ပိုက်ဆံပေးစရာမလိုဘဲ Instagram မှာ follower ပိုများအောင်လုပ်နည်း
Instagram "like" ဂိမ်း ကစားနည်း သိပြီဟုတ်။ Follower ပိုရအောင်လုပ်နည်းအကြောင်း ပြောပြပါမယ်။ Follower ပိုများအောင် ပိုက်ဆံပေးရတာလို့ ကြားကောင်းကြားပါလိမ့်မယ်။ ဒါက ကျွန်ုပ်တို့ လုပ်ပြုလုပ်မယ့်နည်းတော့ မဟုတ်ပါဘူး။ ငွေမကုန်ဘဲ follower ပိုရအောင် ပြုလုပ်နည်းတွေရှိပါတယ်။ လွယ်ကူတဲ့ ဒီနည်းလမ်းအဆင့်ဆင့်တွေ လိုက်နာဆောင်ရွက်ရုံပါပဲ။
၁။ သစ္စာရှိ like ပေးသူဖြစ်အောင် ကျင့်ပါ
ဖော်ပြထားသလိုပဲ သစ္စာရှိတဲ့ like ပေးသူတစ်ယောက်ဖြစ်ဖို့ အရေးကြီးပါတယ်။ အချစ်ဆုံးသူတွေရဲ့ ဓာတ်ပုံကို like ပေး ကော်မန့်ပေးရုံမဟုတ်ဘဲ ကိုယ်ကောင်းကောင်းမသိတဲ့ friend တွေရဲ့ ဓာတ်ပုံတွေပါ like လုပ်တဲ့အထိ ပြုလုပ်နိုင်ပါတယ်။ စောင့်ကြည့်ပါ။ Follow ပြန်ရပါလိမ့်မယ်။
၂။ Hashtag တွေ ပါးပါးနပ်နပ် ရွေးချယ်အသုံးပြုပါ
Hashtag တွေ သိပ်သုံးလွန်းတာ မိမိကိုယ်မိမိ သေကြောင်းကြံတာနဲ့ အတူတူပါပဲ။ သို့ပေမယ့်လည်း hashtag မပါဘဲ follower ပိုများလာမှာတော့ မဟုတ်ပါဘူး။ ဒီတော့ ဘယ် hashtag တွေသုံးမလဲ စဉ်းစားဆုံးဖြတ်တဲ့အခါ follower တွေ ပိုတိုးစေမယ့် (#FF+Follow Friday, #LB=like back, #141=like for like) စတာတွေ ထည့်သွင်းစဉ်းစားပါ။ နောက် လူသိများတာက (#love, #instaggood) စတာတွေ ဖြစ်ပါတယ်။
၃။ Follower ရဲ့ သဘောထားကို အသုံးချပါ
Profile ဆီ သွားပြီး ညာဘက်အပေါ်ထောင့်က settings ကို နှိပ်ပါ။ ဘယ်သူတွေ follow မလုပ်သေးလဲ သိဖို့ "Follow People" အောက်က "Facebook Friends" ကို နှိပ်ပါ။ သူတို့ကို follow လုပ်ပေးပါ။ follow ပြန်လုပ်ရင် လုပ်လာပါလိမ့်မယ်။ ဖုန်း contact ထဲက follow မလုပ်သေးတဲ့သူတွေကို အဲဒီနည်းအတိုင်းလုပ်ပေးပါ။
Ref: Shefinds
Trendmyanmar.com မှကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)
No comments:
Write comments