“ကိုယ့်စိတ်ကိုယ်မှ ချမ်းသာအောင် မထားတတ် သေးရင် ဘွဲ့ထူးဂုဏ်ထူးတွေ ဘယ်လောက်ပဲရရ ဘာပညာမှမရှိသေးဘူးလို့ဘဲ မှတ်လိုက်ပါ။”
မဟာဂန္ဓာရုံဆရာတော်ကြီး
““အစရှိ တနောင်နောင်”” လို့ပဲ ဆိုရမလားမသိ ဘူး။ ပြောလက်စလေးတွေကရှိနေတော့ ၀င်ပြော ဖြစ် နေတယ်။ ကိုယ့်ကို ကိုယ့်ဆရာက ပြောဖူးတယ်။ ““သိပ် ပြီးတော့ ၀င်မပြောနဲ့... ဘုန်းစင်ကြယ်ရေ။ ကာလ က ပျက်နေပြီကွ”” တဲ့။
ကာလပျက်တာမှန်တယ်။ ဒါပေမဲ့... ဆရာရဲ့ ကရုဏာတားဆီးစကားက ကိုယ့်ကို မဟန့်တားနိုင်ဘူး။
ဘာကြောင့်လဲ။ ကိုယ်က မင်းတို့လေးတွေကို ချစ်တာကိုး။ မင်းတို့လေးတွေဆိုတာက အကောင်း အဆိုးကို သိပ်မဝေဖန်တတ်သေးဘူး။
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အပြော ကောင်းသူ၊ ဆွဲဆောင်သူနောက်ကို ပါသွားတတ်စမြဲပဲ။ ပြောလိုတာက မင်းတို့လေးတွေရဲ့အသိနဲ့ စိတ်မှာ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည် အားနည်းတာပါပဲ။
စကားကြုံလို့ တစ်ခုလောက် ဥပမာအနေနဲ့ ကိုယ်ပြောလိုက်ဦးမယ်။
ကိုယ် အခုနှစ်စလောက်က ဒဂုံဘက်က ဆရာတော်တစ်ပါးရဲ့ကျောင်းမှာ ကပ်နေခဲ့ဖူးတယ်။ ဆရာတော်ကလည်း စာတွေဘာတွေ ရေး၊ ကိုယ်ကလည်း စာတွေရေးပေါ့။ ဆရာတပည့်လို့ပဲဆိုရမလား။ တစ်ပါးနဲ့ တစ်ယောက် အတိုင်အဖောက်ညီလိုက်တာ ဖြူးလို့။
တစ်နေ့မှာ ကျောင်းကို ပန်းချီဆွဲ၊ ကဗျာရေးတဲ့ လူတစ်ယောက် ရောက်လာတယ်။ နဂိုကတည်းက နေဖူး တယ်လို့ ဆရာတော်မိန့်ပါတယ်။ သူရောက်လာပြီး မကြာခင်... တစ်နေ့မှာ သူပြန်လာတော့ သူ့ဖုန်းမှာ ရေးလာတဲ့ သူ့ကဗျာလေးတစ်ပုဒ်ကို ဆရာတော်နဲ့ ကိုယ့်ကို ပြပါတယ်။
ဆရာတော်ကတော့ ““ကောင်းပါတယ်”” လို့ မိန့်ပါတယ်။ ကိုယ်လည်းဖတ်ပြီးတော့ ““အင်း... မဆိုး ပါဘူး”” လို့ ပြောလိုက်ပါတယ်။
အဲဒီမှာ သူက ““အားလုံးက အရူးတွေပဲ”” တဲ့။ ကိုယ်က ““အင်း...ဟုတ်တယ်”” ဆိုတော့ သူက ““မင်း..ကိုယ့်ကို အရူးလို့ပြောတာလား”” တဲ့။ ကိုယ်က ““အားလုံးအရူးလို့ပြောတာလေ”” ဆိုတာကို သူက ကိုယ့် အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ပါတယ်။
ထားပါ... ဒါက အကြောင်းချင်းရာတစ်ခု ပေါ့။ အဒိက ကိုယ်ပြောချင်တာက အသိတရား၊ စိတ် စွမ်းအင်ပဲ။ လူ့ဘ၀မှာ လူတစ်ယောက်ပြောတဲ့စကားကို အခြားတစ်ယောက်က နားလည်နိုင်တဲ့ စွမ်းအင်ရှိရမှာ ပေါ့။
ကိုယ်... အရိုးသားဆုံး ၀န်ခံပါတယ်။ ကိုယ် မော်ဒန်ကဗျာ မဖတ်ပါဘူး။ ဘာကြောင့်လဲ... အဓိပ်္ပာယ်နားမလည်လို့ပါ။
ဒါပေမဲ့လေ.. အဲဒီလူပြတဲ့ သူ့ရဲ့ကဗျာကိုတော့ နားလည်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်အနေနဲ့ သူ့ ကဗျာစာသားပါအကြောင်းနဲ့ သူ့စကားအရ ထောက်ခံ ပြောလိုက်မိတာပါ။
ဒီနေရာမှာ ကိုယ်ပြောလိုတာက မဟာဂန်္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ မိန့်မှာစကားလိုပါပဲ။ ကိုယ့်စိတ်ကို စိတ်ချမ်းသာအောင် မထားတတ်ရင် ပညာမတတ်တာ၊ ပညာမရှိတာပါဘဲ။
