09-790570465

09-975288547

MOAGs Admin Team

iBest Groups

မိန်းကလေးတစ်ယောက် သင့်ကိုအပျော်တွဲနေတာလား၊အတည်တွဲနေတာလားသိဖို့

Posted by   on Pinterest




  အချစ်နဲ့ပတ်သက်ရင် သတိထားစရာ၊ သင်ခန်းစာယူစရာတွေကလည်းတော်တော်များပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အချစ်ကိုတောင် ကစားစရာလို့ထင်နေတဲ့သူတွေလည်းရှိနေလို့ပါ။ယောက်ျားလေးမှ ၊မိန်းကလေးမှရယ်လို့မရှိဘဲ  စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့တွေ့နိုင်တဲ့သူလည်းရှိသလိုအတုအယောင်အချစ်နဲ့လည်းတွေ့နိုင်တာပါပဲ။ အခုတော့ ယောက်ျားလေးတွေအနေနဲ့ကိုယ့်ကိုတွဲတဲ့မိန်းကလေးတစ်ယောက်ဟာကိုယ့်ကို လက်ထပ်ဖို့အထိရည်        ရွယ်ပြီး အတည်တွဲသူလား၊ အပျော်တွဲရုံသက်သက်လားဆိုတာ သိနိုင်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါ တယ်။

(၁)မိဘ၊ သူငယ်ချင်း
 အပျော်တွဲရုံမိန်းကလေးဆိုရင် သင့်မိဘ၊မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ချင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ သင့်အကြောင်းကို မသိချင်သလိုသူမအကြောင်းကိုလည်းမသိစေချင်လို့ပါပဲ။လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့မိန်းကလေး ကတော့ သင်ရဲ့ အခုလက်ရှိပုံစံ၊အရင်ပုံစံ၊ သင့်မိဘအသိုင်းအ၀ိုင်းနဲ့ ဆွေမျိုးတွေအကြောင်းစသဖြင့်သင်နဲ့ပတ်သက်သမျှကိုသိချင်သလို သူငယ်ချင်းတွေကပေးတဲ့သင့်အတွက် မှတ်ချက်စကားကိုလည်းကြားချင်သေး တယ်။
(၂)အလှအပအပေါ်စိုးရိမ်မှု
သင့်ကိုအပျော်တွဲရုံ မိန်းကလေးဆိုရင်သူမပြင်ဆင်ခြယ်သထားတဲ့အလှတရားတွေကိုပဲအာရုံစိုက်နေမယ်။သင့်ကိုအတည် တကျတွဲတာမဟုတ်တဲ့အတွက် သင်နဲ့ပတ်သက်ပြီးတွေးပူနေမှာမဟုတ်ပါဘူး။အတည်တွဲတဲ့မိန်းကလေးကတော့ သူမရဲ့အပေါ်ယံအလှထက် သူမရဲ့စိတ်နေသဘောထား၊ သင့်အပေါ်ထားတဲ့ နားလည်ပေးနိုင်မှု၊သည်း ခံနိုင်မှုတွေကိုပဲ စိုးရိမ်တကြီးနဲ့ ဂရုတစိုက်ဆင်ခြင်သတိထားနေလိမ့်မယ်။သင့်ရဲ့အသိအမှတ်ပြုမှုကိုလိုချင်တဲ့အ       တွက်ကြောင့်ဖြစ်ပါတယ်။
(၃)အနာဂတ်ရည်မှန်းချက်
အပျော်တွဲရုံသက်သက် မိန်းကလေးကတော့ သင်နဲ့မဆုံခင်ကတည်းကရှိခဲ့တဲ့သူမရဲ့ရည်မှန်းချက်တွေကိုသင့်အ တွက် နဲ့ပြောင်းလဲပစ်မှာမဟုတ်သလို သူမရည်မှန်းချက်၊အိပ်မက်တွေအကောင်အထည်ဖော်ဖို့ပဲစိတ်အားထက်   သန်နေပါ လိမ့်မယ်။သင့်ကို တစ်ဘ၀စာရည်ရွယ်ထားတဲ့မိန်းကလေးကတော့သူမရဲ့ကိုယ်ပိုင်အတွေးအခေါ်အ   ယူအဆတွေ ကိုဂရုစိုက်သလို သင့်ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း အလေးထားတယ်။

(၄)စွမ်းဆောင်ရည်
သင့်ကို အပျော်တွဲတဲ့မိန်းကလေးကတော့ သူမဘယ်လောက်တော်ကြောင်း သင့်ရှေ့မှာအမြဲတမ်းဂုဏ်ယူဝင့်        ကြွားနေမှာပါ။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့မိန်းကလေးကတော့သူမတော်တယ်ဆိုရင်တောင် တော်သင့်ရုံအနေအထားနဲ့ပဲသင့် ကိုဆက်ဆံမှာပါ။ဘာဖြစ်လို့လဲဆိုတော့ သင့်မျက်လုံးရဲ့အဓိပ္ပာယ်တွေကိုနားလည်နေလို့ပါပဲ။
(၅)ရင့်ကျက်မှု
အပျော်တွဲရုံသတ်မှတ်ထားတဲ့ မိန်းကလေးဆိုရင် သူမအနားမှာသင်ဘယ်လောက်ထိကြာကြာရှိနိုင်မလဲဆိုတာ နဲ့ပတ် သက်ပြီး သင့်ကိုထိန်းချုပ်ဖို့ကြိုးစားလိမ့်မယ်။ရေရှည်လက်တွဲသွားဖို့အထိရည်ရွယ်ထားတဲ့မိန်းကလေး    ကတော့သင့်ကို လိုက်ပြီးချုပ်ချယ်နေမှာမဟုတ်ပါဘူး။ကိုယ့်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့သဘောတရားကိုနား           လည်ပေးနိုင်တဲ့ ရင့်ကျက်မှုမျိုး သူမဆီမှာအပြည့်အ၀ရှိနေလို့ပါပဲ။

Shwemom.com မှကူးယူဖော်ပြပါသည်။
www.myanmarbookworld.com
ref:lifehack.org

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်