09-790570465

09-975288547

MOAGs Admin Team

iBest Groups

ခြိုးခြံချွေတာ ဘ၀သာယာ

Posted by   on Pinterest


လူသားတိုင်းကို ပိုက်ဆံရှိမှ ပျော်ရွှင်ရတာမဟုတ်ဘူးဆိုတာကို သိစေချင်လို့ ဒီအကြောင်းအရာကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဘဝမှာ ငွေမသုံးနိုင်လို့ စိတ်ညစ်ရတယ်ဆိုတာမျိုးမရှိပါဘူး။ Less is more ဆိုတဲ့ ဆိုရိုးရှိပါတယ်။ နည်းနည်းလေးရှိတာက အများကြီးရှိသလိုပါပဲ။ ဒါကြောင့် ပိုက်ဆံမဖြုန်းပဲ ပျော်ရွှင်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့ အခြေခံနည်းလမ်းတွေကို အားလုံးသိအောင် ဝေမျှပေးလိုက်ပါတယ်။

 မျက်စိထဲတွေ့တဲ့ အရာတွေကို အကုန်မ၀ယ်ပါနဲ့
 ကြည့်လိုက်တာနဲ့ ချစ်စရာကောင်းပြီး ၀ယ်ချင်စရာကောင်းတဲ့ အရုပ်တွေ ၊ accessories တွေဟာခဏတာမှာတော့ အဆင်ပြေပေမယ့် ကြာလာရင် ငြီးငွေ့သွားတတ်ပါတယ်။ ဒါဆို shopping mall တွေသွားလို့ လိုချင်မိနေရင် ဘယ်လိုလုပ်ရမလဲ??ဒါကတော့ လွယ်ကူပါတယ်။ ဒီလိုပစ္စည်းတွေရောင်းတဲ့ဘက်ကို လုံးဝ မသွားမိပါစေနဲ့။ ဟုတ်ပါတယ်။ နောက်ဆုံးပေါ် အ၀တ်အစား နဲ့ ဖိနပ်တွေကို လုံးဝမ၀တ်လိုက်ရတာတွေ ရှိကောင်းရှိပါမယ်။ ဒါပေမယ့် ဒါတွေကို သင် မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ ခေတ်ပေါ်ပစ္စည်းတွေဟာတာရှည်မခံပါဘူး။ နောက်တစ်မျိုးထပ်ပေါ်ရင် သင် ထပ်ပြီးလိုချင်နေမှာအမှန်ပါပဲ။

 တခါတရံဈေးကြီးတဲ့ အရာတွေမှာ ရင်းနှီးမြှုပ်နှံပါ
ဒီအချက်ဟာ အမြဲတမ်းတော့ အလုပ်မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ ဈေးကြီးတဲ့ ပစ္စည်းတိုင်း အကြမ်းခံပြီးအရည်အသွေးကောင်းတယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အရည်အသွေး မြင့်မားပြီး အချိန်တိုင်းအတွက် အဆင်ပြေတဲ့ အ၀တ်အစားကို ၀ယ်တာကတော့ ကောင်းတဲ့ အကြံဥာဏ် ဖြစ်ပါတယ်။ ဆိုလိုတာက ဈေးကြီးတာတွေ အများကြီး ၀ယ်ယူဖို့ မဟုတ်ပါဘူး။ ဥပမာ အဝတ်အစားကို နှစ်လတစ်ထည်လောက် ၀ယ်မယ်ဆိုရင် တစ်နှစ်ကိုခြောက်ထည်ဖြစ်သွားတာမျိုးပေါ့။ ဈေးပေါပြီးအရည်အသွေးညံ့တဲ့ ပစ္စည်းတွေကို ပိုက်ဆံပေးဝယ်ယူမယ့်အစား ဈေးကြီးပြီးအရည်အသွေးကောင်းတဲ့ ပစ္စည်းကို ၃၊ ၄ နှစ်ခန့် ရေရှည်အသုံးပြုတာကပိုပြီးတန်ပါတယ်။ ဈေးသက်သက်သာသာနဲ့ ရတယ်ဆိုပြီး အများကြီး ဝယ်တာထက်စာရင် အရည်အသွေးကောင်းတာကို ဝယ်ယူတာက ကုန်ကျစရိတ် ပိုမိုသက်သာပါတယ်။

 ပိုက်ဆံမရှိရင် မသုံးပါနဲ့
အကြွေးနဲ့ ပိုက်ဆံသုံးတာဟာအလကားသုံးရတာမဟုတ်ပါဘူး။ အတိုးရော ၊ အရင်းရော ပြန်ဆပ်ကိုဆပ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပိုက်ဆံတတ်နိုင်သလောက် စုပြီး ပိုက်ဆံတတ်နိုင်မှသာ သင်လိုချင်တာကို ၀ယ်ပါ။ ဒီအချက်ဟာ လုပ်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် အရင်ဆုံးတတ်နိုင်သလောက် စုပြီးမှ လိုချင်တာကို ၀ယ်သင့်ပါတယ်။ မမြင်ရတဲ့ ပိုက်ဆံကို ကြိုမသုံးပါနဲ့။ ဘဏ်အကောင့်ဖွင့်ထားတယ်ဆိုရင် အသုံးစရိတ် နဲ့ စုငွေ ဆိုပြီး နှစ်ခုထားပေးပါ။ လုံးဝ လိုအပ်မှသာလျှင် စုငွေထဲကထုတ်သုံးပါ။

