales, Katie. 2001. A Dictionary of Stylistics. Longman.
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments