09-790570465

09-975288547

MOAGs Admin Team

iBest Groups

ဧည်ရဲ့စန္ဒရား

Posted by   on Pinterest

သူ ထိုင်းထိုင်း မှိုင်းမှိုင်း ရှိနေတာနဲ့ အနီးရှိ မဂ္ဂဇင်း တစ်အုပ်ကို ကောက်လှန် လိုက်တယ်။ နောက်တော့ စာမျက်နှာ ဟိုဟို ဒီဒီ လျှောက် ကြည့်။ လျှောက်လှန်…
တစ်နေရာ အရောက်မှာတော့ သူကြိုက်တဲ့ စာရေးဆရာ နာမည်ကို တွေ့လိုက်တယ်။ သူကြိုက်တဲ့ စာရေး ဆရာက “ဧည..”တဲ့။ ဝတ္ထု နာမည် က A နဲ့ J အကြောင်း..တဲ့။ ဒါနဲ့ သူဖတ်ကြည့်တယ်…
    ……………..
………………..
……..သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ‘A’ ဟာ သစ် ပင်တွေကို အထူး စိတ်ဝင်စားသူဖြစ် တယ်။

A ကပြောတယ်။ သူတို့ရွာမှာ ‘J’  ဆိုတဲ့ လူတစ်ယောက် ရှိတယ်။ အဲ ဒီ J က တောထဲမှာ သစ်ပင်ဘယ်  နှပင် ရှိတယ်ဆိုတာ သိချင်တာနဲ့ သစ် ပင်တွေဆီ သွားပြီး ရေတွက် ကြည့်တယ်။ ရေတွက်ပြီးတဲ့ သစ်ပင်တွေ ကို ဆေးဖြူနဲ့ ကြက်ခြေခတ် အမှတ် အသားတွေ ပြုလုပ် တယ်။ J ဟာ သစ် ပင်တွေကို စရေတွက်ချိန်တုန်း က သူ့အသက် ခြောက်ဆယ့်ငါးနှစ် ရှိပြီ။ သစ်ပင်တွေကို ရေတွက်တဲ့ အချိန်က အနှစ်နှစ်ဆယ် ကြာတယ်။ လူတွေက J နဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောကြ တယ်။ တချို့က သူကြိုက်ရာ လုပ်ပါ စေ.. လွှတ်ထား လိုက်ပါ.. လို့ ပြော ခဲ့တဲ့သူရှိသလို၊ တချို့ကလည်း J ကို အရူးထောင် ဆွဲပို့လိုက်လို့ အကြံပေး တဲ့ လူကလည်း ပေးကြတယ်။
 နောက်ဆုံးတော့ J ဟာ သစ်ပင် တွေရဲ့ အရေအတွက် တွေကို သူသိ သွားသတဲ့။ အဲဒါကလည်း သစ်ပင် တွေ ကိုယ်တိုင်က သူ့ကို ဖွင့်ပြောလိုက် တာတဲ့။ J က သစ်ပင်တွေမှာ သူတို့ ပိုင် ဘာသာစကား ရှိတယ်ဆိုတာကို ယုံတယ်။
ပြီးတော့ J က ပြောသေးတယ်။ သူတို့လို တောသားတွေ ဟာ “သစ်ပင်” နဲ့တူတယ်။ မြို့သားတွေက “သစ်ရွက်” နဲ့တူတယ်။ ဒီစကားကို မခံချင် တဲ့ မြို့ သား တစ်ယောက်က J ကို.. “သစ် ရွက် မရှိတဲ့ သစ်ပင် ဘာဖြစ်သွား မလဲ..”လို့မေးတယ်။ J က ပြုံးပြုံးပဲ ပြန်မေးတယ်။ “ဒီလိုဆို သစ်ပင်မရှိတဲ့ သစ်ရွက်ကော ဘာဖြစ် သွားမလဲ..” လို့ ပြန်မေးတယ်။
A ကပြောတယ်.. “အခုတော့ J ဟာ သေရှာပါပြီ.. ဘယ်မှာသေ တာလဲဆိုတော့ “အရူးထောင်ထဲ မှာ..”တဲ့။
    ……………..
………………..
………………..
    ကွာ..။ ခေါင်းကိုက်ရတဲ့အထဲ .. ဧညကပါ ဝင်လိုက်နေတယ်။
အခြေအနေက ကြည်ကြည်လင်လင် ပြန်ဖြစ်ဖို့ လိုအပ်တယ်။ ဒါ ကြောင့် သူလမ်းမပေါ် ထွက်လာခဲ့ လိုက်တယ်။ လမ်းမပေါ် သူ တစ် ယောက် တည်းလို့ ထင်ရပေမယ့် သူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဧညရဲ့ သစ်ပင်တွေက သူ့နောက် လိုက်လာ ကြပြီပဲ။
တဖြည်းဖြည်းနဲ့ ဧညရဲ့သစ်ပင် တွေ သူ့နောက်လိုက် လာကြောင်း သူ ကိုယ်တိုင် သတိပြုမိလာတယ်။ မလွယ်ဘူး။ ဧညရဲ့ သစ်ပင်တွေ က “မြေကြီး လိုက်ရှာနေတဲ့ သစ်ပင်တွေ ..”။ သူ့စိတ်ထဲ.. “ကွာ ဧည.. နင့်ဟာနင် ခါတိုင်းလို အိမ်မှာ စန္ဒရား တီးနေပါတော့ လား..”လို့ ယောင် ပြောမိတဲ့အထိ။
သစ်ပင်တွေက မရဘူး။ သူတို့ ပိုင်နာမည်တွေနဲ့ သူတို့ လိုက်လာကြ တာ။ သံဝေဂနဲ့ သစ်ပင်။ ရဲတိုက် နဲ့ သစ်ပင်။ အိုင်းစတိုင်း နဲ့ သစ်ပင်။ သမ္မာကျမ်း နဲ့ သစ်ပင် ဆိုတာတွေ အပြင်.. “လူနှင့် သစ်ခွ ပြဇာတ်..” ဆိုတာ ပါလိုက်သေး။
ဆိုခဲ့တဲ့အတိုင်း ဘာနဲ့သစ်ပင် ညာနဲ့သစ်ပင်ဆိုတာတွေ အကုန်လုံး သူမမှတ်မိပေမယ့် “လူနှင့်သစ်ခွ ပြ ဇာတ်..” ကိုတော့ သူဟာ မှတ်မိစွဲ လမ်းနေတုန်းပါပဲ။ ဒီဝတ္ထုအစမှာ.. “တောင်ပံရှင် များသည် သစ်ခွကို ပန်းဟုတ်မဟုတ် အကဲခတ် လျက်ရှိ ကြသည်”လို့ စဖွင့်တာ ကို သူကြိုက်လှ တယ်လေ။ တောင်ပံရှင်များ ဆိုတာ.. ပျားတွေ၊ ပိတုန်းများ၊ လိပ်ပြာများ၊ နကျယ်ကောင်များ၊ ဟမ်းမင်းဘာ့ဒ် များ..စတဲ့ စတဲ့ပေါ့လေ။ ဝတ္ထု အစမှာ ဘယ်အင်းဆက် တစ်ကောင် မှ သစ်ခွနားမကပ်ရဲသေး။ လိပ်ပြာ ကတော့ သစ်ခွကို ပန်းလို့ ယူဆဖို့ အထောက် အထား မပြည့်စုံသေးဘူး လို့ မှတ်ချက်ပေးတယ်။ ဟမ်းမင်း ဘာ့ဒ်ကတော့ သစ်ခွကိုကြည့်ပြီး ပန်းမဖြစ်နိုင်ဘူး၊ မျဉ်းပြိုင်တွေ လိုလို၊ ဧည့်လမ်းညွှန်ဆိုင်း ဘုတ်တွေလိုလိုနဲ့ ..ဒါ မြို့ပြ တစ်ခုဖြစ်ရမယ်လို့ ထင် မြင်ချက်ပေးတယ်။ ဒီတော့ ပျားက လည်း ထင်မြင် ချက်ပေးတယ်။ “ဒါ စစ်တလင်းနေမှာ..” လို့။ အဲသလို တွေ ထင်မြင်ချက်တွေ ပေးနေတုန်း ဘာမှ ထင်မြင်ချက် မပေးရသေးတဲ့ နကျယ်ကောင် ကြီးက အားရပါးရ ထ ရယ်ပါလေရော။ ပြီးတော့ မျက်နှာ တစ်ပြင်လုံး အဆီပြန်နေတဲ့ နကျယ် ကောင်ကြီးက သစ်ခွ အနံ့ကို ရှူကြည့် လိုက်တယ်။ သေသေချာချာ ရှူတယ်။ မျက်လုံးလေး မှေးစင်းပြီးလည်း ရှူ တယ်။ ပြီးမှ
