ချစ်ကောင်းနဲ့ အိမ့်ချစ်တို့ သားအဖနှစ်ယောက်ရဲ့ ၅၂၈ ဆိုတဲ့ ဖျော်ဖြေပွဲက အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ သားအဖနှစ်ယောက်ရဲ့ ဘ၀မှာလုံးဝမေ့လို့မရမယ့် ပွဲတစ်ပွဲလဲ ဖြစ်မယ်လို့ ထင်ပါတယ်။ တေးရေးမောင်သစ်မင်းရဲ့ လေလွင့်ငှက်ရဲ့ခြေရာများ သီချင်းနဲ့ချစ်ကောင်း၊ အိမ့်ချစ်တို့ရဲ့ ၅၂၈ ဖျော်ဖြေမှုစတင်ခဲ့ပါတယ်။ သူတို့ကိုအားပေးတဲ့ သူတို့နှစ်ယောက်ကို အားပေးတဲ့ ပရိသတ်တွေရဲ့ အသက်အရွယ်ကကွာခြားတဲ့အတွက် ဒီပွဲမှာသီဆိုသွားတဲ့ သီချင်းတွေကလဲ ကွာခြားမှုတွေရှိခဲ့ပါတယ်။ ဖခင်ဖြစ်သူ ချစ်ကောင်းရဲ့အကောင်းဆုံး ပရိသတ်တွေကြိုက်တဲ့ သီချင်းအချို့ကို အိမ့်ချစ်ကသူ့ရဲ့ဟန်ပန်နဲ့သီဆိုခဲ့သလို ချစ်ကောင်းကလဲ အိမ့်ချစ်ရဲ့သီချင်းအချို့ကို သူ့ရဲ့ပုံစံနဲ့ဒီဘက်ခေတ်ပုံစံများအတိုင်း သီဆိုခဲ့တာဖြစ်ပါတယ်။

ချစ်ကောင်းနဲ့ အိမ့်ချစ်တို့ သားအဖနှစ်ယောက်တွဲပြီး CK& New Generation ဆိုတဲ့live show မှာ ရေစီးကြောင်းသံယောဇဉ် ဆိုတဲ့သီချင်းကို သီဆိုခဲ့ဖူးတာရှိပေမယ့် နောက်ပိုင်းမှာတော့ စင်မြင့်ထက်မှာသားအဖနှစ်ယောက်တွဲပြီး ဆိုတာမရှိသလောက်ပါ။ ဒီပွဲမှာမှ သားအဖေနှစ်ယောက်တွဲပြီး သီချင်းများစွာ သီဆိုခဲ့တာဖြစ်သလို အိမ့်ချစ်ရဲ့ အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချစ်ကောင်းရဲ့ပရိသတ် အိမ့်ချစ်ရဲ့ပရိသတ်တွေ ကွဲပြားစွာရှိနေပေမယ့် ၅၂၈ ပွဲမှာတော့ အားလုံးကတစ်သားတည်းဖြစ်ခဲ့တာကို မြင်တွေ့ခံစားရပါတယ်။ အိမ့်ချစ်က ပွဲပြီးခါနီးမှာ ဒီပွဲကသူ့ရဲ့အိပ်မက်တစ်ခုပါ ကျေးဇူးတင်ပါတယ်လို့ပြောပြီး ဖခင်ဖြစ်သူကို စင်ပေါ်မှာပဲဝမ်းသာမျက်ရည်များကြားကနေ ထိုင်ကန်တော့ခဲ့ပါတယ်။ ဒါ့အပြင် ပွဲအတွက်နဲ့အစစအရာရာကို စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ဆောင်ပေးတဲ့ မိခင်ဖြစ်သူကိုလဲ အိမ့်ချစ်ကကန်တော့ခဲ့တာပါ။

လူကြမ်းလေး သီချင်းကို သားအဖနှစ်ယောက်အပေးအယူမျှတစွာ ပရိသတ်ကြားထဲဆင်းပြီး ပျော်ရွှင်စွာတင်ဆက်ခဲ့သလို ပန်းစည်းလက်ဆောင်ပေးရင်း နှုတ်မဆက်ချင်ဘူး ဆိုတဲ့သီချင်းရဲ့စာသားအချို့ကို ချစ်ကောင်းရဲ့တောင်းဆိုမှုနဲ့ ရဲလေးက အမှတ်တရသီဆိုပေးခဲ့ပါသေးတယ်။ ချစ်ကောင်းနဲ့ အိမ့်ချစ်တိုပ၇ဲ့ ပရိသတ်များအပြင် အနုပညာရှင်များစွာလဲ တက်ရောက်အားပေးခဲ့ကြတာတွေ့ရပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေအပြင် အနုပညာရှင်သားအဖနှစ်ယောက်ရဲ့ ၅၂၈ ချစ်ခြင်းမေတ္တာတရားတွေကို မြင်တွေ့ရတဲ့ ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။
Photography by: Zwe Nyi

yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments