Xiaomi ဟာ Android အခြေပြု OS သုံး စမတ်ဖုန်းတွေနဲ့ တခြားအီလက်ထရောနစ်ပစ္စည်းတွေ ဒီဇိုင်းဆွဲဖန်တီးရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Xiaomi ဟာ fitness tracker၊ TV၊ air purifier နဲ့ tablet တွေလည်း ပြုလုပ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ဖုန်းကို အများဆုံးရောင်းရပါတယ်။
Xiaomi Mi Max စမတ်ဖုန်းကို ၂၀၁၆ မေလက စတင်ဖြန့်ချိခဲ့ပြီး ဒီဖုန်းမှာ resolution 1080 pixels x 1920 pixels နဲ့အတူ ၆.၄၄ လက်မအရွယ် ဖန်သားပြင်ဖြင့် လာပါတယ်။ Xiaomi Mi Max ကို hexacore Qualcomm Snapdragon 650 processor နဲ့ မောင်းနှင်ထားပြီး RAM 3GB ပါတယ်။ ဖုန်း internal storage ကို 32GB ပေးထားပြီး 128GB အထိ ထပ်စိုက်နိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ ရှေ့ကင်မရာ 16-megapixel ရှိပြီး ဆယ်လ်ဖီရိုက်ဖို့အတွက် နောက်ကင်မရာကို 5-megapixel ထိရှိပါတယ်။
Xiaomi Mi Max ဟာ Android 6.0.1 နဲ့ မောင်းနှင်လည်ပတ်ပြီး ဘက်ထရီအတည် 4850mAh အား အသုံးပြုထားပါတယ်။ ၁၇၃.၁၀ x ၈၈.၃၀ x ၇.၅၀ (အမြင့် x အနံ x အထူ) ရှိပြီး ၂၀၃ ဂရမ် အလေးချိန်ရှိပါတယ်။
Xiaomi Mi Max ဟာ GSM ဆင်းကဒ်နှစ်ကဒ်ထိုး စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး Wi-Fi၊ GPS၊ Bluetooth၊ FM၊ 3G၊ 4G စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဖုန်းဆင်ဆာတွေထဲမှာ Proximity sensor၊ Ambient light sensor၊ Accelerometer နဲ့ Gyroscope တို့ ရှိပါတယ်။
အဓိကအချက်အလက်တွေက
· Snapdragon 650/652 Processor
· 3GB RAM With 32GB ROM
· 6.44 Inch Full HD IPS Display
· 16 MP Auto Focus Camera With Dual LED Flash
· 5MP Front Camera
· Hybrid Dual SIM
· 4G LTE
· WiFi
· Bluetooth 4.2
· IR Sensor
· 4850 MAh Battery တို့ပဲ ဖြစ်ပါတယ်။
Xiaomi Mi Max ကို ဘာကြောင့် ဝယ်သင့်သလဲ
၁။ ၆.၄၄ လက်မ ဖန်သားမျက်နှာပြင်
မိမိကြိုက်နှစ်သက်တဲ့ ဗီဒီယိုတွေ၊ ရှိုးတွေနဲ့ ဂိမ်းတွေ အပြည့်အဝကြည့်ရှုခံစားလိုက်ပါ။
၂။ 4850mAh ဘက်ထရီအား
ဘက်ထရီအားက အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပါတယ်။
၃။ ပေါ့ပါးမှုရှိတာ
ပါးလွှာ၊ ပေါ့ပါးပြီး ကိုင်ဆောင်ရတာ အဆင်ပြေပါတယ်။
၎။ Storage များပြားတာ
Memory card 128GB အထိ ထပ်စိုက်နိုင်ပါတယ်။
ဈေးနှုန်းကတော့
· $229.99 – Mi Max Snapdragon 650 (3GB + 32GB)
· $329.99 – Mi Max PrimeSnapdragon 652 (4GB + 128GB) ကျသင့်မှာပဲ ဖြစ်ပါတယ်။
Trend.com မှကူးယူဖော်ပြပါသည်။
www.myanmarbookworl.com
Ref: alltechbuzz


No comments:
Write comments