09-790570465

09-975288547

MOAGs Admin Team

iBest Groups

ကျန်းမာရေးနဲ့ အလှအပအတွက် လီမွန်ဖျော်ရည်

Posted by   on Pinterest



ဒီတစ်ပတ်တော့ သံပုရိုသီးလို့လူသိများတဲ့ လီမွန်သီးအကြောင်းကို ပြောပြချင်ပါတယ်။ ဗီတာမင်စီရဲ့ သင်္ကေတလို့ပြောနိုင်တဲ့ သံပုရိုသီး(လီမွန်)ဟာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး သဘာဝအသီးတစ်မျိုးပါ။ မိုးရာသီမှာဖြစ်တတ်တဲ့ အအေးမိ၊ ဖျားနာခြင်းကို ကာကွယ်ပေးနိုင်သလို စိတ်ဖိစီးမှုကိုလည်း လျော့ချပေးတာကြောင့် ပျော်ရွှင်ဖွယ်နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါတယ်။ လီမွန်မှာ ဗီတာမင်စီ၊ ဗီတာမင် B-complex ၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ အများအပြားပါဝင်ပါတယ်။ ပိုတက်စီယမ်ဆိုရင် ပန်းသီးနဲ့စပျစ်သီးတို့ထက်တောင် ပိုများတယ်လို့ သိရပါတယ်။

လီမွန်သီးသာမက လီမွန်ဖျော်ရည်ကလည်း ကျန်းမာရေးကို အထောက်အကူပြုနိုင်စွမ်းတွေရှိပါတယ်။ မနက်အိပ်ရာနိုးနိုးချင်း ကြက်သီးနွေးရေနဲ့ဖျော်ထားတဲ့ လီမွန်ဖျော်ရည်တစ်ခွက် သောက်ပေးမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ပါတယ်တဲ့။ တခြားဘယ်လိုအကျိုးကျေးဇူးတွေ ထပ်ရှိဦးမလဲဆိုတာ လေ့လာကြည့်ရအောင်။

လီမွန်မှာ အချဉ်ဓာတ်အရမ်းများတာကြောင့် သူ့ချည်းပဲဒီအတိုင်းသောက်မယ်ဆိုရင် သွားကြွေလွှာတွေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကြက်သီးနွေးရေလေးနဲ့ ကိုယ်ကြိုက်တဲ့အရသာပေါ်မူတည်ပြီး ဖျော်သောက်နိုင်ပါတယ်။ အစပိုင်းမှာပြောခဲ့သလိုပဲ ပိုတက်စီယမ်ဓာတ် အမြင့်ဆုံးစာရင်းဝင်အသီးမို့ နှလုံး၊ ဦးနှောက်အာရုံကြောစနစ် လုပ်ဆောင်မှုတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ အစာချေစနစ်ကို ကောင်းမွန်စေသလို ကိုယ်တွင်းရှိအဆိပ်အတောက်တွေကို ပြေလျော့စေကာ လေချဉ်တက်တာ၊ ရင်ပူရေဆာဖြစ်တာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ အဆိပ်အတောက် ဖယ်ရှားပေးတာကြောင့် ကျောက်ကပ်လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။

သွားဖုံးရောင်တာ၊ သွားနာတာကို သက်သာပျောက်ကင်းစေတာကြောင့် သွားမတိုက်ခင် လီမွန်ဖျော်ရည်သောက်တာဖြစ်ဖြစ်၊ သွားတိုက်ပြီးမှ သောက်တာဖြစ်ဖြစ် ပုံမှန်သောက်မယ်ဆိုရင် သွားရောဂါကင်းဝေးစေပါတယ်။

ပျိုမေတို့ရဲ့ အလှအပအတွက်လည်း အထူးကောင်းတဲ့ဖျော်ရည်ပါ။ နေ့စဉ် လီမွန်ဖျော်ရည်တစ်ခွက် သောက်ပေးရုံနဲ့ မျက်နှာပေါ်က အစက်အပြောက်တွေ၊ အရေအကြောင်းတွေကို သက်သာစေပြီး ချောမွတ်လှပစေနိုင်ပါတယ်။ အမာရွတ်ကြောင့် စိတ်ညစ်နေတဲ့ပျိုမေတွေအတွက်လည်း ပျောက်ကင်းစေတယ်ဆိုတာ သတင်းပေးလိုက်ပါရစေ။

လီမွန်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါတာကြောင့် အစားအသောက်အလွန်အမင်းစားချင်စိတ်ကို လျော့ချပေးနိုင်ပါတယ်။ ဒါဆို ကိုယ်အလေးချိန်ထိန်းချင်တဲ့ပျိုမေတွေ သုံးကြည့်သင့်တဲ့နည်းလမ်းတစ်ခုပါပဲ။ လီမွန်ဖျော်ရည်ကို နေ့စဉ်ပုံမှန်သောက်သွားမယ်ဆိုရင် ရလာမယ့်နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ ကိုယ်တွင်းအက်စစ်ဓာတ်ကို လျော့ကျစေတာပါ။ ဒါ့ပြင် အရိုးအဆစ်တွေမှာ uric acid ဓာတ်များတာကိုလည်း လျော့ချပေးနိုင်ပါတယ်တဲ့။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ လီမွန်ဖျော်ရည်တစ်ခွက်ကို မနက်ဘက် ကော်ဖီတစ်ခွက်နေရာမှာ ဒီနေ့ပဲအစားထိုးလိုက်ပါ။ ရောဂါကာကွယ်စွမ်းအားတွေရှိပြီး အသားရေလှပစေနိုင်စွမ်းတွေရှိတဲ့ လီမွန်ဖျော်ရည်ဖျော်ဖို့ နည်းလမ်းလေးပေးချင်ပါတယ်။ ကိုယ်အလေးချိန် ပေါင် ၁၅၀ အောက်ဆိုရင် လီမွန်သီးတစ်ဝက်ဆို လုံလောက်ပါတယ်။ ပေါင် ၁၅၀ အထက်ဆိုရင်တော့ တစ်လုံးလုံးဖျော်သောက်ရပါမယ်။ ကိုယ်ကြိုက်တဲ့ အရသာပေါ်မူတည်ပြီး ကြက်သီးနွေးရေကို အတိုးအလျော့လုပ်နိုင်ပါတယ်။ အာလုံးပဲ ကျန်းမာလှပတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Ref: www.lifehack.org
yangonlife မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်