ဒေါသထွက်တယ်၊ သောကဖြစ်တယ်ဆိုတာ မိမိစိတ်မှာ ဖြစ်တာပါပဲ။ အဲဒီမှာ မိမိစိတ်က ဘာကြောင့် ဒေါသဖြစ်ရတာလဲ။ ကိုယ့်အနေနဲ့ပြောရရင် မိမိစိတ်က မသန့်ရှင်းလို့ပါ။ မစင်ကြယ် လို့ပါ။
အဲဒီအခါမှာ မိမိစိတ်က အလိုမကျမှုတွေ၊ အမျက်ဒေါသရန်လိုမှုတွေနဲ့ လုံးပန်းပြီး စိတ်ဟာ အနည် မထိုင်တော့ပါဘူး။
စိတ်အနည်မထိုင်ဘူး။ စိတ်မကြည်လင်နိုင်ဘူး ဆိုမှတော့ တခြားသူပြောသမျှစကားလုံးတွေရဲ့ အဓိပ်္ပာယ် ကို အကောင်းအဆိုးမဝေဖန်၊ မပိုင်းခြားတော့ပါဘူး။
တစ်နည်းအားဖြင့်ပြောရရင် အကောင်းအဆိုး မခွဲခြားတော့ဘူး ဆိုကတည်းက ဘယ်လို လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘွဲ့ကြီးပဲရထားပါစေ ပညာမတတ်ဘူး။ အသိတရား မရှိဘူးလို့ဘဲ ပြောချင်ပါတယ်။
အဓိက တိုင်းပြည်တစ်ပြည်ရဲ့ အရေးကြီးဆုံး ပုဂ်္ဂိုလ်တွေအနေနဲ့ တိုင်းပြည်အုပ်ချုပ်သူအပါအ၀င် သက်ဆိုင်ရာပုဂ်္ဂိုလ်တွေ၊ စာပေ ပညာရှင်တွေဟာ မိမိတို့ရဲ့ အသိနဲ့ ပညာကို အသုံးချခြင်းမပြုဘူးဆိုရင် ဘာဖြစ်သွား နိုင်မလဲ။
အခုလတ်တလော ကိုယ့်အမြင်ကိုပြောရရင် လူငယ်လူရွယ်တိုင်းဟာ ရန်လိုရန်သတ်္တရုမှုတွေ၊ မလိုလား အပ်တဲ့ လောဘတွေနဲ့သာ လုံးထွေးနေပါတယ်။ အဲဒီ အရာတွေဟာ ကောင်းမွန်တဲ့ အလားအလာတော့ မဟုတ် ပါဘူး။
အဲဒီတော့ တစ်ချိန်သောကာလမှာ ခေါင်းဆောင် ဖြစ်လာနိုင်တဲ့ မင်းတို့လေးတွေဟာ အသိနဲ့ပညာကို အသုံးမချဘဲ မိမိစိတ်တွင်းမှာဖြစ်လာတဲ့ ဒေါသဆန်္ဒတွေ အလျောက် ပြုမူလိုက်မယ် ဆိုရင် အမှားတွေဖြစ်လာနိုင် ပါတယ်။
အခု တိုင်းပြည်မှာ ခေါင်းဆောင်ပိုင်းလူကြီးတွေ အပြောမှား၊ အလုပ်မှားဆိုတာတွေဟာ စိတ်ထဲမှာပေါ်လာ တဲ့အတိုင်း ပြုမူလိုက်တာတွေကြောင့်ပါ။
ဆိုတော့ကာ မင်းတို့လူငယ်တွေ အခုပညာသင် နေတယ်။ ဘာကြောင့် သင်နေရတာလဲ။ အကောင်း အဆိုး၊ ပြောသင့်မပြောသင့် ဆိုတာတွေကို ဝေဖန်ပိုင်းခြား နိုင်ဖို့ပါ။
ပညာတော့သင်ထားပါရဲ့။ တတ်ပါရဲ့။ ဒါပေမဲ့ လက်လွတ်စပယ် ပြောဆိုပြုမူလိုက်မယ်ဆိုရင် ပညာ မရှိဘူး။ ပညာမတတ်ဘူးလို့ဘဲ သတ်မှတ်ရပါလိမ့်မယ်။
အဲဒီတော့ ကိုယ့်ညီကိုယ့်ညီမတို့ရဲ့ သင်ကြား နေတဲ့ပညာဟာ မိမိကိုယ်ကို စိတ်ချမ်းသာအောင်နေ တတ်ဖို့နဲ့ အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ဖို့သာ ဖြစ်တဲ့အတွက် ကြိုးစားသင်ယူကြပါ။
တတ်မြောက်လာခဲ့ရင်လည်း မိမိတိုင်းပြည် ကောင်းကျိုး၊ မိမိနဲ့ပတ်သက်ဆက်နွယ်သူအားလုံး တို့ရဲ့ ပြောစကား၊ အခြေအနေ၊ သဘာဝတွေကို ခွဲခြားသိမြင်ပြီး အသိတရားထက်မြက်သူတွေဖြစ်အောင် ကြိုစားကြပါလို့ တိုက်တွန်းရင်း ကိုယ့်စာကို နိဂုံးချုပ်ပါတယ်။
ဘုန်းညွှန့်လှိုင်
သွေးသစ်ဂျာနယ်
5.8.2011
(မှတ်ချက် - စာရေးသူ၏ ခွင့်ပြုချက်ဖြင့် အသုံးပြုပါသည်။)
Subscribe to:
Post Comments (Atom)

No comments:
Write comments