စောဘရန်ငြိမ်း တစ်ယောက် တည်း…
အစည်းအဝေး ထိုင်လျက်ရှိ တယ် ။ ။
(၂)
တိုင်းပြည်အတွက် အလွန်အရေးပါလှတဲ့ အဲဒီအစည်းအဝေးကြီးမှာ.. “အခြား စောဘရန်ငြိမ်းများ…” တင်ပြချက်များကတော့
———————————————————————————————————————————-
ဒါဆို..ရှင်းပါတယ်နော်။…။
(၃)
” အေး..ဒီလိုရှင်းရှင်းလင်း လင်းပြောတာ ကျေးဇူးတင်တယ် …”
အစည်းဝေးခန်းမကြီးထဲမှာတော့ “နည်းတဲ့ စောဘရန်ငြိမ်းတွေ..” မဟုတ်ဘူး။ စောဘရန်ငြိမ်း (အော်)က အခြားစောဘရန်ငြိမ်းတွေကို ဒီကဲ့သို့ရှင်းပြ…
————————————————————————————————- ဆက်ပြီး အရှည်ကြီး ရှင်းပြ..
—————————————————————————————————————————————————————–
————————————–
( ၄ )
လက်ခုပ်သံတွေ တဖျောင်း ဖျောင်း
လက်ခေါက်မှုတ်သံတွေ တရွှီရွှီ
စောဘရန်ငြိမ်း..ဒုန်း..ဒုန်း
စောဘရန်ငြိမ်း..ဒုန်း..ဒုန်း
စောဘရန်ငြိမ်း..ဒုန်း..ဒုန်း
( ၅ )
အရှုံးကိုဆွတ်ခူးပြီး အစည်းအဝေးခန်းမထဲက စောဘရန်ငြိမ်း ထွက်ပြေးသွားပြီ..။ အစည်းအဝေးမှာ ရှယ်ဒီမိုက ရေစီနည်းကျလုပ်တဲ့ အစည်းအဝေးမို့ အနည်းအများမဲခွဲရာမှာ စောဘရန်ငြိမ်း (အော်)မှာ လူနည်းစုဖြစ်ပြီး အခြားစောဘရန်ငြိမ်းတွေက အများစုဖြစ်လို့ စောဘရန်ငြိမ်း ရှုံးသွားပါတယ်။ရှုံးနိမ့်သွားသောအဆိုမှာ..စောဘရန်ငြိမ်း မျက်နှာပေါ်က မုတ်ဆိတ်နှုတ်ခမ်းမွေး၊ ပါးမြိုင်းမွေးနှင့် မျက်နှာပေါ်က အမွေးဟူသမျှ လုံးဝ (လုံးဝ) ဖယ်ရှင်းရိတ်လှီးပစ်ရန် အဆို ဖြစ်ပါတယ်။
အဆိုရှုံးသွားတာဖြစ်တဲ့အတွက် စောဘရန်ငြိမ်း ကိုယ့်မျက်နှာကိုယ် ရှင်းလင်းရေးလုပ်ရတော့မှာဖြစ်တယ်။ စောဘရန်ငြိမ်းအတွက်တော့ ဒီရှင်းလင်းရေးက စစ်ဆင်ရေးတစ်ခု လိုပါပဲ။ ဒီပြဿနာရဲ့အခြေခံက “အရေးကြီးသောဌာနတစ်ခု” သို့မဟုတ် “အရေးကြီးသော နေရာတစ်ခု” က စောဘရန်ငြိမ်းကို လာရောက် စကားပြောပေးဖို့ ဖိတ်ကြားခံရတာ ကစ၊ အခြေခံပါတယ်။ ဒီလိုနေရာမျိုးမှာ စကားပြောဖို့ စောဘရန်ငြိမ်းကို ခံ့ခံ့ညားညား သပ်သပ်ရပ်ရပ်နဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်း ပုံစံမျိုးဖြစ်ဖို့ အခြားစောဘရန်ငြိမ်းတွေက လိုလားနေကြတယ်လေ။ သူတို့ ကပဲ စောဘရန်ငြိမ်း မျက်နှာပေါ်က အမွေးအမျှင်တွေကို မြို့ပြအင်္ဂါရပ်နဲ့ မညီညွတ်ဘူး ထင်နေကြတာဆိုတော့၊ စောဘရန်ငြိမ်းလည်း “အမွေးပဲကွာ..ပြန်မပေါက်ဘဲ နေတာမှတ်လို့..” လို့ တရားနဲ့ဖြေပြီး ရှင်းလင်းရေးလုပ်ပစ်လိုက်တယ်။ မျက်နှာကို ဝတ်လစ်စလစ်ဖြစ်လို့။
