09-790570465

09-975288547

MOAGs Admin Team

iBest Groups

အသားရေလှပအောင် ပြန်လည်ကုစားပေးနိုင်တဲ့ ချွေးစက်များ

Posted by   on Pinterest


  ချွေးထွက်ရင် စိတ်အနှောင့်အယှက်ဖြစ်ကြတယ်ဆိုပေမယ့် ချွေးထွက်များတဲ့သူဟာ ပုံမှန်သူတွေထက် အသားရေ ပိုကောင်းတယ်ဆိုတာ လက်ခံပါလား။ စာရေးသူကတော့ ကိုယ်လက်လှုပ်ရှား နည်းနည်းလောက်လုပ်လိုက်တာနဲ့ မျက်နှာနဲ့လက်မှာ ချွေးထွက်တာကို စိတ်ညစ်ခဲ့ရဖူးပါတယ်။ အလုပ်သွားလို့ ကားတိုးစီးလိုက်တဲ့အခါ၊ အစားအသောက် ပူပူလောင်လောင်စားလိုက်မိတဲ့အခါ၊ နေပူထဲ လှုပ်လှုပ်ရှားရှားလုပ်လိုက်တဲ့အခါ၊ အားကစားလုပ်ပြီးတဲ့အခါ ပုံမှန်ထက်ချွေးထွက်တတ်ကြပါတယ်။ တကယ်တော့ ချွေးထွက်တယ်ဆိုတာ စိတ်ညစ်စရာကိစ္စမဟုတ်ပဲ ကိုယ့်ကိုကောင်းကျိုးဖြစ်စေတယ်ဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖော်ပြပေးသွားမှာပါ။

Michigan တက္ကသိုလ်က ဖော်ပြချက်အရ ချွေးဟာ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအနာတရတွေကို ကုစားပေးနိုင်ပါတယ်တဲ့။ ဆေးပညာအခေါ်အဝေါ် eccrine glands လို့ခေါ်တဲ့ ချွေးပေါက်အကြိတ်ဖုလေးတွေဟာ ကိုယ်ခန္ဓာနေရာအနှံ့မှာ ရှိပါတယ်။ အထူးသဖြင့် လက်ဖ၀ါး၊ ခြေဖ၀ါးနဲ့ ချိုင်းကြားမှာ အများဆုံးရှိတာမို့ အပူချိန်ပြောင်းသွားတဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှား၊ စိတ်ဖိစီးမှုဖြစ်လာခဲ့ရင် အကြိတ်ဖုလေးတွေကနေ ပုံမှန်အချိန်ထက် ချွေးပိုထုတ်တတ်ပါတယ်။ ချွေးထွက်တာဟာ အရေပြားက ဆဲလ်အသစ်တွေဖန်တီးပေးဖို့ ဖြစ်လာတာမို့ ချွေးထွက်လို့ စိတ်ရှုပ်ရတာတွေ မေ့လိုက်သင့်ပါပြီ။ ချွေးဟာ ဆဲလ်အဟောင်းတွေဖယ်ရှားပြီး နုနယ်ချောမွတ်တဲ့ ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေပါတယ်။ နောက်ပြီး အရေပြားပေါ်က ဒဏ်ရာတွေကိုလည်း ကုစားပေးနိုင်ပါတယ်။

လူငယ်တွေဟာ လူကြီးတွေထွက် ချွေးထွက်အားပိုကောင်းတာကြောင့် ကုစားမှုက ပိုထိရောက်မြန်ဆန်ပါတယ်။ လူကြီးတွေမှာ eccrine glands က အလုပ်သိပ်မလုပ်နိုင်တော့တာကြောင့် ဆဲလ်အဟောင်းတွေဖယ်ရှားတဲ့နေရာ၊ အရေပြားပေါ်က ဒဏ်ရာတွေကုစားတဲ့နေရာမှာ ထိရောက်မှုအားနည်းသွားတာဖြစ်ပါတယ်။ လူကြီးတွေရဲ့အရေပြားဟာ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီသွားတဲ့အသားရေကို ပြန်လည်ကုစားဖို့ မလွယ်တော့ပါဘူး။

ဒါကြောင့် အသက်လေးဆယ်ကျော်တာနဲ့ ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့ skin care တွေကို ပုံမှန် အသုံးပြုပေးသင့်ပါတယ်။ နေရောင်ခြည်ဒဏ်ကြောင့် အရေပြားမှာ အညိုအမည်းစွဲတာ၊ တင်းတိပ်ဖြစ်တာမျိုး မရှိရအောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ လူငယ်တွေကလည်း ငယ်သေးတာပဲဆိုပြီး ကိုယ့်အသားရေကို ဂရုမစိုက်ပဲ မထားလိုက်ပါနဲ့။ အသက်ငယ်တဲ့သူတွေဟာ ခန္ဓာကိုယ်မှာ ကုစားနိုင်စွမ်းတွေမြင့်တယ်ဆိုပေမယ့် ကိုယ်နဲ့သင့်တော်ရာ skin care တစ်ခုခုကိုတော့ အသက် ၂၅ နှစ်ကျော်တာနဲ့စသုံးဖို့ အကြံပြုချင်ပါတယ်။

နောက်ဆို ချွေးထွက်တာ စိတ်ညစ်စရာတစ်ခုလို မထင်တော့ပါဘူးနော်။ eccrine glands တွေကြောင့် ချွေးများများထွက်လေ ကျန်းမာလေဆိုတာ သိရှိကြပြီထင်ပါတယ်။ တစ်ချိန်က စိတ်ညစ်ခဲ့ရတဲ့ ချွေးစက်တွေဟာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးသလို အသားရေချောမွတ်လှပစေတယ်ဆိုတာ သိရှိပြီးနောက်ပိုင်းမှာတော့ ချွေးထွက်တာဟာ သင့်အတွက် စိတ်ညစ်စရာမဟုတ်တော့တာ သေချာနေပါပြီ။ ချွေးထွက်တိုင်း နေရောင်ခြည်ဒဏ် ကာကွယ်ပေးတယ်ဆိုပေမယ့် ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့ နေလောင်ဒဏ်ခရင်မ်လိမ်းဖို့လည်း မမေ့ကြပါနဲ့နော်။

Ref: www.fitnessmagazine.com
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်