09-790570465

09-975288547

MOAGs Admin Team

iBest Groups

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျက်စီးစေသည့်အပြုအမူများနှင့်ရှောင်ကြဉ်နည်းများ

Posted by   on Pinterest


            ဘေးထွက်ဆိုးကျိုးတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလို့ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးကအ သက်သာဆုံးဖြစ် တယ်လို့ ဗဟုသုတအဖြစ်မှတ်သားဖူးပါတယ်။ဟုတ်ပါတယ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အရေးကြီးသလိုအဲ့ဒီယုံကြည် မှုပျက်စီးသွားရင်လည်း ဘ၀ကိုဘယ်လိုမှရှေ့ဆက်နိုင်တော့မှာမဟုတ်တော့ပါဘူး။ဘယ်လိုအပြုအမူတွေက ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုပျက်စီးနေစေသလဲ အဲဒီအပြုအမူတွေကိုဘယ်လိုရှောင်ရှားနိုင်    မလဲဆိုတာနဲ့ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

အတွေ့အကြုံသစ်ကိုလက်မခံလိုခြင်း

 နေ့စဉ်ကိုယ်စားနေကျအစားအစာ၊ လုပ်နေကျတာဝန်တွေက နေသားတကျရှိနေပြီးကိုယ်နဲ့လိုက်လျောညီထွေဖြစ်နေလို့  သက်တောင့်သက်သာရှိလှပါတယ်။ဒါပေမယ့် ဒီလို အပြုအမူတွေကအပြောင်းအလဲ၊အတွေ့အကြုံသစ်တစ်ခုခု နဲ့ကြုံတဲ့ အခါ ငါလုပ်နေကျအလုပ်မျိုးမဟုတ်ဘူးအဆင်ပြေပါ့မလား၊ ဖြစ်ပါ့မလားဆိုတဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပျက်ပြားစေနိုင်ပါတယ်။ဒါကြောင့် လုပ်နေကျအလုပ်တွေအပြင် ပတ်ဝန်းကျင်အသစ်၊ရေမြေသဘာဝအ   သစ်ကိုခံစားနိုင်ဖို့ ခရီးသွားပါ။လူသစ်တွေဆီကနေ အတွေ့အကြုံသစ်တွေကို မျှဝေခံစားပါ။ဒီလို လုပ်ခြင်းအားဖြင့် ကမ္ဘာကြီးမှာ ကိုယ်ရပ်နေ တဲ့နေရာအပြင် ကျန်တဲ့နေရာအားလုံးမှာ ပိုကောင်းတဲ့ စိတ်ဝင်စားစရာတွေပြည့်နေ တယ်ဆိုတာ သိလာပါလိမ့်မယ်။

ရလဒ်ထက် အခက်အခဲကို ပိုအာရုံစိုက်ခြင်း
လူတိုင်း အဆင်ပြေသာယာတဲ့ဘ၀မျိုးကို အမြဲတမ်းကြုံနေရတာမဟုတ်ပါဘူး။ချမ်းသာတဲ့သူကလည်း ချမ်းသာတဲ့ အလျေက်ဆင်းရဲတဲ့သူကလည်းဆင်းရဲတဲ့အလျောက် အဆင်မပြေမှုတွေနဲ့ကြုံနေရတာပါပဲ။ဒါဆိုရင်ကိုယ်ဆန္ဒရှိတဲ့အလုပ် တစ်ခု၊ ကိုယ့်အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ကြုံရမယ့်အခက်အခဲ တွေကိုဘာလို့စဉ်းစားနေမှာလဲ။ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုပျက်ယွင်းစေတဲ့အချက်တွေထဲမှာ ရလဒ်ထက် ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေကိုပိုအာရုံစိုက်  ပြီးပူပန်နေခြင်းက လည်းတစ်ချက်အပါအ၀င်ဖြစ်ပါတယ်။တကယ်တော့ ရွေးချယ်မှုအားလုံးကသင့်လက်ထဲမှာပါ။အခက်အခဲကိုရွေးချယ်နိုင်သလို အခက်အခဲပြေလည်စေမယ့် ရလဒ်ကိုလည်းရွေးချယ်နိုင်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေက အဖြေရှာဖို့၊ အိပ်မက်တွေအကောင်အထည်ဖော်ဖို့အတွက်ပဲ အချိန်ကိုကုန်ဆုံးစေတာပါ။
တစ်စုံတစ်ယောက်ရဲ့ အားပေးထောက်ခံမှုကိုရှာဖွေခြင်း