စကားပြောရတဲ့အခမ်းအနားမှာ .. ရွှီးဖျောင်းဖျောင်းတွေ..စောဘ ရန်ငြိမ်း… ဒုန်းဒုန်းတွေတော့ များပါရဲ့။ ဒါပေမဲ့ စောဘရန်ငြိမ်း မပျော်ဘူး။
ပြောသာပြောရတာ။ အခုလို မုတ်ဆိတ်ခေါင်းတုံးဖြစ်ခါမှ၊ မုတ်ဆိတ်ဖားလျားဘဝက “မုတ်ဆိတ် ကယ်တည့် ကြွေလေဟန်…” ကို ပြန်ခံစားရတာ ပျော်စရာလည်း ကောင်း၊ စိတ်တိုစရာလည်းကောင်း၊ အားလျော့စရာလည်းကောင်း၊ တက်ကြွစရာလည်း ကောင်းနဲ့ကောင်းလိုက် မကောင်းလိုက်ကြား၊ မုတ် ဆိတ်နေရာမရဖြစ်ခဲ့ရတာလေးတွေ ပြန်တွေးမိ။ ပြုံးစိစိဖြစ်။
အထူးသဖြင့် “ကလေးပေါက်စန” တွေ ထိန်းကျောင်းကြတဲ့ မိန်းမတွေ။ ဒီ မိန်းမတွေက ကလေးပေါက်စနတွေ ရဲ့အမေတွေလည်းဖြစ်တယ်။အဒေါ်တွေလည်းဖြစ်တယ်။ တီတီလေးတွေလည်း ဖြစ်တယ်။ တီတီချောချောကြီးတွေလည်း ဖြစ်တယ်။ အဲ ဒီမိန်းမသားမျိုးတွေဟာ စောဘ ရန်ငြိမ်းရဲ့ မုတ်ဆိတ်တွေ နှုတ်ခမ်းမွေးတွေစတဲ့ အမွေးတွေနဲ့ တစ်နည်းမဟုတ် တစ်နည်းလာပြီး ပတ်သက်ကြတာတွေရှိတယ်။ဒင်းတို့နဲ့ ပတ်သက်စပ်ယှက်ကြပုံက ဒီလို…။ စောဘရန်ငြိမ်းက မုတ်ဆိတ်တဖားဖားနဲ့ ညနေတိုင်း မနော်ရမ္မံဥယျာဉ်မှာ ဗိုလ်လမ်းလျှောက် လုပ်လေ့ရှိပါတယ်။ ကျန်းမာရေးလမ်းလျှောက်တာဆိုတော့ ရိုးရိုးငြိမ်ငြိမ်လျှောက်တာမဟုတ်ဘဲ ခေါင်းခါးခြေ လက်ပေါင်ဒူးအကုန်ပါအောင် လျှောက်တာပေါ့။ ဒီမှာဘာ ဖြစ်သလဲဆိုရင် ဒီဥယျာဉ်အနီး ရပ်ကွက်တွေက ကလေးထိန်းထွက်လာကြတဲ့ မိန်းမတွေနဲ့ ဆုံတော့တာပဲ။ တချို့လည်း ကလေးပေါက်စနလို စက်ဘီးပေါက်စနလေးနဲ့။ ရောင်စုံ ဘောလုံးကလေးတွေနဲ့ တချို့လည်း ကလေးကို ထမင်းခွံ့ရင်း ထမင်းဇလုံ နဲ့။ သူတို့တစ်တွေ ကလေးပေါက်စလေးတွေ ထိန်းကျောင်းရခက်တဲ့ အခါမျိုးနဲ့ စောဘရန်ငြိမ်းလာတာကြုံရင်…
” ဟိုမှာ..အရူးလာနေပြီ..လာနေပြီ…” တို့
” အဲဒါ..ကလေးဖမ်းတဲ့ သူ…” တို့
” မီးမီး ထမင်းလုစားလိမ့်မယ် …” တို့