    “မင်းတို့အားလုံးမှားတယ်
    ဒါ..ပန်းမဟုတ်ဘူး၊
    ငါ့ချာတိတ်မကွ
    သူ့အနံ့က နကျယ်မတစ်ကောင်
    ရဲ့ လိင်ဆာလောင်နေတဲ့ အနံ့မျိုး…”
သူ..တဟင်းဟင်းဖြစ်ရင်း ဧည ကို အပြစ် ဆိုချင်လာတယ်။ ဧညတို့ များ သစ်ခွကို နကျယ်ကောင် ရဲ့မိန်းမ လုပ်ပစ် ရက်တယ်ပေါ့။ ဝတ္ထုရဲ့ နိဂုံး ပိုင်းမှာ ကျတော့ သစ်ပင်ကို လွမ်းပြ ချစ်ပြလိုက်တာ အလွန်အကျွံ။ သစ် ပင်ကို သူ့ဇနီးမယား လို သဘောထား ပုံ။ သစ်သီးလေးတွေ က သူ့သားလေး တွေဖြစ်တဲ့အကြောင်း၊ ပန်းပွင့် ကလေး တွေကလည်း သူ့ရင်သွေး သမီးငယ် လေးတွေဖြစ်တဲ့ အကြောင်း။
 နောက်ဆုံးမှာ နောင်လာမည့် ဘဝတွင် လူမဖြစ်ချင်ဘဲ သစ်ပင်သာ ဖြစ်ချင်ကြောင်း၊ သစ်ပင်ဘဝ ရပါက လည်း.. မြေကြီး အသင့် ရှိပြီးသား ဖြစ်ရပါလို၏..ဟု ဆုတောင်းမည် ဖြစ်ကြောင်း၊ အကယ်၍ သစ်ပင် မဖြစ် ရသေးမီ ကြားကာလ၌ သူ့ခန္ဓာကိုယ် ပြာမှုန့်ဖြင့် သစ်ပင် အကျိုးပြု မြေသြဇာ ကောင်း တစ်မျိုးဖြစ်လျှင်ပင် ကျေနပ် ကြောင်း… အလွန် အမင်း ဖွဲ့ဆိုမှု များနဲ့.. ဝတ္ထုသိမ်း လိုက်ပုံကိုတော့ သူအကြိုက်ကြီး မကြိုက်။
 နောက်ဆုံးတော့ သူဟာ ဧည ရဲ့ သစ်ပင်ကို ခြေရာဖျောက်ဖို့ အမှတ် မထင်ပုံစံ နဲ့ လမ်းအချိုး တစ်ခု ထဲကို ကွေ့ဝင်လိုက်တယ်။
သူ ဝင်ရောက်လိုက် မိတာက၊ သူ မရောက်ဖူးတဲ့ ရပ်ကွက်လေး တစ်ခု။ မရောက်ဖူးတော့ လမ်းဘေးဝဲယာ ဟိုကြည့် ဒီကြည့် လျှောက် မိတော့တာ ပေါ့။
ရပ်ကွက်က လူချမ်းသာ ရပ်ကွက် မဟုတ်သလို ဆင်းရဲသား ရပ်ကွက် လည်း မဟုတ်ကြောင်း သူအကဲခတ် မိတယ်။ ဆက်လျှောက်..။ လက် ဖက်ရည် ဆိုင်တွေ ကွမ်းယာဆိုင်တွေ ..။ ဆက်လျှောက်။ ခေါက်ဆွဲဆိုင် တွေ၊ တရုတ် အပေါင်ဆိုင်တွေ၊ ဆက် လျှောက်။ အရက် ဆိုင်တွေ၊ ဗွီဒီယို အငှားဆိုင်တွေ၊ ဆက်လျှောက်။ ကျူ ရှင်ကျောင်းတွေ၊ ဘောလုံး လောင်းက စားဒိုင်တွေ၊ ဆက်လျှောက်၊ ဟ..။ ဆိုင်းဘုတ် အသစ်
“ဒေါက်တာ ဦးဗြေလ
 စိတ်ရောဂါအထူးကု…”
