နေ့စဉ် ကျင့်သုံးသင့်သော ဘဝနေထိုင်နည်းများ
လူတွေဟာ အသက်ရှင်နေထိုင်ရင်းနဲ့ မိမိ ပိုင်ဆိုင်ထားတဲ့ဘဝကို စိတ်ဓာတ်ကျတာတွေ ၊ ဝမ်းနည်းတာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒီလို ခံစားနေရတာတွေကို ပြေပျောက်ဖို့အတွက် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလမာရဲ့ ဘဝနေထိုင်နည်းတွေကို ဖော်ပြပေးချင်ပါတယ်။
အောင်မြင်သော ဘဝ နဲ့ ကြီးမားသော ချစ်ခြင်းမေတ္တာကို ရဖို့အတွက် သင့်ဘက်က အများကြီး ပေးဆပ်ဖို့ လိုပါတယ်။
အလုပ်တစ်ခုခုကို လုပ်လို့ ကျရှုံးတဲ့အခါ အရှုံးကို မေ့ပစ်ပြီး သင်ခန်းစာယူတတ်ဖို လိုပါတယ်။
လေးစားမှု ရှိပါ။ မိမိကိုယ်ကို လေးစားပါ။ တစ်ပါးသူကို လေးစားပါ။ သင်ရဲ့ လုပ်ဆောင်ချက် နဲ့ အပြုအမူကို တာဝန်ယူတတ်မှု ရှိအောင် လုပ်ပါ။
တစ်ခါတစ်ရံမှာ သင် လိုချင်တဲ့ အရာကို မရတာဟာ ကံကောင်းတဲ့ လက္ခဏာလို့ မှတ်ယူပါ။
စည်းမျဉ်းစည်းကမ်းတွေကို လေ့လာပါ။ ဒါမှသာ ဒီစည်းမျဉ်းစည်းကမ်းတွေကို ဘယ်လို ချိုးဖောက်ပြီး အသစ်ကို တီထွင်မလဲဆိုတာ သိမှာ ဖြစ်ပါတယ်။
သင်အမှားလုပ်မိပြီလို့ သတိထားမိတာနဲ့ ချက်ချင်းပြန်လည်ပြုပြင်ဖို့ ကိုယ့်ကိုယ်ကို သတိပေးပါ။
တစ်ခါတစ်ရံမှာ တိတ်ဆိတ်ခြင်းဟာ အကောင်းဆုံး အဖြေတစ်ခု ဖြစ်တယ်ဆိုတာ သတိရပါ။
အိမ်တွင်းသာယာမှုဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။
သင် ချစ်ခင်ရတဲ့ လူတွေနဲ့ သဘောတူညီမှုမရတဲ့အခါ လက်ရှိအခြေအနေကိုပဲ ဖြေရှင်းပါ။ အတိတ်က အကြောင်းအရာတွေကို ထည့်သွင်းမပြောပါနဲ့။
သင် သိထားတဲ့ ဗဟုသုတတွေကို တစ်ပါးသူကို ဝေမျှပေးပါ။ ဒီလို ဝေမျှပေးတာဟာ ထာဝရရှင်သန်ခြင်းကို ရရှိနိုင်ပါတယ်။
တစ်ပါးသူရဲ့ အပြုအမူကြောင့် သင့်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုကို အပျက်စီးမခံပါနဲ့။
အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေက သင့်ရဲ့ စိတ်အားငယ်မှုကို အနည်းနဲ့အများတော့ ပြေပျောက်စေမယ်လို့ မျှော်လင့်ပါတယ်။
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)

No comments:
Write comments