လူတိုင်း ကိုယ့်ကိုယ်ဝေဖန်တာထက်ချီးမွှမ်းထောက်ခံတာကိုပဲလိုချင်ကြပါတယ်။ငါဒီလိုလုပ်ရင် ဘယ်သူကတော့ ဘယ် လိုပြောမှာပဲဆိုပြီး တစ်စုံတစ်ယောက်ရဲ့ ထောက်ခံအားပေးမှုကို စောင့်ဆိုင်းနေမယ်ဆိုရင်တော့ သင့်အိပ်  မက်တွေ အကောင်အထည်ဖော်ဖို့သိပ်နောက်ကျသွားပါလိမ့်မယ်။အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့စွမ်းဆောင်ရည်အပေါ်မှာ ယုံကြည်မှုတွေနည်းလာပါလိမ့်မယ်။ဒါကြောင့် သင် သတိပြုသင့်တာက လူတိုင်းကို သင်သဘောမ ကျသလို လူတိုင်းကလည်း သင့်ကိုသဘောကျမှာမဟုတ်ဘူးဆိုတာပါပဲ။သင်ဘယ်သူလဲဆိုတာ သင်ကိုယ်တိုင်ပဲ သိသလို သင့်ဘ၀ကို သင်ကိုယ်တိုင်ပဲလျှောက်လှမ်းရမှာဆိုတာ အမြဲသတိရပါ။
မလိုအပ်တဲ့ ဒရာမာများကြည့်ခြင်း
ဒရာမာ ဇာတ်ကားတွေကများသောအားဖြင့် မေတ္တာဘွဲ့ဇာတ်လမ်းတွေများပါတယ်။လူတိုင်းနီးပါးလည်းဒရာမာကားတွေ ကိုကြိုက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့စိတ်ကြည်နူးချမ်းမြေ့မှု၊စိတ်ဓာတ်တက်ကြွစေတဲ့ခွန်းအားတွေကိုပေးနိုင်လို့ပါပဲ။ ဒါပေမယ့် တခါတလေ ရုပ်ရှင် ဇာတ်လမ်းတွေထဲက အပြင်လောကနဲ့လက်တွေ့မကျတဲ့ အားကျစရာ၊စိတ်ချမ်းမြေ့စရာတွေ ကို အပြင်လောကမှာတောင်ရှာမိပါတယ်။ အပြင်လောကမှာလက်တွေ့မကျတဲ့ရုပ်ရှင်၊ဇာတ်လမ်းတွေထဲကအရာတွေ ကိုစိတ်ကူးယဉ်ပြီး ကိုယ့်ကိုယ်ကိုယ်အားငယ်တာ၊စိတ်ဓာတ်ကျတာ၊ အရှုံးနဲ့ရင်ဆိုင်ရတာတွေဖြစ်စေပါတယ်။ဒါကြောင့် ရုပ်ရှင်၊ စာပေ၊ဗဟုသုတတွေထဲကကိုယ့်အတွက် လိုအပ်တာကိုပဲယူပြီးမလို အပ်တာတွေကို ဖယ်ထုတ်လိုက်ပါ။

shwemom.com မှကူးယူဖော်ပြပါသည်။ 
www.myanmarbookworld.com
ref:lifehack.org

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်