ဆယ်ကျော်သက်အရွယ်တွင် မနှစ်မြို့ဖွယ်ကောင်းလောက်အောင် ၀က်ခြံများစွာပေါက်လေ့ရှိသူများအသက်အ ရွယ်ကြီး လာပါက အသားအရေပိုလှပြီးအရွယ်တင်ကြောင်းတွေ့ရှိရသည်ဟုအသစ်တွေ့ရှိသည့်သုတေသနအ ကြံပြုချက်တွေဖော်ပြထားသည်။အဆိုပါ ဆယ်ကျော်သက်များတွင် အရေပြားဆဲလ်များသည် အိုမင်းရင့်ရော်မှုကိုကာကွယ်ဆန့်ကျင်ပေးသည့်အတွက် အသက်အရွယ်ရလာပါက အသားအရေပိုမိုကောင်းမွန်လာသည်ဟု လေ့ လာမှုများအရသိရသည်။
ချစ်သူကောင်လေးပင်မရနိုင်တော့ဟု ယူဆထားရသည်အထိ အစက်အပြောက်များနှင့်ဝက်ခြံများပေါက်လေ့ရှိသောမိန်း ကလေးသည် လူလတ်ပိုင်းအရွယ်ရောက်လာသည့်အခါ သူမ၏ညိုပြီး အရေးအကြောင်းများနှင့်အသားအရေမှာ ရွယ်တူ မိန်းကလေးများ၏ မနာလိုအားကျရသည်အထိ ဆွဲဆောင်မှုရှိစွာ လှပလာကြောင်း ပြောသည်။အဆိုပါ အရေးအကြောင်းများနှင့် ပါးလွှာသည့်အရေပြားများတွင်ဝက်ခြံများ များစွာပေါက်လေ့ရှိသော်လည်း အသက် အ ရွယ်ကြီးလာသည့်အခါ အိုမင်းရင့်ရော်မှုများကိုကာကွယ်ပေးသည့် လက္ခဏာများကို ကျွမ်းကျင်ပညာရှင်များက သတိပြုမိခဲ့ကြခြင်းဖြစ်သည်။
လူတစ်ဦးချင်းဆီမှ သွေးဆဲလ်များကို လေ့လာမှုပြုခဲ့ရာ သွေးထဲတွင် Spots များ ရောယှက်နေပြီး၊ ယင်းအခြေ အနေ သည် ခရိုမိုဇုန်းတွေ သေဆုံးမှုကို ကြာရှည်မကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်ဟုသိရသည်။ ထို့ပြင် telomeres ဟုခေါ်သည့် ဒြပ်ပေါင်းတစ်မျိုးသည် ဆဲလ်တွင်း DNAအပါအ၀င် macromolecules အစုအဖွဲ့ များ အခြေအနေဆိုးလာခြင်းကိုဖြစ်သည့် chromosomes များကိုကာကွယ်ပေးသည်။ထို ဒြပ်ပေါင်းများ အချိန် အတော် ကြာ ကျုံ့နိုင်ခြင်းသည် ဇီဝဖြစ်စဉ်နဲ့ဆက်စပ်နေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေသည်။
ယင်းသုတေသနပြုမှုကိုဦးဆောင်ခဲ့သူKing’s College Londonမှ Dr Simone Riberoက”နှစ်ပေါင်းများစွာ ၀က်ခြံနဲ့ ပတ် သက်ပြီး သိသိသာသာခံစားခဲ့ရသူတွေဟာ သူတို့ရဲ့သက်တမ်းတစ်လျှောက်ဝက်ခြံသိပ်မခံစားရသူတွေ ထက်အသက် အရွယ်ကြီးရင့်မှုပိုပြီးနှေးကွေးပါတယ်”ဟုပြောသည်။
“နောက်ထပ်အကြံပြုချင်တာကတော့ telomeresဒြပ်ပေါင်းတွေပမာဏများပြားစွာထွက်ပေါ်လာခြင်းနဲ့ ၀က်ခြံမျက်နှာပြင် ပုံစံအမျိုးမျိုးထွက်ပေါ်လာခြင်းက ဆက်စပ်မှုရှိနေတယ် ဆိုလိုတာက အဲဒီဆဲလ်တွေကနေ သူတို့ရဲ့ အရွယ်အိုမင်းခြင်းကို ကာကွယ်ပေးခြင်းဖြစ်ပါတယ်။
ဒီလိုအရေပြားရဲ့ ဇီဝဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့်မျိုးဗီဇ ဖော်ပြမှုနဲ့ဆက်နွယ်နေမှုတွေကိုလည်းသိနိုင်ပါတယ်။တကယ် လို့မျိုးရိုးဗီဇတွေအကြောင်းလည်းဒီအခြေအနေတွေကနေ သေချာတဲ့သိနိုင်မယ်ဆိုရင်တော့နောက် ထပ်လေ့လာစစ်ဆေးမှုတွေတော့ထပ်လုပ်ဖို့လိုပါတယ်”ဟု သူကဆက်လက်ပြောကြားသည်။
www.shhwemom.com မှကူးယူဖော်ပြပါသည်။
ref:mirror.co.uk
No comments:
Write comments