09-790570465

09-975288547

MOAGs Admin Team

iBest Groups

သတင်းကျွတ်တော့မယ် ဆိုတော့ အပျိုကြီးဘဝကို စွန့်လွှတ်တော့မှာလား

Posted by   on Pinterest





  သီတင်းလည်းကျွတ်တော့မယ်ဆိုတော့ လက်မထပ်သေးလို့ဆိုပြီး အပြစ်ပြောကြတဲ့ မိဘတွေကို သိပ်မုန်းပါတယ်။

အသက်အရွယ်အရ လက်မထပ်သေးလို့ဆိုပြီး ပတ်ဝန်းကျင်ရဲ့ မျက်စိကလည်း ကြောက်ရနဲ့ စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒါပင်မဲ့လည်း ဒီခေတ်မှာ ကိုယ့်အရည်အချင်းနဲ့ဆိုရင် ယောင်္ကျားတောင် ယူစရာမလိုတော့တဲ့ ခေတ်ကို ရောက်နေပြီနော်။

စကားကို ရှေ့ပြန်ရောက်သွားပြန်ပြီလို့ မပြောနဲ့နော်။ ကိုယ်တိုင် အသက်အရွယ်အရ အပျိုကြီးအတန်းထဲ ဝင်သွားပြီလားဆိုတာကို မေးကြည့်လိုက်တော့ အဖြေကတော့

Q. အသက်ဘယ်လောက်ကနေ အပျိုကြီးတန်း ဝင်သွားပြီလို့ ခံစားရပါသလဲ ?

Ranking
1. 35 နှစ် - 24.8 %
2. 30 နှစ် - 21.1 %
3. 40 နှစ်အထက် - 16.5 %
4. 36 နှစ် - 7.3 %
5. 34 နှစ် - 5.5 %

မိန်းကလေးတော်တော်များများက အသက် 30 ကျော်သွားပြီဆိုရင် အပျိုကြီးလို့ ခံယူထားပုံရပါတယ်။ ဘာကြောင့်လဲဆိုတာကို ဆက်ပြီးကြည့်လိုက်ရအောင်။

1. 35 နှစ် - 24.8 %
အကြောင်းရှိလို့ လက်မထပ်တာထင်ပါတယ်။ ဒါမှမဟုတ် အိမ်ထောင်ရေးကို စိတ်မဝင်စားလို့ပါ။
ပတ်ဝန်းကျင်မှာလည်း အသက် 35 နှစ်ကျော်မှ လက်ထပ်တဲ့သူလည်း ရှားသွားပြီ။

2. 30 နှစ် - 21.1 %
30 ကျော်လာတော့ ယောင်္ကျားလေးတွေနဲ့တွေဖို့ အချိန်လည်း နည်းလားသလို ခံစားရတယ်။
ရည်စားထားရင်လည်း သူကို ဘဝရဲ့လက်တွဲဖော်အနေနဲ့ လေးလေးစားစား တွဲသွားချင်တော့ ဆုံးဖြတ်ဖို့ရန် ခက်တယ်။

3. 40 နှစ်အထက် - 16.5 %
လက်မထပ်ချင်တဲ့အကြောင်းကိုက ရှိမှာပါ။
40 ကျော်တဲ့ မမတွေက တကယ်ကိုလှတော့ 30 ကျော်တာလောက်နဲ့တော့ ပြသာနာရယ်လို့တော့ မထင်ပါ။

ကဲ ဘယ်သူတွေဘာပဲပြောပြော အပျိုကြီးမကလို့ အအိုကြီးလို့ ပြောခံရပါစေ။ လက်ထပ်လိုက်လို့လဲ အဆင်မပြေရင် မပြေတတ်ပါ။ အသက်ကို ကြည့်ပြီးတွေးနေရင်တော့ စိတ်ညစ်စရာပါ။ ကိုယ့်အတွက် ဘယ်လိုအခြေအနေက အကောင်းဆုံးလဲဆိုတာကို ကိုယ်တိုင် တွေးတော ဆုံးဖြတ်နိုင်ဖို့ရန် အဓိကပါ။

ChelmoTeam  မှ ကူးယူဖြော်ပသည်။

www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်