 အရာအားလုံးကိုကိုယ့်အားကိုယ်ကိုးပြီးလုပ်ပါ
 လူသားတွေမှာအမျိုးအစား ၂ မျိုးရှိပါတယ်။ ပိုက်ဆံပေးပြီးခိုင်းလို့ ရနေတာကိုကိုယ့်ဟာကိုယ် ဘာလုပ်ဖို့ လုပ်မှာလဲလို့ ပြောတဲ့လူနဲ့ ကိုယ့်ဟာကိုယ် လုပ်လို့ ရနေတာကိုဘာလို့ သူများကိုပိုက်ဆံပေးမလဲလို့ ပြောတဲ့လူတို့ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်တတ်နိုင်သမျှ ကိုယ်လုပ်သင့်ပါတယ်။ ဟုတ်ပါတယ်။ အချို့သောအရာတွေဖြစ်တဲ့ မီးဆင်ခြင်း ၊ ခေါင်မိုးတပ်ဆင်ခြင်းနဲ့ အိမ်ပြောင်းတာတွေကိုတော့ အလုပ်သမားခေါ်ပြီးလုပ်ခိုင်းလို့ ရပါတယ်။ ဒါပေမယ့် ဆေးသုတ်တာ ၊ သန့်ရှင်းရေးလုပ်တာနဲ့ လက်သည်းနီဆိုးတာတွေကိုကိုယ့်ဟာကိုယ် ဘာလို့ မလုပ်ကြတာပါလဲ?? အရာအားလုံးကိုကိုယ့်ဟာကိုယ် ပြုလုပ်တာဟာငွေကုန်သက်သာရုံသာမကအိမ်သားတွေအားလုံးစည်းစည်းလုံးလုံးနဲ့ လုပ်ကိုင်တာကြောင့် စိတ်ကိုပျော်ရွှင်စေပါတယ်။

 အိမ်ပျော်အောင် နေထိုင်ပါ
သင် လောလောဆယ် အိမ်ပိုင်သည်ဖြစ်စေ ၊ မပိုင်သည်ဖြစ်စေ ၊ တစ်ယောက်တည်းနေသည် ဖြစ်စေ၊ အများနဲ့ နေသည် ဖြစ်စေ၊ အိမ်ပျော်အောင် နေထိုင်ပါ။ သင့်ရဲ့အချိန်တွေကို အိမ်မှာအများဆုံး ဖြုန်းပါ။ ဟင်းချက်ပါ။ ကောင်းကောင်းစားသောက်ပါ။ ရုပ်ရှင်ကြည့်ပါ။ စာဖတ်ပါ။ အိမ်မှာအွန်လိုင်းကနေသူငယ်ချင်းတွေနဲ့ ဆက်သွယ်ပါ။ သင့်ရဲ့ ဦးနှောက်ကိုအသုံးပြုပါ။ အိမ်မှာအချိန်ဖြုန်းစရာအများကြီးရှိပါတယ်။ တကယ်လို့ တစ်ယောက်တည်းနေရတာပျင်းရင် သူငယ်ချင်းတွေကိုခေါ်ပြီးအချိန်ဖြုန်းပါ။ အပြင်လျှောက်လည်တာ ၊ ညစာထွက်စားတာ ၊ ဘားသွားတာတွေဟာပျော်စရာကောင်းတာမှန်ပေမယ့် အလကားသွားလို့မရပါဘူး။ သင့်အိမ်မှာတော့ အလကားရပါတယ်။ အိမ်မှာလှဲနေနေ ၊ မှောက်နေနေဘယ်သူကိုမှ ပိုက်ဆံပေးစရာမလိုပါဘူး။

 ရှိတာနဲ့တင် တင်းတိမ်ရောင့်ရဲတတ်အောင် နေထိုင်ပါ
တခါတလေ သင့်မှာရှိတာက သင့်အတွက် လုံလောက်တယ်ဆိုတာကို သတိထားမိဖို့ အရမ်းကိုခက်ပါတယ်။ တကယ်တော့ သူများတွေ ပိုက်ဆံဘယ်လိုသုံးလဲ ၊ ဘယ်လောက်သုံးလဲဆိုတာသင့်ကိစ္စ မဟုတ်ပါဘူး။ ဒီလိုလိုက်ပြီး နှိုင်းယှဉ်တာဟာသင့်ကို ၀မ်းနည်းစေတာကလွဲပြီး ဘာအကျိုးကျေးဇူးမှ မရနိုင်ပါဘူး။ ဒါကြောင့် သင့်မှာရှိတာနဲ့ပဲ ရောင့်ရဲတင်းတိမ်ပြီး သူများပိုင်ဆိုင်မှုတွေကိုမနာလိုမဖြစ်မိပါစေနဲ့။ မိမိရရှိထားတဲ့ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမှသာရခဲတဲ့ လူ့ဘ၀ဟာ နေရကျိုးနပ်မှာ ဖြစ်ပါတယ်။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarrbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်