09-790570465

09-975288547

MOAGs Admin Team

iBest Groups

သင်ကအရမ်းခင်ဖို့ကောင်းတဲ့သူဖြစ်ကြောင်းပြသနေတဲ့အချက်များ

Posted by   on Pinterest




လူတိုင်းမှာ ကိုယ်စီအလှတရားတွေရှိကြပါတယ်။လှပတဲ့ရုပ်ရည်ပိုင်ဆိုင်ထားတာပဲဖြစ်ဖြစ်၊လူအများနဲ့ပေါင်းသင်း ဆက် ဆံရေးပြေလည်လွယ်တဲ့အရည်အချင်းတွေပဲဖြစ်ဖြစ်  စသဖြင့် အဲဒီအရာတွေက လူတစ်ယောက်ရဲ့စစ်မှန် တဲ့အလှ တရားတွေဖြစ်ပါတယ်။

(၁)မစပ်စုခြင်း
သိချင်စိတ်၊လေ့လာချင်စိတ်ရှိတာကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပေမယ့် နေရာတိုင်းမှာကိုယ်နဲ့သက်ဆိုင်တဲ့ကိစ္စလား၊ မသက်ဆိုင်တဲ့ကိစ္စလားဆိုတာ မခွဲခြားတော့ဘဲ သိချင်တတ်ချင်နေတာကို စပ်စုတယ်လို့ အကြမ်းဖျင်းပြော လို့ရပါတယ်။ အဲဒီအမူအကျင့်က တဖက်လူကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ဒါပေမယ့် ခင်ဖို့ကောင်းတဲ့သူတွေမှာတော့အဲဒီအမူ အကျင့်မတွေ့ရပါဘူး။
(၂)မနာလိုမုန်းတီးမှုမရှိခြင်း

သင်က ထူးချွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်နေဦးတော့ သူများအပေါ် မှာ နိုင်လိုစိတ်၊ သူများကောင်းမှုကိုမနာလိုစိတ်မရှိတာကလည်း သင့်ရဲ့ ချစ်စရာကောင်းတဲ့ အမူအကျင့်တစ်ခုပါပဲ။ဒီလိုလူတွေမှာ ချစ်သူခင်သူတွေပေါများနေတတ်ပါတယ်။
(၃)စိတ်ရှည်သည်းခံခြင်း
သင့်မှာစိတ်ရှည်သည်းခံခြင်းရှိတယ်ဆိုရင်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်အဆင်မပြေမှုတွေကို သည်းခံနိုင်သလို အဆင်မပြေမှုဖြစ်ရတဲ့အကြောင်းအရင်းတွေနဲ့ပတ်သက်တဲ့လူတွေကိုလည်း နောက်တစ်ကြိမ်ဆိုတဲ့ စိတ်ရှည်သည်းခံမှုမျိုးနဲ့ အခွင့်အရေးပေးတဲ့အတွက် သင်ဟာတကယ်ခင်ဖို့ကောင်းတဲ့သူဆိုတာ ပြောစရာမလိုတော့ပါဘူး။
(၄)အကောင်းမြင်စိတ်ရှိခြင်း
လူတွေရဲ့ကောင်းကွက်ကိုအလွယ်တကူသတိထားမိပြီဆိုကတည်းက သင်က အကောင်းမြင်စိတ်ရှိသူဖြစ်ပါတယ်။အဲဒီလို အကောင်းမြင်စိတ်ရှိသူကို လူတိုင်းကလိုလိုလားလားလက်ခံကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်သူတို့ ဒီထက် ပိုကောင်းတဲ့ လမ်းကိုလျှောက်နိုင်အောင် သင်ရဲ့အကောင်းမြင်စိတ်က လှုံ့ဆော်ပေးနိုင်လို့ပါပဲ။
(၅)ရုပ်ရည်ချောမောခြင်း
ရုပ်ရည်လှခြင်းနဲ့ ချစ်စရာကောင်းခြင်းမှာ အလှတရားက တမျိုးစီရှိကြပါတယ်။ရုပ်ရည်ချောမောလှပသူတွေကို လူတွေ ကခင်ကြတယ်။ခင်ဖို့ကောင်းတယ်လို့လည်း သတ်မှတ်ထားကြပါတယ်။ဘယ်လိုနေနေ ခင်ဖို့ကောင်းနေတာကိုး။
Shwemon.com မှကူးယူဖော်ပြပါသည်။


ref:lifehack.org

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်