ကိုယ့်အဖိုးအဘွား၊ အဖေအမေတို့ကိုလည်း အသက်ရှည်စေချင်မှာ အမှန်ပါဘဲ။ ဒီတော့ အောက်ပါ နည်း လမ်းလေးတွေကို မျှဝေးပေးဖို့ တိုက်တွန်းလိုက်ပါရစေ။
(၁) အသင့်စားသုံးနိုင်သော အစားအစာများကို ရှောင်ပါ
အခုခေတ်မှာ အသင့်စားနိုင်တဲ့ အစားအစာတွေဟာ ပုံစံအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုး၊ ကြော်ငြာအမျိမျိုးနဲ့ အလွန်ပေါများစွာ ရနိုင်နေပါတယ်။ ဒါကြောင့်လည်း အသက်တွေ တစ်ဖြည်းဖြည်း တိုလာတာလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ ဒီတော့ အသက်ရှည်ရှည်နေချင်ရင် အရင်ဆုံး ရှောင်ရမှာက အဆင်သင့် စားသုံးနိုင်တဲ့ အစားအစာတွေကို ရှောင်ရပါမယ်။
(၂) ဆေးလိပ်/အရက် ဖြတ်ပါ
ဆေးလိပ်အရက်ရဲ့ ကျန်းမာရေးဆိုးကျိုးတွေဟာ ဘာတွေဖြစ်တယ်ဆိုတာကို လူတိုင်း နီးပါး သိပြီးဖြစ်ပါတယ်။ မသိဘူးဆိုရင်လည်း ဒါတွေဟာ ကျန်းမာရေးအတွက် လုံးဝကောင်းကျိုးမပေးဘုးဆိုတာလောက်တော့ အကြမ်းဖျဉ်း သိကြပါလိမ့်မယ်။ ဒီတော့ အသက်ရှည်ရှည်နေချင်ရင် ဒုတိယ ရှောင်ရမှာက ဆေးလိပ် အရပ်ဖြစ်ပါတယ်။ အရက်ကို လူရွှင်တော်တွေက မအိုဆေးလို့ ဆိုပါတယ်။ အရက်ကို စွဲစွဲမြဲမြဲသောက်ရင် အိုတဲ့အထိ မနေရလို့ ဖြစ်နိုင်ပါ တယ်။
(၃) ကြာရှည်မထိုင်ပါနဲ့

ကြာရှည်ထိုင်ပြီး လုပ်ရတဲ့ အလုပ်မျိုးကို ရှောင်ပါ။ အကြာဆုံး ထိုင်ချိန်ဟာ ဆယ်မိနစ်ထက် ပိုသွားရင် အကြောပိုင်း
ဆိုင်ရာ၊ သွေးလည်ပတ်မှုနဲ့ နှလုံးခုန်နှုန်းတွေ ပုံမှန်မဟုတ်တော့ပါဘူး။ အချိန်မရွေး ကောက်ကာငင်ကာ ဆုံးပါးနိုင်တယ်လို့ ဆရာဝန်တွေက ဆိုထားပါတယ်။
ဆိုင်ရာ၊ သွေးလည်ပတ်မှုနဲ့ နှလုံးခုန်နှုန်းတွေ ပုံမှန်မဟုတ်တော့ပါဘူး။ အချိန်မရွေး ကောက်ကာငင်ကာ ဆုံးပါးနိုင်တယ်လို့ ဆရာဝန်တွေက ဆိုထားပါတယ်။
(၄) ညဉ့်နက်မှ အိပ်စက်ခြင်း/အချိန်လွန်မှ အိပ်ယာထခြင်းကို ရှောင်ပါ

အိပ်ယာကို နောက်အကျဆုံး ၀င်သင့်ချိန်က 8.30 မှ 9 နာရီအထိ ဖြစ်ပါတယ်။ အဲဒီနောက် နောက်ကျသွာရင် အိပ်ချိန်နည်းပါးပြီး စိတ်ဖိအားတွေ၊ ဟိုမုန်းပြောင်းလဲမှုတွေ၊ ရောဂါဘယတွေကို လက်ခံရမှာ ဖြစ်ပါတယ်။ အစောဆုံး နိုးထသင့်ချိန်ကတော့ မနက် 4.30 နာရီဖြစ်ပြီး ဒီထက် နည်းနည်းလေး နောက်ကျခြင်ရင် အနည်းဆုံးတော့ 6 နာရီမှာ အိပ်ယာထနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဆယ်မိနစ် မိနစ်(20)လောက် ကျန်းမာရေး လိုက်စားမှုလေးလည်း လုပ်သင့်ပါတယ်။
(၅) အစားအစာကို အငမ်းမရ မစားပါနဲ့
အစားအစာကို အငမ်းမရ မစားဖို့လည်း လိုပါတယ်။ ငါ့ဘာသာ ဘယ်လိုစားစား ဆိုပြီး မကန့်ကွက်ပါနဲ့။ အခန့်မ သင့်ရင်နင်ပြီး သေတတ်ပါတယ်။ နောက် ကိုယ်အလေးချိန် လွန်စွာမြင့်တက်ပြီး သွေးချို၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေကိုလည်း ခံစားရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့် အသက်ရှည်ချင်ရင် အစားအစာကို အငမ်းမရ မစားဖို့ လိုပါတယ်။
www.shwemom.com မှကူးယူဖော်ပြပါသည်။
source : verywell.com
No comments:
Write comments