09-790570465

09-975288547

MOAGs Admin Team

iBest Groups

ဆောင်းတွင်းဘက် လက်သည်း အလှမပျက်ရအောင်

Posted by   on Pinterest



ဆောင်းတွင်းအချိန်ဆို ပျိုမေတွေ အသားရေကို ပိုဂရုစိုက်တတ်ကြပါတယ်။ မျက်နှာအသားရေ စိုပြည်အောင် moisturizer ပါတဲ့ skin care တွေ သေချာလိမ်းကြပေးမယ့် တခြားအစိတ်အပိုင်းတွေကို ဂရုစိုက်ဖို့ မေ့လျော့နေကြပါတယ်။ အထူးသဖြင့် လက်သည်းတွေပေါ့။ အခုတစ်ပတ် ဆောင်းတွင်းချိန်ခါ လက်သည်းအလှတွေ မပျက်စီးအောင် ထိန်းသိမ်းမယ့်နည်းတွေ ဝေမျှပေးချင်ပါတယ်။

ပထမဆုံးအချက်အဖြစ် သိသာထင်ရှားလွန်းတဲ့အရာကတော့ moisturizer ပါပဲ။ လက်သည်းရဲ့ သဘာဝကိုက စုပ်ယူမှုအားကောင်းသလို လွင့်ပြယ်မှုလည်း ပိုမြန်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းဘက်မှာ ခြောက်သွေ့ခြင်း ကင်းဝေးချင်ရင် moisturizer ကို မကြာခဏ ပုံမှန်လိမ်းပေးဖို့လိုအပ်ပါတယ်။

လက်သည်းခွံနားတစ်ဝိုက်က လက်ပန်းကုံးတွေကလည်း သင့်လက်သည်းတွေကို ဘတ်တီးရီးယား ပိုးဝင်ခြင်းနဲ့ တခြားသောအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်။ အပေါ်ယံအရေပြားထက်တောင် ပါးလွှာတာမို့ သူတို့ကိုလည်း အသားလှဆီ ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။

အအေးဓာတ်ကြောင့် သင့်လက်သည်းတွေ ကျိုးပဲ့၊ ပျက်စီးလွယ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အေးတဲ့ဒေသက ပျိုမေတွေ အပြင်ထွက်မယ်ဆိုရင် လက်အိတ်၊ ခြေအိတ်ဝတ်ဖို့ မမေ့နဲ့နော်။ အရမ်းအေးတဲ့နေ့တွေဆို အိမ်မှာနေရင်းလည်း ၀တ်ထားပါ။

နေ့စဉ်နဲ့အမျှ ပန်းကန်ဆေး၊ အ၀တ်လျှော်လုပ်နေရတဲ့ မိန်းမသားတွေမို့ လက်သည်းဆိုးဆေးတောင်  ကြာရှည်မခံတတ်ပါဘူး။ ဒီကြားထဲ လက်သည်းပျက်စီးမှုကလည်း ရှိပါသေးတယ်။ ဒါကြောင့် အိုးခွက်ပန်းကန်တွေ တိုက်ချွတ်ဆေးကြောမယ်ဆို ရာဘာလက်အိပ်စွပ်ပါ။ ပန်းကန်းဆေးဆပ်ပြာကိုလည်း chemical အနည်းဆုံးရွေးသုံးပါ။ alchol မပါတဲ့ လက်ဆေးဆပ်ပြာတွေ ရွေးချယ်ပါ။ အေးတယ်ဆိုပြီး ရေနွေးပူတွေသုံးမိရင်လည်း ပျိုမေတို့ရဲ့လက်သည်းတွေ ကျိုးပဲ့စေတာမို့ အရမ်းပူတဲ့ရေနွေးတွေ မသုံးတာကောင်းပါတယ်။

အစားအသောက်ကလည်း လက်သည်းကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ လက်သည်းတွေမှာ keratin လို့ခေါ်တဲ့ ပရိုတင်းဓာတ်နဲ့ ဖွဲ့စည်းထားတာမို့ အသားဓာတ်၊ အသီးအရွက်၊ Biotin၊ Zinc ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ ပဲနီလေး၊ ပဲအမျိုးမျိုး၊ ဥ ၊ ကြက်သား စတဲ့အစားအသောက်တွေကို ရွေးချယ်စားသောက်ပါ။ ရေလည်း လုံလုံလောက်လောက် သောက်ပေးပါ။ လက်သည်းကိုက်တဲ့ အကျင့်ကိုလည်း အပြီးတိုင်ဖျောက်လိုက်ပါ။

လက်သည်းအလှပြင်ဆိုင်တွေ သွားတဲ့အခါမှာလည်း ပြင်ပေးမယ့်သူကို ကြမ်းတဲ့ပစ္စည်းထက် နူးညံ့တာကိုပဲ ရွေးသုံးစေပါ။ ရေနွေးထဲ လက်ကိုအကြာကြီး စိမ်လို့ကောင်းတယ်ဆိုပေမယ့် လက်သည်းတွေ အစိုဓာတ်ခန်းခြောက်ပြီး ကျွတ်ဆတ်စေတာမို့ မလုပ်မိပါစေနဲ့။ 

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်