တစ်ခါတွင်
မုတ္တမမြို့မှာ ထား သော ကင်းတပ်ကို ယိုးဒယားတပ်တို့ က ချီတက်နှောင့်ယှက် လာကြောင်း
ကြားသိသည့် အတွက် မင်း တရားကြီး က လွှတ်တော်မြင်းသည်ကျော် ငသာ နှင့် ငရွှန်းတို့ကို
တောင်ငူကြောင်းချီ စေပြီး မုတ္တမမြို့ အရောက် စုံစမ်း ထောက်လှမ်း ရန် စေလွှတ်သည်။
၎င်းတို့ ရက်ကြာသည် အထိ ပြန် ရောက်မလာသည့် အတွက် ငဘတ် ချောင်းဗိုလ်
ဥဒိန်ကျော်ခေါင် တစ္ဆေ ကို အ မိန့်တော် နှင့်စေလွှတ်သည်။
တစ္ဆေသည်
နေ့ချင်းပြန်ရောက် လာပြီး မုတ္တမကင်းတပ်မှာ အကြောင်း အထူးအထွေ မရှိကြောင်း လျှောက်
ထားသည်ကို ယုံတော် မမူ၍ ထပ် မေးရာ တစ္ဆေက စေ့စေ့စုံစုံ လျှောက် ထားသည်။
“ကျွန်တော်သွား၍ ကြည့်ရှုပြီးလျှင် အပြန် တောင်ငူမြို့ ခပေါင်းမြစ်ချောင်း ထိပ်၊
မန်ကျည်းပင်အောက်တွင် လွှတ်တော် ကစေ လွှတ်သည့် မြင်းသည် ကျော်တို့ ထမင်းချက်နေသည်
ကို တစ်ချက်တီး ကျော် အချိန် တွင်တွေ့၍ သိသာ သေ ချာအောင် မန်ကျည်းကိုင်း၊ မန်ကျည်း
ခက်များကို ချိုးဖဲ့၍ ချခဲ့ပါ သည်။ မန်ကျည်းပင် ကိုလည်း လှုပ် ပြ ၍
ခြောက်လှန့်ခဲ့ပါသည်” ဟု လျှောက်သည်။ ထို့အပြင် မုတ္တမ မြို့ဝန် က အကြောင်း
ထူးထူးခြားခြား မရှိ၊ သူခိုး ဓားပြလည်း မပေါ် ၊ ရွှေဘုန်း တော်မြတ်ကြောင့် ငြိမ်ဝပ်သာယာ
ကြောင်း၊ လျှောက်တင်စာ ပါလာပါ သည်။ မြင်းသည်ကျော် တို့ မည် သည့် နေ့ရက် တွင်
ပြန်ရောက်ပါမည်ဟု လျှောက်ထားသည်။
တစ္ဆေ
လျှောက်ထားသည့် အတိုင်း ထိုနေ့ရက် တွင် မြင်းသည် ကျော် ငသာနှင့် ငရွှန်းတို့
ပြန်ရောက် လာပြီး ရှေ့တော် သွင်း ၍ မေးမြန်း တော် မူရာ တစ္ဆေလျှောက်ထားသည့် အတိုင်း
မန်ကျည်းကိုင်း၊ မန်ကျည်း ခက် ကျလာသည့် အကြောင်းများနှင့် စကား အားလုံး
မှန်ကန်နေသည်ကို တွေ့ရသည်။
ငဘတ်ချောင်းဗိုလ်
ဥဒိန်ကျော် ခေါင် တစ္ဆေက ဘွဲ့ အသနားတော်မြတ် ခံရပါမည့် အကြောင်း တင်လျှောက် ရာ
မင်းတရားကြီးက ကိုယ်ထင်ပြ၍ ဘွဲ့ခံရမည်ဟု အမိန့်တော်ရှိသည်။ တစ္ဆေက ကိုယ်ထင်ပြလျှင်
ရုပ် သဏ္ဋာန်မကောင်း၊ ကြောက်မက်ဖွယ် ဖြစ်၍ မပြဝံ့ပါ။ သနားတော် မူသည့် ဘွဲ့ကို
ရှေ့တော်က မှူးမတ်များမြင် အောင် ယူသွားပြီး ထုပ်လျောက်ကြား မှာ ထားပါမည်ဟု
လျှောက်သည်။
ထို့ကြောင့်
“ဇဝနယက္ခ ကျော်ခေါင်” ဟူသော ဘွဲ့ကို ရွှေပြား တွင်ရေး၍ မင်းတရားကြီး ၏ ရှေ့တော်တွင်
ကလပ်နှင့် ထား၍ ဘွဲ့ ပေး သနားတော်မူရာ ဘွဲ့ချည်သည့် ကြိုးကို ဆွဲငင် ယူသွားသည်ကို
မှူးမတ်တို့ မြင်လိုက်ကြသည်။ ရတနာ သိင်္ဃရွှေ နန်းတော် လေ သာဆောင် ထုပ်လျောက်
ကြားတွင် ဘွဲ့ ရွှေပြား ကို ထားသည်ဟုဆိုသည်။
ထိုအကြောင်းကို
ရတနာပူရ စတုတ္ထမြို့တည် နန်းတည် ဘကြီး တော်မင်းတရား လက်ထက် မှူးတော် မတ်တော်
အစည်းအစောင့် များတွင် တစ္ဆေ စကားစပ်မိသည့် အခါ ရံဖန် ရံခါ မင်းတရားကြီး အမိန့်တော်
ရှိသည်ကို ကြား၍ နောင်လာနောက် သားတို့ သိမှတ်စေ ရန် လှေသင်း အတွင်း ဝန်မင်း
မဟာဇေယသင်္ခယာ က “တဇ္ဇတ္ထဒီပနီ” တွင် မှတ်တမ်းတင် ထားခြင်းဖြစ်သည်။
ထိုအကြောင်းသည်
ထိုစဉ်က အထင်ကရ ပြောဆိုကြသော ဖြစ်ရပ် တစ်ခုဖြစ်သည့် အလျောက် ဆင်ဖြူ ရှင်မင်း
လက်ထက် ပလိပ်ရွာစား ဦးဖျော် ရေးဖွဲ့သော ပလိပ်စား ဧချင်း ခေါ် စဉ့်ကူးမင်း
ရွှေနားတော် သွင်း ဧချင်းတွင် စဥ့်ကူး မင်းသား၏ ဘကြီးဖြစ်သော နောင်တော်ကြီး
မင်းအကြောင်း ဖွဲ့ရာ၌ “ဘကြီး မင်း၏၊ သတင်းတစ်မူ၊ လှိုက်ပွက် ဆူမျှ၊ လူကိုထားလွှတ်၊
ဥပပါတ်ဖြင့်၊ နာနတ်ရုပ်ဖန်၊ နတ်စစ်မှန်ကို၊ တစ်ဖန် သွတ်လှယ်၊ စေခိုင်းပယ်၍၊
ရန်စွယ်ချိုးခုတ်၊ သိမ်းစွန်သုတ်သို့၊ ထိုးခုတ် သတ်လျဉ်း၊ နုတ်နုတ်စဉ်းဟု”
စသည်ဖြင့် ဖွဲ့ဆို ထားကြောင်း လည်း တဇ္ဇတ္ထဒီပနီတွင် ဖော်ပြထားပါသည်။
မောင်ခင်မင်(ဓနုဖြူ)
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ
ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame
Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း
ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍
အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media
ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
No comments:
Write comments