09-790570465

09-975288547

MOAGs Admin Team

iBest Groups

မိခင်ထံမှ မျိုးရိုးလိုက်တတ်သောရောဂါများ

Posted by   on Pinterest

 
လူသားတွေရဲ့ ကျန်းမာရေးမှာ မျိုးရိုးလိုက်တဲ့ ရောဂါတွေရှိသလို မွေးရာပါ ပါလာတဲ့ ရောဂါတွေလည်းရှိပါတယ်။ သုတေသီတွေရဲ့ အဆိုအရ မိန်းကလေးတစ်ယောက် အပျိုဖော်စ၀င်တဲ့အချိန်ဟာ သူမရဲ့ မိခင် ရာသီစလာခဲ့တဲ့အချိန်နဲ့ တွက်ရင် သုံးလအတွင်းမှာ ဖြစ်ဖို့ ၅၇ ရာခိုင်နှုန်းအခွင့်အလမ်းများပါတယ်။  ဒါ့အပြင် မိဘနှစ်ပါးမှာ မိခင်ကသာ ကျွန်မတို့ကို မွေးဖွားတာ ဖြစ်တာကြောင့် မျိုးရိုးလိုက်တဲ့အခါမှာလည်း အမေရဲ့ ရောဂါတွေက ကိုယ့်ဆီပါလာတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မိခင်ထံကနေ မျိုးရိုးလိုက်တတ်တဲ့ ရောဂါအနေနဲ့ ပြောရရင် အများကြီး ရှိပါတယ်။ ဘယ်လိုရောဂါမျိုးတွေက သင့်ဆီကို မျိုးရိုးလိုက်တတ်လည်းဆိုတာ ကြည့်လိုက်ရအောင်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း
သင့်ရဲ့ မိခင်မှာခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါရှိတယ်ဆိုရင် သင့်မှာလည်းဒီရောဂါဖြစ်ဖို့ အခွင့်အလမ်းက ၇၀ ကနေ ၈၀ ရာခိုင်နှုန်းအထိရှိပါတယ်။ သင့်ရဲ့ ရှေ့မျိုးရိုးမှာ ပြစ်ချက်ရှိရင် ပြင်းထန်တဲ့ ခေါင်းကိုက်မှုတွေဟာမျိုးရိုးလိုက်တတ်ပါတယ်။ မျိုးရိုးမှာချို့ယွင်းချက်ရှိတဲ့အခါ ပြင်ပကအရာတွေဖြစ်တဲ့ အလင်းရောင်ကိုထိတွေ့တာနဲ့ ဦးနှောက်မှာရှိတဲ့ pain receptors ကိုလှုံ့ဆော်မှုဖြစ်ပြိးခေါင်းကိုက်မှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် ရာသီလာချိန်မှာလည်းဒီလိုခေါင်းတစ်ခြမ်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

ရင်သားကင်ဆာ
Mutant gene BRCA1 သို့မဟုတ် BRCA2 ကိုသယ်ဆောင်ထားတဲ့ အမျိုးသမီးဟာသာမန်လူထက် ရင်သားကင်ဆာဖြစ်ပွားဖို့ အခွင့်အလမ်းပိုများပါတယ်။ ချို့ယွင်းချက်ရှိတဲ့ မျိုးရိုးဗီဇကိုပိုင်ဆိုင်ထားတဲ့အမျိုးသမီးအများစုဟာငယ်ရွယ်စဉ်အချိန်တည်းကရင်သားကင်ဆာရောဂါ  ဖြစ်ပွားနိုင်ပါတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့ အမျိုးသမီးတိုင်းအသက် ၄၀ ကျော်တာနဲ့ ရင်သားကို မဖြစ်မနေ ဓာတ်မှန်ရိုက်သင့်ပါတယ်။ ဒါဟာ အရမ်းကို အရေးကြီးပါတယ်။ ဆွေမျိုးသားချင်းထဲမှာ ရင်သားကင်ဆာဖြစ်တဲ့သူရှိတယ်ဆိုရင် မျိုးရိုးဗီဇအရ သင်လည်း ဖြစ်ပွားနိုင်တာကြောင့် ဆေးရုံမှာအမြန်ဆုံးစစ်ဆေးကြည့်သင့်ပါတယ်။

ကိုယ်ခန္ဓာ ကြံ့ခိုင်မှု
ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုဟာလည်းမျိုးရိုးဗီဇအရမိခင်ထံမှ ၅၀ ရာခိုင်နှုန်းမျိုးရိုးလိုက်တတ်ပါတယ်။ လူတွေဟာ ကြွက်သားအားကောင်းဖို့အတွက် လေ့ကျင့်ခန်းကိုအပြင်းအထန် ပြုလုပ်ရပေမယ့် ကြွက်သားတောင့်တင်းတဲ့ မျိုးရိုးဗီဇကိုပိုင်ဆိုင်ထားတဲ့ လူတွေအတွက်ကတော့ လေ့ကျင့်ခန်းကိုလျှော့လုပ်ရုံနဲ့ တူညီတဲ့ ရလဒ်ကိုအလွယ်တကူရရှိနိုင်ပါတယ်။ ပြေြးုခင်း ၊ ရေကူးခြင်း ၊ စက်ဘီးစီးခြင်းစတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို မြန်နှုန်းမြင့်ပြီး ပြုလုပ်ပေးသင့်ပါတယ်။ တစ်ပတ်ကိုအနည်းဆုံး ၃ ကြိမ် ၊ ပြုလုပ်ချိန် ၃၀ - ၄၅  မိနစ်ထိပြုလုပ်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဒာ ကြံ့ခိုင်မှု ရှိအောင် ထိုင်ထလေ့ကျင့်ခန်းနဲ့ အကြောလျှော့ခြင်းတို့ကိုပါ ထည့်သွင်းကစားနိုင်ပါတယ်။

စိတ်ဓာတ်ကျခြင်း
 စိတ်မကျန်းမာခြင်းအထူးသဖြင့် စိတ်ဓာတ်ကျတာဟာမိသားစုမှာ မျိုးရိုးလိုက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ သင့်ရဲ့ မိသားစုမှာဒီရောဂါဖြစ်တဲ့သူရှိဖူးရင် သင်လည်းမျိုးရိုးလိုက်ဖို့ ၁၀ ရာခိုင်နှုန်းသေချာပါတယ်။ စိတ်ဓာတ်ကျတာကိုပြေပျောက်အောင် အိပ်ရေးဝဝအိပ်ပါ။ အရက်သောက်သုံးမှု ပမာဏကိုသတိထားပါ။ မောပန်းနွမ်းလျမှု ၊ စိတ်ဖိစီးမှု နဲ့ အရက်သောက်တာတွေဟာသင့်ကိုစိတ်ကျရောဂါ ဖြစ်အောင် ပိုပြီးလှုံ့ဆော်နေပါတယ်။

အဝလွန်ခြင်း
 Fat gene FTO နှစ်ခုကို သယ်ဆောင်ထားတဲ့သူဟာ တစ်ခုတည်းကိုသယ်ဆောင်ထားတဲ့သူထက် အဝလွန်ရောဂါဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းအခွင့်အလမ်းပိုများပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ မိခင်ကမွေးတဲ့ သမီးမိန်းကလေးတွေမှာ ၄ ရာခိုင်နှုန်းခန့်ပဲ အ၀လွန်ကြပြီးအဝလွန်တဲ့ မိခင်ကမွေးတဲ့ ကလေးတွေမှာ ၄၁ ရာခိုင်နှုန်းကအဝလွန်ကြပါတယ်။ ပန်းသီးပုံစံကိုယ်လုံးကိုပိုင်ဆိုင်ထားတဲ့ လူတွေဟာသစ်တော်သီးကိုယ်လုံးနဲ့ ပိန်တဲ့ သူတွေထက် အဝလွန်ရောဂါကိုမျိုးရိုးလိုက်တတ်ပါတယ်။

ရိုးဆစ်ရောင်ရမ်းနာရောဂါ
သင့်ရဲ့ မိခင်မှာဒီရောဂါ ရှိနေရင် သင့်မှာလည်းဒီရောဂါ ဖြစ်ပွားဖို့ ၅၀ ရာခိုင်နှုန်းအခွင့်အလမ်းရှိပါတယ်။ ဒီရောဂါဟာခုခံအားစနစ်ကကိုယ်ခန္ဓာကိုတိုက်ခိုက်တဲ့အခါ အရိုးအဆစ် နဲ့ အရိုးနုတွေ ရောင်ရမ်းရာမှ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုမှာရောဂါအခံရှိတိုင်းသင် ဖြစ်မယ်လို့ တထစ်ချ ပြောလို့ မရပါဘူး။ ရိုးဆစ်ရောင်ရမ်းနာရောဂါဟာဆေးလိပ်သောက်သုံးသူ ၊ ကဖိန်းသောက်သုံးသူနဲ့ အနီရောင်အသားကိုအလွန်အကျွံစားသုံးသူတွေမှာအဖြစ်များပါတယ်။

သွေးဆုံးခြင်း
သင့်မိခင်ဟာ သွေးဆုံးတာအရမ်းစောတယ်ဆိုရင် သင်လည်း ဒီခြေလှမ်းကိုလိုက်ဖို့အတွက် ၇၀-၈၀ ရာခိုင်နှုန်း အခွင့်အလမ်းများပါတယ်။ အမျိုးသမီးတွေ သွေးဆုံးတတ်တဲ့ ပျမ်းမျှအသက်အရွယ်ဟာ ၅၁ နှစ် ဖြစ်ပြီး အမျိုးသမီးအယောက် ၂၀ မှာ ၁ ယောက်ဟာအသက် ၄၆ နှစ် မတိုင်ခင် သွေးဆုံးတတ်ပါတယ်။ အများဆုံးတွေ့ရတာကတော့ သွေးဆုံးတဲ့အချိန်ဟာ ၈၅ ရာခိုင်နှုန်းခန့်မျိုးရိုးလိုက်တတ်ပြီး ကြိုတင်ခန့်မှန်းလို့ ရပါတယ်။ သွေးဆုံးမှု စောတာကို ဘယ်နည်းလမ်းနဲ့မှ ကြိုတင်ကာကွယ်လို့ မရပေမယ့် သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေ သက်သာစေဖို့အတွက်ကတော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Alzheimer’s
 အယ်ဇိုင်းမားရောဂါဟာ မျိုးရိုးလိုက်တတ်ပြီး ဒီရောဂါကနေတဆင့် မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါလည်း ဖြစ်ပွားနိုင်ပါတယ်။ သင့်ရဲ့ မိခင်ဟာ အယ်ဇိုင်းမားရောဂါကို ခံစားနေရတယ်ဆိုရင် သင်လည်းဒီရောဂါဖြစ်ဖို့အတွက် ၃၀-၅၀ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါ့အပြင် မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါဖြစ်ဖို့ ၃-၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေ ရှိပါတယ်။ ဒါပေမယ့် အသက် ၃၅ နှစ် ကျော်တဲ့အခါ ကိုယ်အလေးချိန် ၊ သွေးပေါင်ချိန် နဲ့ ကိုလက်စထရောကိုသင့်တင့်မျှတအောင် ထိန်းသိမ်းထားနိုင်ရင် မှတ်ဥာဏ်ချို့ယွင်းမှုကို ၂၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်ပါတယ်။

နှလုံးရောဂါ
 နှလုံးသွေးကြောပိတ်တာကြောင့် နှလုံးခုန်ရပ်ခြင်း ဒါမှမဟုတ် မခံမရပ်နိုင်အောင် နှလုံးအောင့်တယ်ဆိုရင် သင်ဟာ နှလုံးရောဂါဖြစ်ပွားဖို့ အခွင့်အလမ်း ၂၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် သင့်မိခင်ဟာ လေဖြတ်ဖူးတယ်ဆိုရင် သင်လည်း လေဖြတ်ဖို့ အခွင့်အလမ်းများပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ inherited vascular disease ဟာ နှလုံးသွေးလွှတ်ကြောနဲ့ ဦးနှောက်သွေးကြောကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ရဲ့ လေဖြတ်ဖူးတဲ့ ရောဂါအခံဟာ သမီးရဲ့ နှလုံးကို ဘာကြောင့်သက်ရောက်မှုရှိလဲဆိုတာကိုတော့ အခုထက်ထိမသိရသေးပါဘူး။ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘ၀ကို ထိန်းသိမ်းထားတာဟာ ကျန်းမာတဲ့ နှလုံးကိုရရှိဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။ ကျန်းမာတဲ့ လူနေမှုဘ၀ကို ရရှိဖို့အတွက် ကိုယ်အလေးချိန်ကို မျှတအောင် ထိန်းသိမ်းပြီး အဆီဓာတ်ပါဝင်တာကို လျှော့စားပါ။

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်