မိမိဖေ့စ်ဘွတ်ခ်အကောင့်ကို လုံလုံခြုံခြုံ ထိန်းသိမ်းထားချင်တယ်ဆိုရင်
ကိုယ်သုံးနေတဲ့ ဖေ့စ်ဘွတ်ခ်ကို အကောင့်ခိုးရတာမျိုး၊ ဟက်ခ်လုပ်ခံရတာမျိုးတွေ မဖြစ်အောင် ကိုယ့်ဘက်ကလည်း ဖေ့စ်ဘွတ်ခ်က တစ်ချို့ကို feature တွေကို သိထားမှ ဖြစ်မှာပါ ။ ပထမဆုံးသင်သိထားရမှာက ဖေ့စ်ဘွတ်ခ်က login verification နဲ့ alerts တွေ စီစဉ်ဖန်တီးပေးထားတယ်ဆိုတာပါ။ ဒါပေမယ့် နောက်ထပ် ရွေးချယ်စရာတွေ တပြုံကြီးရှိပါသေးတယ်။ ဥပမာ -trusted contacts (မိမိအကောင့်ဝင်မရဘဲ ဒုက္ခရောက်တဲ့အချိန် သေချာပေါက်အကူအညီပေးနိုင်တဲ့ ယုံကြည်အားကူးရတဲ့ friend) တွေ setting ချိန်ညှိနိုင်ပြီး ဘယ် browser၊ ဘယ် app ကနေ sign in ဝင်ခဲ့သလဲဆိုတာ ကြည့်ရှုနိုင်ပါတယ်။
Security Settings ပေ့ခ်ျမှာ တွေ့ရမယ့် အလွန်အသုံးဝင်တဲ့ feature က "where you've logged in" ပါ။ သင်ဟာ friend place ကိုသွား၊ ကွန်ပျူတာနဲ့ ဖေ့စ်ဘွတ်ခ် log in ဝင်လိုက်ပြီး ပြန်ထွက်တဲ့အခါ log out လုပ်ဖို့ မေ့သွားတယ်ဆိုပါစို့။
ဖုန်းကနေပဲဖြစ်ဖြစ်၊ ကွန်ပျူတာကနေပဲဖြစ်ဖြစ် sign out လုပ်ဖို့ ဒီ option ကို အသုံးပြုနိုင်ပါတယ်။ "End Activity" ဆိုတဲ့ လင့်ခ်လေး နှိပ်လိုက်ရုံပါပဲ။ Help ပေ့ခ်ျသို့ ဝင်ပါက ဖေ့စ်ဘွတ်ခ်ကနေ အရင် login ဝင်ရောက်မှုတွေ ဖော်ပြပေးထားပြီး အသုံးပြုရအဆင်ပြေလွယ်ကူတဲ့ wizard-style Security Checkup ကို တွေ့ရပါလိမ့်မယ်။ တစ်ချက် နှိပ်ရုံဖြင့် sign out ပြုလုပ်၊ alert တွေ ပြန်လည်စစ်ဆေးပြီး password လမ်းညွန်ချက်တွေ ရရှိစေပါလိမ့်မယ်။
Ref: TOI
trend myanmar မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com
Subscribe to:
Post Comments (Atom)

No comments:
Write comments