09-790570465

09-975288547

MOAGs Admin Team

iBest Groups

မနက်ပိုင်း အိပ်ယာစောစောထတဲ့အကျင့်ကို ဘယ်လိုမွေးမြူမလဲ

Posted by   on Pinterest


စောစောအိပ်ပြီး စောစောထတဲ့ အလေ့အကျင့်က လူတစ်ယောက်မှာရှိသင့်တဲ့အလေ့အကျင့်ကောင်းတွေထဲက   တစ်ခုပါ။ ဒါ ကြောင့်ဒီလိုအလေ့အကျင်ကော့င်းလေးကိုဘယ်လိုမွေးမြူနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေး   လိုက်ပါတယ်။
snooze button ကိုမပိတ်ပါနဲ့
မနက်စောစောထတဲ့အလေ့အကျင့်ကို မွေးရာပါဗီဇတစ်ခုလိုရှိမနေဘူးဆိုရင်မနက် စောစောထနိုင်အောင်နာရီနှိုးစက်ပေးမိမှာပါ။ဒါပေမယ့် သေချာတယ်မနက်နှိုးစက်မြည်တဲ့အခါပိတ်ပြီးပြန်အိပ်တဲ့သူ မရှိသလောက်ပဲ။အဲဒီလို နှိုးစက်ရဲ့snooze buttonကိုပြန်ပိတ်ပြီးအိပ်ရင်တော်တော်ကြာပြန်နိုးတော့မှာမဟုတ်ပါဘူး။ အလုပ်ချိန်၊ ကျောင်းချိန်၊ ချိန်းထား တဲ့နေရာကိုအရောက်သွားဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ဒါကြောင့် နှိုးစက်ကို ပြန်ပိတ်အိပ်တာမျိုးမလုပ်ပါနဲ့။ညအိပ်ယာမ၀င်ခင်ကတည်းကမနက်စောစောထရမယ်ဆိုတဲ့စိတ်ကိုသွင်းပြီးအိပ်ပါ။စိတ်လွတ်ကိုယ်လွတ်အိပ်သင့်သလောက်အိပ်လို့ရပေမယ့် သတိလက်လွတ်မအိပ်မိပါစေနဲ့။
အကောင်းဆုံးအရာတွေကိုစဉ်းစားပါ
နှိုးစက်မြည်လို့ နိုးလာတဲ့အခါ နှိုးစက်ခလုတ်ကို ပြန်ပိတ်ပြီး ပြန်အိပ်ဖို့ထက်တစ်နေ့တာအတွက်လုပ်မယ့်အကောင်းဆုံးအရာတွေကိုချက်ချင်းစဉ်းစားလိုက်ပါ။ဒါမှမဟုတ်တစ်နေ့လုံးမှာသင့်အတွက်ကောင်းမွန်တဲ့ကိစ္စတွေဖြစ်လာနိုင်သလားဆိုတာစဉ်းစားပါ။အဲဒီအခါ သင့်ဦးနှောက်ရဲ့ လှုံ့ဆော်မှုကြောင့် လန်းလန်းဆန်းဆန်းဖြစ်လာပါလိမ့်မယ်။
လှုပ်လှုပ်ရှားရှားနေပါ
တချို့ဆို နှိုးစက်မြည်တယ်။ရေသောက်၊အပေါ့အပါးသွားပြီး ပြန်အိပ်တာမျိုးတွေတောင်ရှိတယ်။အဲဒီလိုဆိုရင်တော့မနက်အိပ်ရာစောစောထဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့်  နိုးလာပြီဆိုရင်ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားနေပေးပါ။မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တာဟာကောင်းတဲ့အလေ့အထလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်လှုပ်ရှားမှုကြောင့် သွေးလည်ပတ်မှုကောင်းစေပြီးကျန်းမာရေးနဲ့ညီညွတ်သလို တစ်နေ့တာအတွက်လိုအပ်တဲ့ အင်အားတွေဖြစ်စေမှာပါ။
ရေတစ်ဖန်ခွက်သောက်ပါ
ညအိပ်ရာဝင်ခါနီးတိုင်း ရေများများသောက်ခြင်းကို ရှောင်ပါ။တစ်ညလုံးသင့်ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေတဲ့အတွက် ရေဆာပြီးမနက်စောစောထဖို့သင့်ကိုအထောက်အကူဖြစ်စေပါလိမ့်မယ်။အဲဒီလို နိုးလာတဲ့အခါ ဖြည်းဖြည်းမှန်မှန်အသက်ရှူပြီး ရေတစ်ဖန်ခွက်သောက်ပါ။လိုအပ်နေတဲ့ရေဓာတ်ကို ဖြည့်ဆည်းပေးလိုက်တဲ့အတွက်သင့်ခန္ဓာကိုယ်မှာလန်းဆန်းတက်ကြွမှုကိုခံစားလာရပါလိမ့်မယ်။
အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကို လုပ်ဖြစ်ဖို့ဆိုရင်တော့ အိပ်ခန်းအပြင်ကိုထွက်မှရမှာနော်။မနက်ခင်းရဲ့         နေရောင်ခြည် အနွေးဓာတ်ကိုရရှိဖို့အိပ်ခန်းတံခါး၊ ပြူတင်းပေါက်များကိုဖွင့်ပါ။ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ဖို့”Shoe,Shorts,Shirt”ဆိုတဲ့အတိုင်းဖိနပ်၊ ဘောင်းဘီတို၊တီရှပ်စတဲ့ခန္ဓာကိုယ်ကိုသက်တောင့်သက်သာဖြစ်စေမယ့်ဝတ်စုံများဖြင့် လေ့ကျင့်ခန်းပြုလုပ်ပါ။သဘာဝတရားက ဆုလာဘ်အနေနဲ့ပေးထားတဲ့ မနက်ခင်းနေရောင်ခြည်    ကြားမှာ သာယာတဲ့ပတ်ဝန်းကျင်ကို အပြည့်အ၀ခံစားလိုက်ပါ။

www.shwemom.com ကူးယူဖော်ပြပါသည်။
ref:motto.time.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်