09-790570465

09-975288547

MOAGs Admin Team

iBest Groups

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး

Posted by   on Pinterest



ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ရာသီအချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် မိုးရာသီမှာ အရမ်းကို အဖြစ်များပါတယ်။ ဒါကြောင့် “ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပို၍ ကောင်းသည် ” ဆိုတဲ့ စကားအတိုင်း ရောဂါကြီးကြီးမားမား မဖြစ်ခင် ကာကွယ်ဖို့ လိုအပ်ပါတယ်။ ဒီလို ကာကွယ်ဖို့အတွက် ဒီရောဂါဟာ ဘာကြောင့် ဖြစ်တယ် ၊ ဘယ်လို အခြေအနေက စိုးရိမ်ရတယ်ဆိုတာ သိထားဖို့ လိုပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ရင် သင့်ရဲ့ ဝမ်းဟာ ပုံမှန်ထက် ပျော့ပြီး ဝမ်းသွားရင် အရည်တွေချည်း သွားတတ်ပါတယ်။ ဒါဟာ ဖြစ်နေကျ အရာတစ်ခု ဖြစ်ပြီး အားလုံးလည်း သိထားပြီးသား အရာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဝမ်းလျှောရင် ၂ ရက်လောက် ကြာတတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့ လက္ခဏာတွေကတော့ ရုတ်တရက် ဝမ်းသွားချင်သလိုလို ဖြစ်ခြင်း ၊ ဝမ်းပျော့ခြင်း ၊ ဝမ်းသွားရင် အရည်တွေချည်း သွားခြင်း ၊ ဝမ်းဗိုက်က ဖောရောင်နေခြင်း ၊ ပျို့အန်ချင်သလိုလို ဖြစ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီထက် ပိုပြီး သတိထားရမယ့် လက္ခဏာတွေကတော့ သွေး ၊ ပြည် နဲ့ အစာအိမ်မှာ မကြေညက်ခဲ့တဲ့ အစာတွေဟာ ဝမ်းမှာ ပါလာခြင်း ၊ အဖျားတက်ခြင်း နဲ့ ကိုယ်အလေးချိန်ကျသွားခြင်းတို့ ဖြစ်ပါတယ်။

တကယ်လို့ တစ်နေ့တည်းမှာ ဝမ်းအရည်တွေချည်း ၃ ကြိမ်လောက် သွားတယ်၊ ရေလည်း အလုံအလောက် မသောက်ဘူးဆိုရင် ရေဓာတ်ချို့တဲ့နိုင်ပါတယ်။ ဒီလို အချိန်မှာ ဆေးမကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းများကတော့ အစာအိမ်လမ်းကြောင်းမှာ ပိုးဝင်ခြင်း ၊ အစာအဆိပ်သင့်ခြင်း ၊ အူရောင်ရမ်းခြင်း ၊ ဆီးချိုရောဂါ ၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ဝမ်းနှုတ်ဆေးကို အလွန်အကျွံ အသုံးပြုခြင်း ၊ ကင်ဆာရောဂါ နဲ့ အာဟာရ ချို့တဲ့ခြင်းတို့ ဖြစ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ လက်ကို သန့်ရှင်းစင်ကြယ်အောင် ပစ္စည်းတစ်ခုခု ကိုင်ပြီးတိုင်း ဆေးကြောပေးပါ။ လက်ဆေးဖို့ နေရာ အခက်အခဲ ဖြစ်နေတယ်ဆိုရင် အိတ်ဆောင် hand gel ဘူးကို ဆောင်ထားပါ။  အစားအစာတွေကို စားတဲ့အခါ လက်ကိုပဲ အသုံးပြုတာကြောင့် ဇွန်းနဲ့ စားရင်တောင်မှ လက်ကို ဆေးကြောသင့်ပါတယ်။

အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောတဲ့ အကျင့်ကို ပြုလုပ်ပါ။ သန့်ရှင်းစင်ကြယ်မှုက ရောဂါတွေကို မပြန့်ပွားနိုင်ဘူးဆိုတာ သတိရပါ။ နောက်တစ်ခုကတော့ လတ်ဆတ်တဲ့ အစားအစာများကို စားသုံးပါ။ ယင်နားစာ နဲ့ မသန့်ရှင်းတဲ့ အစားအစာတွေကို ရောဂါပိုးကို သယ်ဆောင်လာနိုင်ပါတယ်။ ဒါ့အပြင် သန့်စင်သော သောက်သုံးရေကိုသာ အသုံးပြုပါ။

နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၁.၂ သန်း ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင်းမှာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်များနေတာကြောင့် ကြိုတင်ကာကွယ်ဖို့ အသိပေးလိုက်ရခြင်း ဖြစ်ပါတယ်။

yangonlife.com မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်