09-790570465

09-975288547

MOAGs Admin Team

iBest Groups

သူသင့်ကိုစိတ်မဝင်စားတော့ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ?

Posted by   on Pinterest



အချစ်ဆိုတာ ညည်းငွေ့စကောင်းသော အရာမဟုတ်၊ အချစ်သည် ပေးသောသူနဲ့ညီမျှစွာ ခံယူသော   သူမှာလည်းငြိမ်းချမ်းခြင်း-ဆိုသည့် အကျိုးကျေးဇူးကို ရသည်။ အချစ်ရှိသည့်နေရာတွင် ငြိမ်းချမ်းသည်။ အချစ်  ရှိ  သည့်နေရာတွင် စစ်မက်မဖြစ်ပွား။ အချစ်ရှိသည့်နေရာတွင် အချစ်ရှိပါသည်။ ထို့ကြောင့် တစ်စုံ        တစ်ယောက်နဲ့ ပျော်ရွှင်ရမည်အထင်ဖြင့် လက်တွဲမိကာမှ တစ်ဖြည်းဖြည်း စိတ်ချမ်းသာမှုနည်းလာတယ်၊     တစ်ယောက်နဲ့တစ်ယောက် စကားသိပ်မပြောဖြစ်တော့ဘူး၊ ခဏခဏပြဿနာဖြစ်တယ်၊ နောက်ဆုံး        တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းနေလိုက်ကာမှ နေသာထိုင်သာရှိတော့တယ်-ဆိုတဲ့ အခြေအနေ ကို သင် ရင်ဆိုင်နေရပြီလား။ သင့်ချစ်သူကသင့်ကို စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ထင်သလား။ အထင်နဲ့  မှန်းပြီး မဆုံးဖြတ်ပါနဲ့။ အခြေခံကျတဲ့အချက်အလက်ကလေးတွေနဲ့ တိုက်ဆိုင်ကြည့်ပါ။ ပြီးမှ စိတ်ဒုန်း     ဒုန်းချ ဆုံးဖြတ်ပါ။

1. အနမ်းတွေလည်း မချိုမြိန်တော့

အနမ်းဟာ အရမ်း ဆေးဘက်ဝင်ပါတယ်။ ဖိအားတွေ ကင်းစေတယ်။ ရောဂါပေါင်းစုံအတွက် ခံနိုင်ရည်ကိုလည်းမွေးထုတ်ပေးတယ်။ စိတ်အားတက်ကြွစေတယ်။ ဉာဏ်ကောင်းစေတယ်-စတဲ့ ကောင်းကျိုးတွေ ပေးပါတယ်။ချစ်သူတွေချင်းမှာ နမ်းတဲ့အနမ်းတွေဟာ ပိုလို့တောင် ဆေးဘက်ဝင်ပါတယ်။ အချစ်ဆိုတဲ့ဓာတ် ပါနေလို့ပါ။အဲဒီတော့ သင့်ချစ်သူကို သင်က နမ်းတဲ့အခါ သူ့ဘက်က ဟိုအရင်ကလို တုန့်ပြန်မှုမရှိတော့ဘူးလား၊ လိုလိုချင်ချင် မရှိတော့ဘူးလား၊ မနမ်းဖြစ်အောင် ရှောင်လွှဲနေသလား- ဒီလို အကြိမ်အရေအတွက် များလာရင်တော့သင့်ကို စိတ်ဝင်စားမှုနည်းနေပြီလို့ စပြီး သက်မှတ်လို့ရပါတယ်။
2. သင့်အကြောင်းထက် သူများအကြောင်းကို ပိုပြောလာတဲ့အချိန်
တစ်ယောက်နဲ့တစ်ယောက် တွေ့လိုက်တာနဲ့ အရင်ကလို လုပ်ငန်းကိုင်ငန်း အဆင်ပြေလား၊ ကျန်းမာရေးရောဂရုစိုက်နော်၊ အစားအသောက်လည်း ပုံမှန်စားပေး-စတဲ့ ဂရုစိုက်မှုလေးတွေဟာ ထပ်ခါထပ်ခါဆိုပေမယ့် သမီးရည်းစားတို့ဘ၀မှာ ဘယ်တော့မှ မရိုးနိုင်စကောင်းသောအရာတွေပါ။ ဒီတော့ အဲဒီလိုမဟုတ်ပဲ သင့်ချစ်သူကတစ်ခြားတစ်ယောက်အကြောင်းကို မှတ်မှတ်ရရ ပြောနေတာမျိုးလေးတွေ ရှိလာရင် သင် သတိထားရမယ့်အချိန်ရောက်ပါပြီ။