ဒါမျိုးတွေ စပ်ဖျဉ်းဖျဉ်းခံစားရပေတဲ့ လူကြီးဆိုတော့ စပ်ဖြဲဖြဲက ပြန်လုပ်ကြရသေးတာလေ။ လွယ်ဘူး။ ဒီလိုမျိုးတွေ ခဏခဏဖြစ်လာတော့ ကိုယ့်မုတ်ဆိတ်ကိုယ် စိတ်နာလာတယ်။ ရှင်းပစ်မယ်ပေါ့။ “မုတ်ဆိတ်တွဲလောင်းတော့ကွာ..” ဘာညာပေါ့။ အဲ ..တကယ်တမ်း သန္နိဋ္ဌာန်ချတော့မယ်ဆိုတော့ မုတ် ဆိတ်တွဲ လောင်းလေးကို၊ သမ္မာဒေဝ နတ်ကောင်း ကောင်းတွေစောင့်တဲ့အလား..သိန်သရေကို ထိပါးလို့ မဖြစ်ဘူး ဖြစ်ပြန်ရော။ စကားတတ်ကြီးဆိုတော့ ဥပဓိသုန်ဖျင်း မခံနိုင်ဘူးတို့ ဘာတို့ ဖြစ်ရပြန်ရော။ အမှန်တော့ စောဘရန်ငြိမ်း သူ့ မုတ်ဆိတ်တွဲလောင်းလေးအတွက်၊ သန္နိဋ္ဌာန်တို့သမ္မာဒေဝနတ်တို့၊ သိန်သရေတို့၊ ဥပဓိသုန်ဖျင်းတို့ဆိုတဲ့ စကားလုံးကြီးတွေနဲ့ ကာကွယ်တာ အကြောင်းရှိပါတယ်။ အကြောင်းက မုတ်ဆိတ်စိတ်နာနေတဲ့ စောဘရန်ငြိမ်းဟာ ထုံးစံ အတိုင်း မနော်ရမ္မံ လမ်းလျှောက်ထွက်လာတယ်။ ဒီနေ့ ဇာတ်လမ်းက ကလေးပေါက်စနနဲ့ တီတီ ချောချောကြီးတို့ ဇာတ်လမ်း…စောဘရန်ငြိမ်း လမ်းလျှောက် လာတဲ့ ရှေ့လှမ်းလှမ်းမှာ ကလေး ပေါက်စနနဲ့ တီတီချောချောကြီးတို့ ဆော့ကစား နေတာကိုတွေ့တော့ စောဘရန်ငြိမ်း ရုတ်ခြည်းအိုက်တင် ထည့်ပစ်လိုက်တယ်။
ပြီးတော့ စောဘရန်ငြိမ်း ဒန့် ဒန့်ဒန့်နဲ့ လျှောက်လာ….။ ဒီမှာ တီတီ ချောချောကြီးက ကလေးကို ပြေးပွေ့ပြီး၊ တစ်စုံတစ်ခုပြောလိုက်တဲ့ အမူ အရာကို စောဘရန်ငြိမ်း တွေ့ လိုက်တယ်။ ကလေးကလည်း တီတီ ပြောစကားကြောင့် စောဘရန်ငြိမ်းကို လှမ်းကြည့်ပြီး၊ သူ့တီတီကို တစ်ခုခု ပြန်ပြောလိုက်တယ်။ ဒါကို လည်း စောဘရန်ငြိမ်း သတိထားလိုက် မိတယ်။
ဒါပေမဲ့ စောဘရန်ငြိမ်း ဒန့်ဒန့် ဒန့် မပျက်ပါဘူး။ ဆက်လျှောက်လာတယ်။ တီတီချောချောကြီးက သူတို့ကို ဘာတွေပြောထားမှန်း မသိပေမယ့်၊ ကလေးငယ် ပြန်ပြောသံကြားရတဲ့အခါမှာ..သူ့တီတီဘာပြော ထားလဲဆိုတာ စောဘရန်ငြိမ်း သဘော ပေါက်သွားတယ်။ စောဘရန်ငြိမ်းလည်း သူတို့အနားအရောက် ကလေးက သူ့တီတီကို ပြောလိုက်တာက
“အဲဒီ ဗိုလ်မုတ်ဆိတ်က သား ဖေဖေမဟုတ်ဘူး တီတီ့ယောက်ျား …”
ခုရက်ပိုင်း စောဘရန်ငြိမ်း မနော်ရမ္မံဘက် လမ်းလျှောက်မထွက် ဖြစ်ဘူးသိလား။ မုတ်ဆိတ်မွေး မြန်မြန်ပြန်ထွက်အောင် မေးစေ့ကို “ကြက်သွန်ဖြူ” နဲ့ ပွတ်နေရလို့။ ပွတ်ရလွန်းလို့ မေးစေ့တွေလည်းကျိန်းပြီး၊ ကြက်သွန်ဖြူစော်လည်း နံလှပါပြီ။ ဟုတ်တယ်။ ခုနှယ်ခါ ဒီမေးစေ့ ခေါင်းတုံးလေးနဲ့ မနော်ရမ္မံလမ်း လျှောက်ရင်.. ဟိုသူတော်ကောင်း လေးနဲ့ တွေ့လို့မှ ကလေးငယ်က… သူ့ တီတီ့ယောက်ျားကို မမှတ်မိရင် ဘယ်လိုလုပ်မလဲ..။ ။
စောဘရန်ငြိမ်း
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
No comments:
Write comments