သရက်သီးဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသီးတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သရက်သီးဟာ အရသာကောင်းတဲ့အပြင် ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ဒါပေမယ့် သရက်သီးမှာ ကောင်းကျိုးအများကြီး ရှိတယ်ဆိုတာ လူတော်တော်များများ မသိကြပါဘူး။ ဒီတော့ သရက်သီးက သင့်အတွက် ဘယ်လိုကောင်းမွန်တယ် ၊ ဘယ်လိုရောဂါတွေကို ကာကွယ်ပေးလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။
သရက်သီးမှာ ပါဝင်တဲ့ antioxidants ဟာ အူမကြီးကင်ဆာ ၊ ရင်သားကင်ဆာ ၊ သွေးကင်ဆာ နဲ့ ဆီးကြိတ်ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်ပေးပါတယ်။
သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင် စီ ၊ ပက်တင် နဲ့ အမျှင်ဓာတ်တွေဟာ ကိုလက်စထရော level ကို လျော့ကျစေပါတယ်။ ဒါ့အပြင် သူ့မှာ ပါဝင်တဲ့ Potassium ဟာ နှလုံးခုန်နှုန်း နဲ့ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ကူညီလုပ်ဆောင်ပေးပါတယ်။
ဒါ့အပြင် သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေဟာ စားလိုက်တာနဲ့ ဗိုက်ပြည့်စေတယ်လို့ ခံစားရပါတယ်။ ပိုနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် ကိုယ်အလေးချိန် လျော့ကျအောင်လည်း လုပ်ဆောင်ပေးပါတယ်။
သရက်သီးဟာ အသီးပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ သူ့ရဲ့ အရွက်ဟာလည်း ဆေးဖက်ဝင်ပါတယ်။ သရက်သီးအရွက် ၄-၅ ရွက်ကို ရေနဲ့ ပြုတ်ပြီး တစ်ညလုံး ရေစိမ်ထားပါ။ ရလာတဲ့ အရည်ကို စစ်ထုတ်ပြီး ဆီးချိုဖြစ်နေတဲ့သူတွေ ပုံမှန်သောက်ပေးခြင်းဖြင့် အင်ဆူလင် level ကို ထိန်းညှိပေးပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ သကြားဓာတ်က နည်းတာကြောင့် ဆီးချိုရောဂါ ပိုဆိုးသွားနိုင်တယ်လို့ စိတ်ပူစရာ မရှိပါဘူး။
ဗီတာမင် အေ ကြွယ်ဝစွာပါဝင်တဲ့ သရက်သီးဟာ အမြင်အာရုံအတွက်ကောင်းမွန်တာကြောင့် မျက်စိမှုန်တဲ့သူ ၊ မျက်ခမ်းခြောက်တဲ့သူတွေ သရက်သီးကို ပုံမှန်စားပေးသင့်ပါတယ်။
နွေရာသီမှာ အပူလွန်ကဲပြီး အပူရှပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဖြစ်ရင် ဖျော်စက်ထဲကို သရက်သီး ၊ ရေအနည်းငယ် နဲ့ ပျားရည်ကို ထည့်ပြီး ဖျော်သောက်နိုင်ပါတယ်။ သရက်သီးဖျော်ရည် တစ်ခွက်သောက်ပြီးရင် အပူတွေ လျော့ကျသွားပြီး နေလို့ကောင်းသွားမှာ အမှန်ပါပဲ။
သရက်သီးဟာ သံဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားနည်းသူ ၊ သွေးဆုံးသူများ နဲ့ ကိုယ်ဝန်ဆောင်များ စားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်။
စာမေးပွဲနီးပေမယ့် စာကို အာရုံစူးစိုက်ရခက်နေတဲ့ ကလေးတွေကို သရက်သီး ကျွေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သရက်သီးမှာ ပါဝင်တဲ့ glutamine acid ဟာ မှတ်ဥာဏ်ကို ကောင်းမွန်စေတဲ့ ပရိုတင်းဓာတ် ဖြစ်ပါတယ်။
ကိုယ်တွင်းရောဂါတွေအတွက်သာမက သရက်သီးကို အသားအရေထိန်းသိမ်းဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။ သရက်သီးဟာ ချွေးပေါက်တွေကို ပွင့်စေပြီး မျက်နှာကို လန်းဆန်းစေပါတယ်။ အသားအရေအမျိုးအစားအားလုံးနဲ့ သင့်တော်ပြီး ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ သရက်သီးကို ပါးပါးလေး လှီးပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် တင်ပေးပြီး မျက်နှာသစ်လိုက်ရင် သိသိသာသာ ပြောင်းလဲသွားတာကို တွေ့ရမှာပါ။
Body scrub အနေနဲ့ အသုံးပြုချင်ရင်တော့ သရက်သီးကို လက်နဲ့ခြေလိုက်ပြီး ပျားရည် ၊ နွားနို့ နဲ့ ရောစပ်ပါ။ ရောစပ်ထားတဲ့ အနှစ်ကို scrub အနေနဲ့ အသုံးပြုလိုက်ရင် အသားအရေက နူးညံ့ပြီး ချောမွေ့သွားတာကို လက်တွေ့ခံစားရမှာပါ။
yangonlife.com မှ ကူးယူဖော်ပြသည်။
www.myanmarbookworld.com

No comments:
Write comments