09-790570465

09-975288547

MOAGs Admin Team

iBest Groups

အဖေ နဲ့တူလို့

Posted by   on Pinterest

ဆောင်းတွင်း တစ်ရက် မနက်စောစော မှာ ကျွန်တော်တို့အိမ်နဲ့ ခပ်လှမ်း လှမ်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ထဲ ကျွန်တော် ထိုင်နေတယ်။ လက်ဖက် ရည်ဆိုင် ထိုင်တိုင်း ကျွန်တော်ဝယ် ဖတ်လေ့ရှိတဲ့ သတင်းစာတစ်စောင် ကို အနီးနားက ဆိုင်ကနေ ဝယ်ယူပြီး ဖတ်ရှုနေ မိတယ်။ ကျွန်တော့် အတွက် လက်ဖက်ရည် တစ်ခွက်က စားပွဲပေါ် မှာ ပူနွေးလို့။ လက်ဖက်ရည် တစ်ငုံ သောက်လိုက်၊ သတင်းစာ ဖတ်လိုက် နဲ့ ကျွန်တော် ဟန်ကျနေတယ်။ မနက် စောစောပေမယ့် ကဖေးဆိုင်မှာ လူ စည်စပြုနေပါပြီ။ ကျွန်တော်ဟာ သတင်းစာ ကိုဖတ်ရင်း ဘေးနား ကစားပွဲကို တစ်ချက်လှမ်းကြည့်လိုက် မိပါတယ်။
ကဖေးဆိုင်၊ လက်ဖက်ရည် ဆိုင် ဆိုတာ လူပေါင်းစုံလာတဲ့နေရာ။ ဘယ်သူဖြစ်ဖြစ် ဝင်ရောက်ခွင့် ရှိတဲ့ နေရာပါ။ အဲဒီဘေးနား ကစားပွဲကို ကြည့်လိုက်မိတော့ အသက်ခပ်ကြီး ကြီး လူကြီးတစ်ယောက် ထိုင်နေတာ ကို တွေ့ရတယ်။ အသက်အရွယ်က အဖေ့လို အရွယ်လောက်ပါ။ ကြည့်ပါ ဦး။ အဲဒီလူကြီးကို သေသေချာချာ ကြည့်လိုက်မိတော့မှ အဖေ့ပုံစံ နဲ့  တော်တော် တူနေပါလား။ အဖေနဲ့တူ လို့ ကျွန်တော် သတိပြုမိပြီး သေသေ ချာချာကြည့်မိတယ်။ လက်ထဲက သတင်းစာကို စားပွဲပေါ် အသာချပြီး ကျွန်တော် ကြည့်နေမိတယ်။
အဲဒီလူကြီးဟာ ဘာကိုမှ စိတ် ဝင်စားဟန် မရှိဘဲ ဒီအတိုင်းထိုင်နေ ပါတယ်။ ကိုယ်ခန္ဓာ အနည်းငယ်ဝ တယ်။ အဖေ့အတိုင်းပဲ။ အဲဒီ လူကြီး ဦးခေါင်း မှာ ဆံပင်ဖြူတချို့ ကို မြင် တွေ့ရပါတယ်။ ဆံပင်ဖြူတွေပေါက် နေပုံ၊ ဆံပင်တိုတိုကို ညှပ်ထားပုံက လည်း အဖေနဲ့တူ တယ်လေ။
အဲဒီလူကြီးဟာ သူ့ကို ကျွန် တော် ကြည့်နေမှန်း သတိမပြုမိဘူး ထင်ပါရဲ့။ သူ့ဘာသိ ဘာသာ ထိုင်နေ ရင်း သူ့ရှေ့က လက်ဖက်ရည် ခွက်ကို တစ်ချက်ကောက်ပြီး မော့သောက် လိုက်ပါတယ်။ အဖေဟာ လက်ဖက် ရည်ကြိုက်သူပါ။ ဒီလူကြီး ကလည်း အဖေ့လို လက်ဖက်ရည် ကြိုက်သူပဲ ထင်ပါရဲ့။ ကျွန်တော်က အဲဒီ လူကြီး ကိုကြည့်ရင်း အဖေ့ကို သတိရလာမိ ပါတယ်။ အဖေက လည်း အခုလို မနက်စောစော လက်ဖက်ရည်ဆိုင် မှာထိုင်ပြီး သောက်တတ်သူပါ။ အဲဒီ လူကြီးက ဆေးပေါ့လိပ် ကိုဖွာနေ တယ်။ အဲဒီလူကြီး ဆေးပေါ့ လိပ်ဖွာ နေတာ ကိုမြင်ရတော့ အဖေလည်း ဆေးလိပ်သောက်ရင်း ဒီလိုပဲနေ မလားလို့ တွေးမိတယ်။ အဖေက ကျွန်တော်တို့ ငယ်ငယ် မှာ ဆေးလိပ် သောက်ခဲ့ပေမယ့် အဖေ အသက် အရွယ် ရလာတော့ ဆေးလိပ်ဖြတ် လိုက်တယ်။
