09-790570465

09-975288547

MOAGs Admin Team

iBest Groups

ဆောင်းရာသီမှာ မိတ်ကပ် ဘယ်လို လိမ်းခြယ်ကြမလဲ

Posted by   on Pinterest

ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့မှု နဲ့ ပတ်သက်ပြီး ဂရုစိုက်ရလေ့ ရှိပါတယ်။ ဒီလို ကာလ မှာ မိတ်ကပ် ပညာရှင်တွေ အနေ နဲ့ လည်း ဆောင်းတွင်း နဲ့လိုက်ဖက်မယ့် မိတ်ကပ်မျိုးကို ရွေးချယ် အသုံးပြု လိမ်းခြယ်ပေးရလေ့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် လည်း ဆောင်းတွင်း မိတ်ကပ် လိမ်းခြယ်ပေးမှု နဲ့ပတ် သက်ပြီး မိတ်ကပ် ပညာရှင်တို့ရဲ့ စကားသံတွေ ကိုဖော်ပြပေးလိုက်ရပါတယ်။

မိတ်ကပ် Gucci အောင်

ခု ရာသီက ရာသီဥတု အေးတယ်။ အေးတဲ့ အခါကျတော့ များသောအား ဖြင့် အသားအရေက ခြောက်တာများ တယ်။ အသား အရေခြောက် တာ များတဲ့ အခါကျတော့ အဆီပါတဲ့ မိတ်ကပ် ရည်မျိုးကို သုံးပေးရတယ်။ တကယ် လို့ မိတ်ကပ်ရည်မှာ အဆီ မပါဘူးဆို ရင် အောက်ခံမှာ Toner လိုမဟုတ်ဘဲ အဆီပါမယ့် ဟာကို လိမ်းပေးသင့်ပါ တယ်။ ဆောင်းတွင်း ကျတော့ မိတ် ကပ်က နွေရာသီ လို ကွက်တာမျိုး တအား မဖြစ်ဘူး။ တအားကြီး ထူထူ လိမ်းစရာလည်း မလိုဘူး။ ပါးပါးလေး လိမ်းထားရုံနဲ့ ရတယ်။ အဆင်ပြေပါ တယ်။ အသားအရေ ထိန်းသိမ်းရာ မှာ အသုံးပြုရတဲ့ပစ္စည်းတွေက တန် ဖိုးကြီးမှကောင်းတယ်လို့မဟုတ်ဘူး။ ကိုယ့်သွေးသားနဲ့ တည့်တဲ့ ပစ္စည်း ကို ရှာဖွေသုံးရင် ပိုပြီး အဆင်ပြေပါလိမ့် မယ်။ တချို့ကျ အသားအရေ တအား ခြောက်တယ်။ှSkin Care သုံးလို့ လည်းအဆင် မပြေတာ မျိုးတွေဖြစ်တယ်။ အသားအရေက ခုမိတ်ကပ် လိမ်း ခါနီးတောင် အရေပြားတွေက အဖတ်လိုက် ကွာကျတာရှိတယ်။ အဓိက ကတော့ မိတ်ကပ် လိမ်းလိုက်လို့ လှသွားတာ ထက်စာရင် ကိုယ်ကိုယ် တိုင် နေ့တိုင်း အိမ်မှာ Skin Care ကို ပုံမှန်လိမ်းသွားပြီး ကိုယ့်အသား အရေခြောက်လား၊ စိုလားဆိုတာ ကြည့်ပြီး Skin Care ပြောင်းလိမ်းပြီး ဂရုစိုက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ခုဆိုရင် ကလေးတွေ အတွက် ထုတ် ထားတဲ့ Johnson’s baby oil လေး တွေရှိတယ် ။အောင်တို့ဆို မိတ်ကပ် ဖျက်ရင် အဲဒါသုံးတယ်။ တစ်ခါတလေ အသား အရေခြောက်တယ် ထင်ရင် အဲဒါလေးလိမ်း အိပ်တယ်။ စိုစိုလေးနဲ့ အသားအရေလေး ကို ကြည်ကြည် လေးဖြစ်စေပါတယ်။ အသား အရေ လှပ ဖို့ကို တချို့က ပစ္စည်းကောင်း Brand ကောင်းမှ ကောင်းတယ်ထင်ကြပါ တယ်။ တကယ်တော့ ကိုယ့် အသားအ ရေ နဲ့ တည့် တဲ့ ဟာ သာ အကောင်းဆုံး ပါပဲ။ အဲဒါကြောင့်မို့ Skin Care အတွက် ရွေးချယ်မယ် ဆိုရင် Brand ကို ကြည့်တာထက် ကိုယ်ဘာနဲ့ တည့်လဲ ဆိုတာ သေချာလေး ကြည့်ပြီးမှ သုံး စေချင်ပါတယ်။

