လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်က သွေးအမျိုးအစားမတူညီကြရာ ကိုယ့်ရဲ့သွေးအမျိုးအစားကိုလိုက်ပြီး တစ်ချို့ဆိုရင် မတည့်တဲ့ အစားအစာတွေ ရှိကြပါတယ်။ လေ့လာစမ်းသူတို့ရဲ့တွေ့ရှိချက်အရ လူတွေမှာ မိမိတို့ရဲ့သွေးအမျိုးအစားကိုလိုက်ပြီး စားသင့်တဲ့အစားအစာတွေ ရှိသလို ရှောင်ကြဉ်သင့်တဲ့ အစားအစာမျိုးတွေလည်း ရှိကြောင်း ဖော်ပြထားကြပါတယ်။ အဓိကတော့ မိမိရဲ့သွေးအမျိုးအစားနဲ့ ကိုက်ညီတဲ့ အစားအစာတွေကို မှန်ကန်စွာ စားသုံးနိုင်မှုဟာ မိမိရဲ့ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ကြောင်း ဆိုလိုခြင်းပင် ဖြစ်ပါတယ်။
သဘာဝကုထုံးနည်းနဲ့နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်တဲ့ Peter J.D’Adamo ကလူတွေဟာ မိမိတို့ရဲ့သွေးအမျိုးအစားနဲ့ကိုက်ညီတဲ့အစားအစာတွေကို ဂရုတစ်စိုက် စားပေးနိုင်ရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ များကြောင်း ပြောဆိုထားပါတယ်။ အခြေခံအားဖြင့် တစ်ချို့အစားအစာတွေဟာ ဓာတုနည်းနဲ့ မိမိတို့ရဲ့သွေးအမျိုးအစားကို တုန့်ပြန်တတ်တာတွေရှိရာ အစာကြေဖျက်မှု ၊ကိုယ်အလေးချိန် နဲ့ကိုယ်ခန္ဓာစွမ်းအင် အစရှိတဲ့ဏ္ဍတွေအပေါ် တိုက်ရိုက်သက်ရောက်မှုပေးပြီး ရောဂါဖြစ်စေခြင်းပင် ဖြစ်ပါတယ်။ ဒါကြောင့် မတည့်တဲ့အစားအစာတွေ စားမိလို့ အဆိပ်သင့်တယ်၊ ယားယံတယ်၊ ခေါင်းမူးတယ်၊ အော့အန်တယ်ဆိုတာ ဒီလို မိမိတို့ရဲ့သွေးသားတွေနဲ့ မကိုက်ညီတာတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် ဘယ်လို သွေးအမျိုးအစားတွေက ဘယ်လိုအစားအစာမျိုးနဲ့ ကိုက်ညီသလား မကိုက်ညီဘူးလားဆိုတာကို ပညာရှင်တို့ရဲ့လေ့လာတွေ့ရှိချက်ကို ဖော်ပြပေးလိုက်ပါတယ်။
O သွေးအမျိုးအစား
O သွေးအမျိုးအစားကို ပိုင်ဆိုင်ထားတဲ့လူတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားပေးသင့်ကြောင်း ထောက်ခံပေးထားပါတယ်။ ငါး၊ ကြက်သား၊ကြက်ဥ၊ အမဲသား၊ ဆိတ်သား နဲ့ ဟင်းသီးဟင်းရွက်အစရှိတဲ့ အစားအစာတွေဟာ Oသွေးသမားများအတွက် တကယ့်စံပြအစားအစာတွေ ဖြစ်ပါတယ်။
A သွေးအမျိုးအစား
တကယ်လို့ သင်ဟာ A သွေးပိုင်ရှင်ဖြစ်နေခဲ့ရင် အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်နေပြီး အသားတွေစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလို သွေးအမျိုးအစားပိုင်ရှင်တွေဟာ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲတောင့်ရှည်နဲ့ ပဲအမျိုးမိုးတို့ကိုသာ များများစားပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Aသွေးပိုင်ရှင်တွေမှာ ထိခိုက်လွယ်တဲ့ ကိုယ်ခံအားစနစ်မျိုးရှိတာကြောင့် အသားတွေကိုရှောင်ကြဉ်ပြီး သဘာဝအသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကိုသာ များများစားသုံးပေးသင့်တာဖြစ်ကြောင်း ဖော်ပြထားခြင်းပင်ဖြစ် ပါတယ်။
B သွေးအမျိုးအစား
B သွေးအမျိုးအစားပိုင်ရှင်တွေကတော့ ပြောင်းဖူး၊ ပဲနီကလေး နဲ့ ဂျုံ တို့ကို ရှောင်ကြဉ်သင့်ကြောင်း ထောက်ခံဖော်ပြထားကြပါတယ်။ ခရမ်းချဉ်သီး နဲ့ ကြက်သားတို့ဟာလည်း ပြသနာဖြစ်စေတဲ့ အစားအစာတွေထဲမှာ ပါဝင်နေပြန်တယ်။ B သွေးပိုင်ရှင်တွေအတွက် အကောင်းဆုံးအစားအစာတွေက အစီမ်းရောင်ဟင်းသီးဟင်းရွက်တွေ နဲ့ အဆီနည်းတဲ့ အစားအစာတွေဘဲဖြစ်ပါတယ်။
AB သွေးအမျိုးအစား
ABသွေးပိုင်ရှင်တွေအတွက် အစိမ်းရောင်အသီးအရွက်တွေဟာ အကောင်းဆုံးဖြစ်ပြီး ပင်လယ်စာ နဲ့နို့ထွက်ပစ္စည်းတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။ အသားတွေနဲ့ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့AB သွေးပိုင်ရှင်တွေမှာ အစာအိမ်အက်ဆစ်နည်းပါးဖို့စေဖို့လိုတဲ့အတွက်ကြောင့်ဘဲဖြစ်ပါတယ်။
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
No comments:
Write comments