09-790570465

09-975288547

MOAGs Admin Team

iBest Groups

ကမ္ဘာ့စားနပ်ရိက္ခာနေ့ သမိုင်းဖြစ်စဉ် အကျဉ်း

Posted by   on Pinterest

အောက်တိုဘာ ၁၆ ရက်နေ့က တော့ ကမ္ဘာ့စားနပ် ရိက္ခာနေ့ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အစာရေစာ ငတ်မွတ်ခေါင်းပါးနေ သူများ အတွက် ကူညီပေးဖို့ ဒီနေ့လေးဖြစ်လာခဲ့တယ် လို့ သိရပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ နေ့ရောက်တိုင်း ကမ္ဘာ့နေရာ အသီး သီးမှာ လူမျိုးပေါင်းစုံ စုဝေးကြပြီး ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး အတွက် လှုပ်ရှားဆောင်ရွက်မှုများ နှစ်စဉ်ပြုလုပ်လေ့ ရှိကြပါတယ်။ UN ရဲ့ လက်အောက်က အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကမ္ဘာ့စားနပ် ရိက္ခာနဲ့ လယ်ယာ စိုက်ပျိုးရေးအဖွဲ့ (FAO) က ကမ္ဘာ့ စားနပ်ရိက္ခာနေ့ ကို ၁၉၄၅ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့ ကနေဒါနိုင်ငံ မှာ စတင်ကျင်းပခဲ့ တာပဲဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ တော့ နိုင်ငံတကာ ကိုပျံ့နှံ့ လာပြီး ကမ္ဘာ အရပ်ရပ်က လူများလည်း သိရှိလာခဲ့ပါတယ်။ အဲဒီ နောက် ပိုင်းမှာတော့ ကမ္ဘာ့ စားနပ်ရိက္ခာနေ့ ကို နှစ် စဉ်နှစ်တိုင်း ကျင်းပ လာကြပါ တယ်။ ကမ္ဘာပေါ် မှာ လူပေါင်း ၈၅ဝ မီလီယံက ဆာ လောင်မှု နဲ့ ရင်ဆိုင်နေရပြီး အဲဒီအထဲက ၅ဝ မီလီယံကတော့ အမေရိကန် လူမျိုး များဖြစ်တယ်လို့ သိရပါတယ်။ ငတ်မွတ်သူတွေရဲ့ ၅ဝ ရာခိုင်နှုန်းက လည်း အမျိုးသမီးတွေ ဖြစ်ပြီး ကလေးငယ် များကလည်း ဆာ လောင် မွတ်သိပ်မှုကြောင့် အသက် ငါးနှစ်မတိုင်ခင် သေဆုံးမှု များစွာ ရှိကြပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂ဝ က စတင်ပြီး ကလေး ငယ်သေဆုံး မှုများ လျော့ကျရေး လှုပ်ရှားမှု ပြုလုပ်လာ နိုင်ပြီး ကလေးငယ်ပေါင်း ၁၇ဝဝဝ လောက် ကို နေ့စဉ်နေ့တိုင်း ကယ် တင် လာနိုင် ခဲ့ပါတယ်။ ကမ္ဘာ့စားနပ် ရိက္ခာနေ့မှာတော့ ဆာလောင်မှု ပပျောက်ရေး လှုပ်ရှားမှုများ၊ ဟော ပြောမှုများ၊ ငတ်မွတ်နေတဲ့ နေရာများ ကို အစား အသောက် ထောက်ပံ့မှု များ စဉ်ဆက်မပြတ် လုပ်ဆောင်လာ ကြပါတယ်။ ဒီလို လုပ်ဆောင်မှုများ ကြောင့်လည်း ကမ္ဘာကြီးပေါ်က တန်ဖိုး ရှိသော အသက်များကို တဖြည်းဖြည်း ကယ်တင် လာနိုင်ခဲ့တာ ပဲဖြစ်ပါတယ်။
မြတ်မိုးပွင့်
Credit; Popular မှကူးယူဖော်ပြသည်။

(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)


No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်