သူ..ဆေးခန်းရှေ့မှာ ရပ်လိုက် တယ်။ ဒေါက်တာ ဦးဗြေလတဲ့။ ဘာ လူမျိုးမှန်း သူမသိ။ မသိလည်း မသိ တာ ကိစ္စမရှိ။ ကိစ္စရှိတာက စိတ်ရော ဂါ အထူးကု ဆိုတာပါပဲ။ သူက ဆေး ခန်းကို အသေအချာ အကဲခတ် လိုက် တယ်။ ဆေးခန်းက ကျဉ်းကျဉ်းလေး။ ဒီ အထဲ ဆေး ခန်း အဝင်ပေါက်က သိပ် ကျဉ်းလွန်းနေတယ်။ ဘယ်လောက် ကျဉ်းသလဲ ဆိုရင် လူနာ ခပ်ဝဝဆိုရင် တောင် ဘေးတိုက် ဝင်မှရမယ့် အကျဉ်း မျိုး။ ဒီဆရာဝန် လူကောင်းမှဟုတ်ရဲ့ လား။ ဘာစိတ်ကူးပေါက်ပြီး ဒီလောက် ကျဉ်းကျဉ်းလေး လုပ်ထားရတာလဲ။
တစ်ချိန်တည်းမှာပဲ သူဟာ အိမ်မှာ ကျန်နေရစ်တဲ့ စိတ်ရောဂါသည် ဇနီးကို ဖျတ်ခနဲ ပြန်သတိရ လိုက်တယ်။ ဇနီး ဖြစ်သူ အတွက် စိတ်ကလည်း ပူလာ တယ်။ ဒါနဲ့ မထူးဘူးဆိုပြီး ဒေါက်တာ ဦးဗြေလ ဆေးခန်း ထဲကို ဝင်လိုက်တယ်။
 ဒေါက်တာက သူ့ကို ကောင်းမွန်စွာ ခရီးဦး ကြိုပြုပါတယ်။ သူကလည်း သူ့ဇနီးရောဂါ အကြောင်း ဒေါက်တာ ကို ပြောပြပါ တယ်။ ဒေါက် တာ က ခင်ဗျား ဇနီးဖြစ်ပုံ ပြောစမ်းပါဦး ဆိုတော့ သူက
“ကျွန်တော့် မိန်းမပေါ့ ဆရာရယ် .. သူ့ကိုယ်သူ စန္ဒရား လို့ချည့် ပြော နေတယ်။ ကျွန်တော်က မင်းဟာလူပါ ကွာ စန္ဒရား မဟုတ်ပါဘူး ရှင်းပြလည်း မရ ဘူးဆရာ..”
 ဒေါက်တာ ကလည်း “ခင်ဗျား စိတ်ရှည်ရှည်ထားပြီး သူ့ကို ရှင်းပြပါ ဖျောင်းဖျပါ။ ကြာရင် သူလူဖြစ်ကြောင်း နားရည်ဝလာမှာ ပေါ့..”
သူကလည်း “မဟုတ်ဘူးဆရာ ဘယ်လို ရှင်းပြ ရှင်းပြ သူ့ကိုယ်သူ စန္ဒရားပဲ..စန္ဒရားက တစ်ပြားမ လျှော့ ဆိုတဲ့ထဲကပဲ။ ကျွန်တော် ဒီ စန္ဒရား စိတ်ကုန်လှပြီဆရာ.. ကျွန်တော့် ကိုကူညီပါဦး..” ဒီတော့ ဒေါက်တာက
“ဒါဖြင့် ဒီလိုလုပ်ဗျာ၊ ခင်ဗျားမိန်း မ ကို ဆေးခန်းခေါ်ခဲ့..”
 ဒေါက်တာ စကားကို သူကောင်း ကောင်း နားမလည်လိုက်ဘူး။
“ဗျာ..ဘယ်လို..ဘယ်လို..”
ဒေါက်တာက ကြာတော့စိတ်မရှည်
“လူနာ ခင်ဗျားမိန်းမ ဆေးခန်း ခေါ်လာခဲ့လို့ပြောတာ..”
ဒီတော့မှ သူကလည်း ဒေါက်တာ ဦး ဗြေလကို စိတ်ပျက်လက်ပျက် ပြန် ကြည့်ရင်း..
“ဆရာကလည်း ဒုံးဝေးလိုက် တာ။ ကျွန်တော့် စန္ဒရားက အင်္ဂလန် မိတ် အကြီးကြီး။ ဒီသယ်လာ ရမယ်ဆို စရိတ်စက နဲ့ မွဲလောက်တယ်။ ထားပါ။ သယ်လာနိုင်တယ် ထားဦး။ ဆရာ့ ဆေးခန်း အပေါက် သေးသေးလေးထဲ ကျွန်တော့် စန္ဒရားကြီး… ကျွန်တော် စန္ဒရားကြီး..”
 ဒေါက်တာ ဦးဗြေလဟာ ဘာမှ မပြောနိုင်တော့ဘဲ ငေးပြီးသာ ကြည့်နေ မိတော့တယ်။ စန္ဒရားမ ရဲ့ လင်ဆိုတာ ကို….။     ။
ကိုငြိမ်း(မန္တလေး)
Credit; popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်