အဲဒီလူကြီးဟာ ဘာစကားမှ မဆိုဘဲ သူ့အတွက် လက်ဖက်ရည် ကို သာ တစ်ကျိုက် သောက်လိုက်၊ ပြီးရင် ဆေးလိပ် ကို အေးအေးဆေးဆေး ဖွာ လိုက်နဲ့။ ကျွန်တော်ဆက်ပြီး အဲဒီ လူကြီးကို ကြည့်နေမိပါတယ်။ အဲဒီ လူကြီး ဝတ်ဆင်ထားတဲ့ အနွေးထည် အရောင် က အဖေ့မှာရှိတဲ့ အနွေး ထည်နဲ့ အရောင်ချင်း တူတယ်။ ကျွန်တော့် မျက်စိထဲမှာ အဲဒီလူကြီး ကို အဖေနဲ့ တူလာတယ် လို့ ထင်မိ တယ်။ မှန်ပါတယ်။ အဖေ နဲ့တူလို့ ကျွန်တော် သေသေချာချာ ကြည့်နေ မိတာပါ။
ကျွန်တော်က သူ့ကို ဒီဘက် ကနေကြည့်နေတာ သိသွားလို့လား မသိဘူး။ အဲဒီလူကြီး က ကျွန်တော့် ဘက်ကို တစ်ချက် လှည့်ကြည့် လိုက် တယ်။ အသားက ခပ်ညိုညို၊ မျက် နှာ ခပ်ပြည့်ပြည့်၊ မျက်ခုံးမွေး က နည်း နည်းထူတယ်။ မျက်လုံး မျက် ဖန်က ကောင်းကောင်း နဲ့ အဖေနဲ့ တူတဲ့လူကြီး တစ်ယောက် ပါ။ အဲဒီလူကြီး ဟာ ကျွန်တော့် ကို မြင်သွားပြီး ဟိုဘက်ကို ပြန်လှည့်သွားတယ်။ ပြီးတော့ သူ့ ဆေးပေါ့လိပ်ကို ပဲ အေးအေးဆေး ဆေး ဖွာနေတယ်လေ။ အဖေဟာ လက်ဖက်ရည်ဆိုင် မှာ မနက် စော စော ဒီလိုပဲလာလာ ထိုင်လေ့ ရှိ တယ်။ လက်ဖက်ရည် ပူပူနွေးနွေးကို ဖြည်း ဖြည်းချင်း အဖေသောက်လေ့ရှိ တယ်။ ဆေးလိပ် ကတာ့ အသက် အရွယ် ရလာတာမို့ အဖေ မသောက် တော့ဘူး။ လက်ဖက်ရည်ဆိုင် မှာ ရပ်ကွက်ထဲက အဖေ့ မိတ်ဆွေ တချို့ နဲ့ ဆုံတွေ့ရင် အဖေက စကား လက် ဆုံကျနေတတ်တယ်။ တစ်ခါတလေ မှာတော့ အဖေ့ကို လက်ဖက်ရည် ဆိုင်မှာ အခုလို တစ်ယောက်တည်း ထိုင်နေတာ ကို တွေ့ရ တတ်တယ်။ အခု ကျွန်တော့်ဘေး စားပွဲမှာ တွေ့ နေရတဲ့ လူကြီးဟာ အဖေတို့ အသက် အရွယ်၊ အဖေတို့ ပုံစံ ပဲ။ ဖြည်းဖြည်း ဆေးဆေး ထိုင်နေပုံဟာ အဖေ့ အတိုင်းပဲလေ။ ကျွန်တော်ဟာ စားပွဲပေါ်က သတင်းစာကို ပြန်ပြီး ကောက်ယူ လိုက် တယ်။ စာမျက်နှာ တစ်ခုကိုဖွင့်ပြီး ဖတ်ဖို့ ပြင်လိုက် တယ်။ စောစောက လူကြီးက အဖေနဲ့ တူတဲ့ လူကြီးပါ။ ကျွန် တော့် အဖေ မဟုတ် ပါဘူး။ အဖေနဲ့ တူလို့ ကျွန်တော် စိတ်ဝင်စားပြီး ကြည့်နေမိ တာပါ။ တကယ်တော့ အဖေဟာ လွန်ခဲ့တဲ့ (၁ဝ) နှစ် လောက်ကတည်း က ကွယ်လွန်ခဲ့ပြီးဖြစ်ပါတယ်။
နေမျိုး
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်