မိတ်ကပ်ခရစ်

ဆောင်းတွင်းမှာ မိတ်ကပ်လိမ်း လို့ရှိရင် များသောအားဖြင့် အောက်ခံ Base တွေကိုမသုံးလိုပါဘူး ။နို့ရည်တို့ ဆီရမ် တို့ကို အောက်ခံပြီး လိမ်းတယ်။ ပြီးတော့ မိတ်ကပ်သားကို လည်း ပါး ပါးလေးလိမ်းရင် အဆင်ပြေစေတယ်။ ခုနောက်ပိုင်း ထွက်လာတဲ့ BB ခရင် တွေနဲ့ ပါးပါးလေးပဲ လိမ်းတာက ပို အဆင်ပြေပါတယ်။ ခရစ်တို့ ကတော့ ကိုယ့်ဆီလာတဲ့ Customer တွေကို အရင်ဆုံး သူတို့ရဲ့ မျက်နှာ အသား အရေကို ကြည့်တယ်။ သူတို့နဲ့လိုက် ဖက်မယ့် မိတ်ကပ်ရည်ကို လိမ်းပေး တာပါ။ ခရစ်တို့ ကတော့ မိတ်ကပ်ရည် တွေ အများ ကြီး ဆောင်ထားရတယ် လေ။ အရင်ဆုံး သူတို့နဲ့ တည့်မတည့် လက်တွေပေါ်မှာ အရင်ဆုံး စလူးပေး တယ်။ သူတို့နဲ့ တည့်တယ်ဆိုမှ လိမ်း ပေးတယ်။ ဒီဆောင်းရာသီမှာ လာ ပြင်ကြတဲ့ သူတွေကို ခရစ်က နို့ရည် တွေ လိမ်းပေးသလို အောက် ကနေမှ Night Cream, Day Cream  တွေ လိမ်းပေးတယ်။ ပြီးတော့မှ Foundation ချပေးပြီးမှ ခရစ်က အလှပြင်ပေးတာပါ။ အမျိုးသမီးတွေ အများစုပေါ့နော်။ မျက်နှာ အသား အရေအတွက် တတ်နိုင်ရင် မိတ်ကပ် ကို မလိမ်းတာ အဆင် အပြေဆုံးဖြစ်မယ် ထင်ပါတယ်။ ခုနောက်ပိုင်း လည်း နိုင်ငံခြား ကုမ္ပဏီတွေ ကနေ Skin Care ကောင်းကောင်းတွေ အများ ကြီး ထွက်လာတယ်။ တတ်နိုင်လို့ရှိရင် ညအိပ်တဲ့ အခါမှာ မျက်နှာကို Clean လုပ်ပြီး Natural တိုင်းလေး အိပ်တာ ကောင်းပါတယ်။ မိတ်ကပ်တွေ လိမ်း ပြီး မအိပ်သင့်ဘူး။ မိတ်ကပ်တွေမှာ က Chemical တွေကအနည်း အများ တော့ပါမှာပဲလေ။ အဲဒါတွေက အသားအရေ ကိုထိခိုက်တယ်။ ရာသီဥတု ကလည်း မမှန်တဲ့အခါ ကျတော့ ခရမ်း လွန်ရောင်ခြည်တွေ များတဲ့အခါ၊နည်း တဲ့ အခါရှိတယ်။ အဲဒီအခါ ကျတော့ ကိုယ်လိမ်းထားတဲ့ မိတ်ကပ်က အဆင် မပြေ ရင် အသားတွေ ယားတာတွေဖြစ် မယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး မိတ်ကပ် မလိမ်းဘဲ Skin Care လေး တွေကိုပဲ များများ သုံးပေးပါ လို့ အကြံ ပေးချင်ပါတယ်။

မိတ်ကပ်ချစ်ခွန်းချို

ဆောင်းတွင်း ကာလကများ သောအားဖြင့် လူတိုင်း အသားအရေ ခြောက်တယ်။ မိတ်ကပ် လိမ်းပြီးတဲ့အ ခါအသားကစို မသွားဘဲနဲ့ အရေခွံ ကွာတာတွေဖြစ်တာ များတယ်။ ညီမ တို့က အရင်ဆုံး မိတ်ကပ်မလိမ်းခင် ကိုယ်လိမ်းမယ့် သူ့ရဲ့အသားအရေကို ကြည့်တယ်။ အဆီ ပါတဲ့ မိတ်ကပ်ကို လိမ်းပေးတယ်။ ဆောင်းတွင်းမှာ ရေဓါတ် ပါပြီး အဆီများများ ပါတဲ့ မိတ်ကပ်ကို သုံးတယ်။ အဓိကကတော့ ကိုယ်သုံးတဲ့ cosmetic လိမ်းလိုက် ရင်စိုပြီး အိသွားတယ်။ ရေဓါတ်နဲ့ အခြေခံ ထုတ်ထားတဲ့ Cosmetic တွေကိုပိုသုံးစေချင်ပါတယ်။
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)

No comments:
Write comments

အသစ်တင်တိုင်း Mail ဖြင့်ဖတ်ရန်