ဘယ်အရာကိုမဆို များများလေ့ကျင့်ခြင်းမှ ကျွမ်းကျင်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ သင်ဟာ မိတ်ကပ်ကို နေ့တိုင်း လိမ်းခြယ်နေတယ် ဆိုရင်တောင်မှ မိတ်ကပ်လိမ်းခြယ်နည်း အမှားတွေကို ပြုလုပ်မိတတ်ပါတယ်။ ဒါကြောင့် သင်နေ့စဉ် ပုံမှန် လိမ်းခြယ်နေတဲ့ မိတ်ကပ်လိမ်းနည်းတွေထဲမှာမှ မှားတတ်တဲ့ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။
မနက်ခင်းတိုင်းမှာ အမျိုးသမီးတွေဟာ အလုပ်ကိစ္စ ၊ ကျောင်းကိစ္စတွေကြောင့် အလျင်လိုတတ်ပါတယ်။ ဒီလိုအလျင်လိုတဲ့အခါ skincare ကိုပါ အမြန်လိမ်းမိကြပါတယ်။ ဒါပေမယ့် moisturizer လိမ်းခြယ်တဲ့နေရာမှာ သင့်ရဲ့ အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်ဖို့လိုအပ်ပါတယ်။ Moisturizer စိုစွတ်နေတဲ့အချိန်မှာ ဖောင်ဒေးရှင်းကိုလိမ်းခြယ်မိရင် မိတ်ကပ်ကွက်တတ်ပြီး သင့်ရဲ့ အချိန်တွေကို ပိုပြီး ကြန့်ကြာစေပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လောက်ပဲအရေးကြီးနေပါစေ moisturizer ကောင်းကောင်းစိမ့်ဝင်မှ အပေါ်ကတခြားအလှကုန်တွေကို အဆင့်ဆင့် လိမ်းပေးသင့်ပါတယ်။
ကျွန်မအပါအ၀င် အမျိုးသမီးအများစုဟာ မိတ်ကပ်ဝယ်ယူတဲ့အခါ လက်ခုံပေါ်မှာ စမ်းသပ်ကြတာများပါတယ်။ တကယ်တော့ မိတ်ကပ်ဝယ်ယူတဲ့အခါ စမ်းလိမ်းကြည့်သင့်တဲ့ နေရာတွေကတော့ မျက်လုံးအောက်ဘက် ၊ နှာခေါင်းနှင့်အနီးတစ်ဝိုက်နေရာ ၊ ပါးရိုး နှင့်ေ မးရိုးတို့ပဲ ဖြစ်ပါတယ်။ သင်နဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းအရောင်ဟာ သင့်ရဲ့အသားအရေနဲ့ တစ်သားတည်း ဖြစ်ပြီး ချောမွေ့နေပါတယ်။ အကယ်၍ အရောင်နဲ့ ပတ်သက်ပြီး မိမိနဲ့ မလိုက်ဖက်မှာ စိုးရိမ်ရင် အသားအရောင်ထက် နည်းနည်းညိုပြီး ရင့်တဲ့ ဖောင်ဒေး ရှင်းအရောင်ကို ရွေးချယ်သင့်ပါတယ်။ ညိုရင့်တဲ့အရောင်ဟာ အပြစ်အနာအဆာတွေကို ကောင်းကောင်းဖုံး ကွယ်နိုင်ပြီး သင့်ရဲ့ အသားအရောင်ကို ပိုမိုဝင်းပစေပါတယ်။
ကွန်ဆီလာအသုံးမပြုခင် ဖောင်ဒေးရှင်းကိုအရင် လိမ်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖောင်ဒေးရှင်းကို ကွန်ဆီလာအပေါ်က ထပ်လိမ်းတဲ့အခါ ကွန်ဆီလာဟာ ပြန့်သွားနိုင်ပြီး သင့်ရဲ့ မိတ်ကပ်ခြယ်သမှုဟာ အလဟဿ ဖြစ်သွားနိုင်ပါတယ်။
အလှကုန်ပစ္စည်းတွေ သုံးတဲ့အခါ ကျွန်မတို့ဟာ brush ကို အသုံးပြုတာထက် လက်ချောင်းလေးတွေကို ပိုပြီး အသုံးပြုကြပါတယ်။ ဘာလို့လဲဆိုတော့ Brush ကို အသုံးပြုရတာ အရမ်းကို အလုပ်ရှုပ်တာကြောင့်ပါ။ ဒါပေမယ့် Brush ကို အသုံးပြုတာဟာ လက်ချောင်းလေးတွေထက် ပိုပြီး အသုံးဝင်ပါတယ်။ Foundation brush ဟာ မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်သားကို ချောမွေ့ပြီး ဆွဲရတာ ပိုမိုလွယ်ကူပါတယ်။ ဒါကြောင့် Brush ကောင်းကောင်းတစ်ခုတော့ မဖြစ်မနေ ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒီလို Brush ကောင်းကောင်းတစ်ခုကို ၀ယ်ယူပြီး လိမ်းခြယ်ပြီးတဲ့အခါ တစ်ပတ် တစ်ခါ ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့တော့ မမေ့နဲ့နော်။
နောက်တစ်ခုကတော့ Primer ဖြစ်ပါတယ်။ ဒီအဆင့်ကို မမေ့သင့်ပါဘူး။ Primer ဟာ သင့်ရဲ့အသားအရေကို ဖောင်ဒေးရှင်းလိမ်းတဲ့အခါ ချောမွေ့ပြီး တာရှည်ခံအောင် ကူညီပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းတွေကိုလျော့ပါးစေတဲ့အတွက် မိတ်ကပ်သားတွန့်တာကို မဖြစ်စေပါဘူး။ အသားအရေအမျိုးအစားပေါ် မူတည်ပြီး control shine ၊ radiance boost အစရှိသဖြင့် primer အမျိုးအစားအများကြီးရှိပါတယ်။ မိမိအသားအရေနဲ့ အဆင်ပြေရာကို ရွေးချယ်အသုံးနိုင်ပါတယ်။
ဒီလောက်ဆိုရင် မိတ်ကပ်လိမ်းခြယ်ရာမှာ မှားတတ်တဲ့ အမှားတွေကို သိလောက်ပြီလို့ ထင်ပါတယ်။ အမြဲတမ်း လှပနိုင်ကြပါစေ။
Ygangonlife.com မှကူးယူဖော်ပြပါသည်။


No comments:
Write comments