အင်္ဂလန်နိုင်ငံ Camborne, Redruth မှာ ဖွဲ့စည်းထားတဲ့ PCSO ခေါ် ပြည်သူအခြေပြုထောက်ပံ့ရေးရဲတပ်ဖွဲ့မှာ ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက်(43)နှစ်အရွယ်ရှိ Peter Bunyan အမည်ရ ရဲအရာရှိကို တရားရုံးက အသက်မပြည့်သေးသည့် အသက် (၄)နှစ်နဲ့ (၅)နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အဓမ္မကျင့်မှုအပါအ၀င် အခြားအမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ရန် ကြံစည်မှုတွေနဲ့ ထောင်ဒဏ် (24)နှစ် ချမှတ်ခဲ့ပါတယ်။
Peter ဟာ ရဲလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်းမှာ လုပ်ငန်းသုံးဖုန်းနဲ့ လုပ်ပိုင်ခွင့်မျိုးစုံကို အသုံးပြုကာ အပြစ်မဲ့အမျိုးသမီးတွေနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သေးတယ်ဆိုတာကိုလည်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ ၎င်းဟာ ရဲလုပ်ငန်းသုံး ဖုန်းကို အသုံးပြုကာ အမျိုးသမီးတစ်ချို့နဲ့ လိင်ကိစ္စအတွက် ဆက်သွယ်ခဲ့ပြီး ညစ်ညမ်းစာတိုတွေကိုလည်း ပေးပို့ခဲ့ပါတယ်။
Peter ဟာ ဖမ်းဆီးခံရခြင်းမရှိသေးခင်မှာ Cornwall အခြေစိုက်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီး အခုအခါမှာတော့ 2005 2009 ခုနှစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ အဓမ္မမှု သုံးခုအတွက် ရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။ Peter ကို ပြစ်မှုစီရင်ချက်ချခဲ့တဲ့ တရားသူကြီး Simon Carr က ” သူဟာ အသက်လေးနှစ်နဲ့ ငါးနှစ်ကလေးမလေးနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပါတယ် … အဲဒီအချိန်တုန်းက ကလေးမလေးတွေမှာ နာကျင်ခြင်းကလွဲပြီး ဘာမှ သိတာမဟုတ်ပါဘူး .. “လို့ ဆိုခဲ့ပါတယ်။
တရားခံ Peter ဟာ မိမိကိုယ်ကိုယ် နာကျင်စေမှုနဲ့လည်း စစ်ဆေးခံခဲ့ရပြီး ၎င်းက အဓမ္မမှု သုံးခုအနက် တစ်ခုကိုတော့ငြင်းဆိုခဲ့ပါတယ်။ တရားသူကြီး Carr က ” သင်ဟာ ပြစ်မှုကျူးလွန်ချိန်မှာ မသိနားမလည်တဲ့ ကလေး မလေးတွေကို ပစ်မှတ်ထားခဲ့တယ် … ဒါပေမယ့် တစ်ယောက်ကတော့ သင့်ယူနီဖောင်းကို မှတ်မိခဲ့ပါတယ် “လို့ ဆိုခဲ့ပါတယ်။ကလေးသူငယ်တွေအပေါ်မှာ မညှာမတာယုတ်မာခဲ့ကြောင်း သက်သေခိုင်လုံစွာနဲ့ အမှု တည်ဆောက်နိုင်ခဲ့ ပါ တယ်။ ဒါကြောင့် မြို့နယ်တရားရုံးတရားသူကြီး Simon Carr က Peter ကို ထောင် ဒဏ် (24)နှစ် တစ်ပေါင်းတည်း ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
credit : www.shwemom.com
source : metro.co.uk
No comments:
Write comments