3. နှစ်ဦးသားတွေ့ချိန်ကျဲပါးသွားတဲ့အခါ

နေ့စဉ်နီးနီး တွေ့နေတဲ့အခါတွေ ရှိသလို လုံးဝမတွေ့တဲ့ရက်လည်း ရှိမှာပါဘဲ။ ကျွန်တော်ပြောချင်တာ  က သင်ကတွေ့ဖို့တစ်နေရာရာကို ခေါ်တဲ့အခါ အရင်ကလို လိုလိုချင်ချင်နဲ့ ရောက်လာသလား၊ အကြောင်းပြ ချက်တွေနဲ့ရှောင်ကွင်းတဲ့ ပုံစံမျိုးရှိလာပြီးလား၊ လုံးဝမလာနိုင်ဘူးလို့တောင် အပြတ်ပြောနေပြီလား သင့်ဘာသာသင်ပဲဆုံးဖြတ်ပါ။

4. ထိပ်တိုက်စကားများရတာတွေ ရှိလာပြီဆိုရင်

ဒါကတော့ ကိုယ့်အတ္တနဲ့ကိုယ်ပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းတော့ ဘယ်လိုလုပ် အမြဲတမ်းတိုက်ဆိုင်မှာလဲပေါ့။ ဟုတ်ပါတယ်။ တကယ်ချစ်တဲ့ချစ်သူအချစ်ချစ် စကားများရန်ဖြစ်တဲ့အခါ ဘေးလူ ကနေဒေါသမဖြစ်ဘဲ သူတို့အစား ပီတိတွေ ပွားနေရတဲ့အထိ ရန်ဖြစ်တာက ကြည့်ကောင်းပါတယ်။ အဲဒီလိုမဟုတ်ပဲတုတ်ဆွဲ ဓားဆွဲအသာထားပါဦး တစ်ယောက်နဲ့တစ်ယောက် ခွန်းကြီးခွန်းငယ် ထန်ထန်မာမာ စကားများ ရန်ဖြစ်ရတာတွေ များလာပြီဆိုရင် သင့်ကို သူ စိတ်ကုန်နေပြီလို့ ယူစလို့ရတယ်။

5. သင့်စိတ်ကို သင်ပြန်ဆန်းစစ်ပါ

ဒါကတော့ အရေးကြီးဆုံးပါဘဲ။ တစ်ချို့က ပါးစပ်က ဘယ်လောက်ပဲ စိတ်ကုန်တယ်ပြောပြော စိတ်က       မပြတ်ဘဲ ညညက ခေါင်းအုန်းကြီးဖက်ပြီး ငိုကြတဲ့သူတွေ များလှပါတယ်။ ဒီတော့ သင်သာ အဓိကကျပါ တယ်။ အထက်ပါအကြောင်းပြချက်တွေကြောင့် သင် စိတ်ထဲမှာ အချစ်ဟာ ပျော်စရာမကောင်းတော့ဘူးလို့ တကယ်ခံစားနေပြီဆိုရင် သေချာပါတယ် သင့်ချစ်သူ သင့်ကို စိတ်မ၀င်စားတော့ဘူး- သို့တည်းမဟုတ် စိတ်ကုန်နေပြီဆိုတာ။

www.shwemom.com မှကူးယူဖော်ပြပါသည်။
Ref:Askmen

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်