မြန်မာ့ရုပ်ရှင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဟု ပြောလိုက်သည်နှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ အစည်းအဝေးခန်းမဆောင်ထဲက ဗိုလ်ချုပ်အောင်ဆန်းပန်းချီကား ကို ပြေးမြင်မိကြ သူများရှိသည်။ ထို့ အတူ ကွဲလွဲမှုများစွာဖြင့် သရုပ်သကန်မှန်ကန်အောင် တင်စားရေး ဖွဲ့သူများလည်း ရှိနေပြန်သည်။ မည်သို့ပင်ဆိုစေ ရုပ်ရှင်နှင့် ယင်းပန်းချီ ကားချပ်က တစ်သားတည်းကျလျက် လုံးလုံးလျားလျား ခွဲခြား၍ မရနိုင်ပေ။ ယင်းပန်းချီကားချပ်ထဲတွင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဂရိတ်ဦးဘိုးစိန်၊ မြန်မာ့ရုပ်ရှင်ဖခင်ကြီး လန်ဒန် အတ် ဦးအုန်းမောင်၊ ဗြိတိသျှဘားမားဦးညွန့်၊ ဒီးဒုတ်ဦးဘ ချို၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပီအေ (PA) ဗိုလ်ထွန်းလှတို့ပါဝင်နေ သည် နှင့်အမျှ ပန်းချီ ကားက စကားပြောနေသယောင် အင်မတန်မှ ပီပြင်လှပသေသပ်သော ပန်းချီကားတစ်ချပ် ပင်ဖြစ်ပါသည်။ ယင်းပန်းချီကားချပ်ကို ပန်းချီ ဦးကျော်ညွန့်နှင့်အဖွဲ့က ရေးဆွဲခဲ့ကြောင်းလည်း မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။ ယင်း ပန်းချီကားချပ်အနေဖြင့် ၁၉၉၅ ခုနှစ် မြန်မာ့ရုပ်ရှင်စိန်ရတုပွဲကတည်းက ရုပ်ရှင်အစည်းအရုံးတွင်ရှိနေခဲ့ ပြီးနှစ်ပေါင်း၂ဝအထိရှိနေခဲ့ပြီဖြစ်သည်။ ယင်းပန်းချီကားချပ်နှင့် ပတ်သက်ပြီး ဒါရိုက်တာ ဦးကြည်စိုးထွန်းက..
” အဲဒီပန်းချီကားက ၁၉၄၇ ကတည်းကပါ။ ပြောကြစတမ်းဆိုရင် ဟိုးတုန်းကအ စည်းအဝေးခန်းမဆိုတာ လူတိုင်းဝင်လို့ မရပါဘူး။ အ မှုဆောင်အဖွဲ့လောက်ပဲသုံး သလို၊ဧည့်သည်တွေလာတဲ့အချိန် လောက်ပဲသုံးတယ်။ အခုမှတံခါးမရှိ၊ ဓားမရှိဝင်လိုက်ထွက်လိုက်နဲ့ သူသူ ငါငါဝင်လို့ရနေ တော့ဒီဘက်ခေတ်ကျမှ ပွင့်တယ်လို့ ထင်ကြတာပါ။ နှစ်ပေါင်း၂ဝလောက်ဒါကြီးကို ဖုံးထားတယ်ပေါ့။ ၂ဝဝ၅ ခု နှစ် ဦး ပိုင်းလောက်မှာ အိန္ဒိယရုပ်ရှင်သမားတွေလာပြီးတော့ စကားပြောတဲ့အခါမှာ အဲဒီပန်းချီကားကိုဖွင့်ပြီး စကားပြောတာပဲ။ အဲဒီတုန်း ကတော့ ဒုဥက္ကဋ္ဌ ဦးလှမျိုးပါ။ အဲဒီမှာ ဗိုလ်မှူးကြီးတစ်ယောက်တောင် ပါသေးတယ်။ အဲဒီပန်းချီကားမှာ မူရင်း ဓာတ်ပုံတောင်ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်မှာ အဲဒီတုန်းက မြန်မာနိုင်ငံဘုရင်ခံ ဆာဟူးဘတ်ရန့်ဆိုတာရှိတယ်။ ဦးဘညွန့်၊ ဦးတင်နွယ်တို့ အဲဒီလိုပုဂ္ဂိုလ်မျိုးနဲ့ တွဲရိုက်ထားတာ။ ဖွင့်ပွဲပုံတစ်ပုံအပါအဝင် စုစုပေါင်း ဓာတ်ပုံ ၃ ပုံပေါ့။ အဲဒီ ၃ ပုံကို ပြတိုက်ကိုတက် လိုက်တာနဲ့ ငွေရ တု ခန်းမရှေ့မှာ အကြီး ကြီးတွေချိတ်ထားတယ်။ ဘယ်သူက မှ မဖုံးခဲ့ဘူး။ ဘာလို့ငွေရတုခေတ်မှာ ချိတ်လဲဆိုတော့ ငွေရတုခေတ်မှာ ၁၉၄၇ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းက ဖွင့်ပွဲလုပ်တာ။ ဒါကြောင့်ချိတ်ထားတာ။ ဒါကို တလွဲရေးတဲ့သူတွေသိ စေချင်ပါတယ်” ဟု ဂန္တဝင်မြောက် သည့် ဗိုလ်ချုပ်ပန်းချီကားနှင့်ပတ်သက် ပြီးရှင်းလင်းပြောကြားပေးသည်။
” ဥက္ကဋ္ဌတာဝန်ယူတုန်းက ဒီပန်းချီကားချပ်နဲ့ပတ်သက်လို့ အမြဲတမ်းဖုံးထားရမယ်လို့ ဘယ်သူ့ကိုမှ တာဝန်မပေးခဲ့သလို အမြဲဖွင့်ထားရ မယ်လို့လည်း မပြောခဲ့ပါဘူး။ လေသလပ်အောင်ရယ်၊ ဖုန်မှုန့်တွေ တက်မှာစိုးတဲ့အခါတိုင်း ကတ္တီပါအဖုံးကြီးကို ပိတ်ခိုင်းတာလောက်ပဲ ရှိပါတယ်။ အရင့်အရင် ဥက္ကဋ္ဌလက်ထက်ကတည်းက သားသားနားနားနဲ့ လုပ်ထားတဲ့ ကတ္တီပါအဖုံးကြီးက ရှိပြီးသားပါ” ဟုလည်း ဒါရိုက်တာ ကြည်စိုးထွန်းကပြောသည်။ မည်သို့ပင်ဆိုစေ ယနေ့အချိန်တွင်မူ ယင်း ပန်းချီကားချပ်ကို သူသူငါငါကြည့်ရှု နိုင်ပြီဖြစ်သည်။ ပန်း ချီကား၏ပုံစံကလည်း တကယ့်အသက်ဝင်လွန်းလှပေရာ တစ်ခေတ်တစ်ခါက ပုံရိပ်များကို ပြန်ပြောင်းပြောပြနေဟန်ရှိ သည်။ ဓာတ် ပုံရိုက်ကူးသူကိုအတိ အကျမသိရှိရသော်လည်း ယင်းပန်းချီ ကားချပ်ကိုပန်းချီဦးကျော်ညွန့်နှင့် အဖွဲ့ကလက်ရာမြောက်စွာရေး ဆွဲခဲ့ေ သာကြောင့် ယခုကဲ့သို့မြင်တွေ့ရ ခြင်းပင်ဖြစ်သည်။ပန်းချီကားကြီးက စကားပြောနေသည်။ နှစ်များ စွာကြာ ခဲ့သော်လည်းနောက် မျိုး ဆက်များစွာ အထိယင်းပန်းချီကားချပ်ကြီးက စကားပြောနေမည်ဖြစ်သည်။ယနေ့ အချိန်ထိဆိုလျှင်ရုပ်ရှင်ဟုပြောလိုက် သည်နှင့်ယင်း ပန်းချီကားကိုပြေးမြင်မိကြသလို ခွဲခြား၍မရအောင် အနုပညာမြောက်လွန်းလှသည်ဟု ပြောချင်ပါသည်။ သို့သော်သမိုင်းကြောင်း ကို ရေး လျှင်လိုရာဆွဲမရေးဖို့နှင့် တိကျမှသာ ရေးစေချင်ကြောင်းဒါရိုက်တာ ကြည်စိုးထွန်းကအကြံပြုစကားဆိုပါသည်။
” တကယ်တော့နှစ်ပေါင်း၂ဝ လုံးလုံးရုပ်ရှင်လောကသားတွေက ကြောက်ကြောက်ရွံ့ရွံ့နဲ့ အဲဒီပန်းချီကားကို ပိတ်လှောင်ထားခဲ့ တာ လားပေါ့။အမှန်တော့မဟုတ်ရပါဘူး” ဟုလည်း ဗိုလ် ချုပ်ပန်းချီကားချပ်၏ မတူညီသည့် ဝိရောဓိများအကြောင်းကို ရှင်း လင်း ပြော ကြားပေးသည်။
M ဘွယ်
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments