-
အနုပညာစစ်စစ် ကိုပြောင်းမယ် ဆိုလက်ခံတယ်။ တချို့ကတော့ ဒါကို ဝင်ငွေတွေ နဲ့သွားမယ်။ ခွဲယူ ရမယ် ပြောလာတယ်။ သမုဒ္ဒရာ ရေ ပါ။ ဘယ်သူသောက်သောက် သောက် မကုန်ပါဘူး။ စီးပွားရေး အမြင် မရှိလို့ပြောတာ မဟုတ်ပါဘူး။ ကိုယ့်လမ်း ကိုယ်ဖောက်ပြီးတော့ အဆုံးထိ လျှောက်လို့ရရင် လူတွေက လျှောက်ကြမှာပဲလေ။ ပွင့်ပွင့်လင်း လင်းပြောရင် ငွေရှင်ကြေးရှင်တွေ က ဒါကို လက်ဝါးကြီး အုပ်ထား ပြီးအရင် အစိုးရတုန်းက ဆိုင်ရာ ပိုင်ရာနဲ့ ပေါင်းပြီးတော့ လုပ်တာထက် စာရင် အခု စနစ်ပြန်လုပ်တာ ကောင်းပါတယ်။ အဲဒီ ငွေရှင်ကြေး ရှင်တွေကတော့ ပြောမှာပဲ။ သူက ရင်းနှီးထားတာ၊ သူများများ ပိုရ သင့်တယ်ဆိုပြီး။ ဒါပေမဲ့ ငွေရယ်၊ ဦးနှောက်ရယ်၊ အတတ် ပညာရယ် ဘယ်ဟာကိုရွေးမှာလဲ။ ငွေရှိရင် ဘာမဆို လုပ်လို့ရတယ် ဆိုတာမှန် တယ်။ ဒါပေမဲ့ ငွေနောက်လိုက် လွန်းရင် ဖန်တီးမှု အရည်အချင်း ပျက်သွားကုန်မယ်။ ဒီလိုစနစ်ပြန် လုပ်ပေးခြင်းဖြင့် အနုပညာလောက အတွက် ကောင်းတာ တစ်ခု ခုတော့ ပြောင်းလဲလာမှာပါ။
- ရုံပြိုင်စနစ် ဆိုတော့ အနုပညာ သမားတွေ အချင်းချင်း ပြိုင်ဆိုင်ရ တော့မယ် ။ အဲဒီအတွက် ဘယ်လို သက်ရောက်မှုတွေ ရှိလာမယ်လို့ ယူဆပါသလဲ။
ပြိုင်တယ် ဆိုတဲ့နေရာမှာ အနု ပညာပြိုင်တာ ပဲကောင်းတယ်။ လူ ပုဂ္ဂိုလ်အရ မပြိုင်ပါနဲ့။ ပညာပြိုင်ပါ လူအချင်းချင်း မပြိုင်ပါနဲ့။ အဲဒီလို ပညာတွေ ပြိုင်နေရင် ကိုယ့်အရည် အချင်း၊ ကိုယ့်အောင်မြင်မှု လည်း ထိန်းထား ပြီးသားဖြစ်မယ်။ ဥပမာ ”ရုံနှစ်ရုံမှာ ပြေတီဦး နဲ့ ပြေတီဦး ပြိုင်နေရ ရင်တောင် ဘယ်ကားက ဘယ်လိုကောင်းတယ်၊ ဘယ်ကား က မကောင်းဘူး၊ ပရိသတ်တွေ ဝေဖန်မှာပဲ။ ဒါကို လက်ခံပြီး ဒီထက် ကောင်းအောင် ဘယ်လိုလုပ်ရမှာ လဲ ထပ်ကြိုးစာပါ။ အခုဈေးကွက် မှာဖြစ်နေတဲ့ နေတိုး၊ ပြေတီဦး သူတို့ မဖြစ်ခင် ကလည်း သူတို့ လိုပဲ နာမည်ကျော်ကြားတဲ့သူတွေ အများ ကြီး၊ သူတို့လည်း ကြိုးစားလို့ဖြစ် လာတယ်။ အဲဒီတော့ ဒါအနုပညာ သမားတွေ အတွက် အခွင့် အရေးပဲ ကြိုးစားပါ။ နောက်တစ်ခုက ဒီလို ရုံပြိုင် စနစ်ပြန်လုပ်မှပဲ တကယ် တော်ပြီး တတ်ပြီးတော့ အနုပညာ လောကမှာ အနုပညာ ကို ထဲထဲ ဝင်ဝင်သိတဲ့ အနုပညာရှင်၊ အတတ် ပညာရှင်တွေ ပေါ်လာမယ်။ ဒီလို ပြိုင်ဆိုင်မှုက အနုပညာရှင်တွေ အတွက် အများကြီး အကျိုး သက် ရောက်မှုရှိတယ်။
- ပြောင်းလဲရမယ့် အရာတွေ များနေ တော့ အချိန်တို အတွင်း လုပ်ဆောင်နိုင် ဖို့ခက်ခဲမယ် လို့လည်း ပြောကြပါတယ်။ အဲဒါကိုရော လက်ခံ ပါသလား။
သူများနိုင်ငံတွေ ကြည့်ပါ အချိန်ဆွဲ မလုပ်ဘူး။ နောက်ကျနေ လို့ ကိုယ်က ပိုတောင်ပြေးနေရမယ်။ ပြေးတဲ့ အထဲမှာ မှန်မှန်လေး နဲ့ မြန် မြန်လေးဖြစ်ရမယ်။ ထုတ်လုပ်ရေး တွေ ကလည်း ငွေကြေး စိုက်ထုတ်မှု ပိုလာမယ်၊ သရုပ်ဆောင် ဒါရိုက် တာတွေလည်း အချိန် ပိုပေးပြီး ပိုကြိုးစားရင် ရုံပြိုင် စနစ်မှာ အောင်မြင်မှာ သေချာပါတယ်။ တစ်ခုတော့ ရှိတယ်။ ဇာတ်ထုပ် ကောင်းဖို့တော့ လိုတယ်။ ပရိသတ် အကြိုက် ပဲရိုက်မှာလား၊ ပရိသတ် ကြိုက်အောင် ရိုက်မှာလား ဒါရိုက် တာနဲ့ ထုတ်လုပ်ရေးပေါ် မူတည် တယ်။ ငွေကြေး နဲ့အချိန် ပိုစိုက်နိုင် လေ အရည်အသွေးတွေ ပိုမြင့်လာ လေ ဖြစ်လာမှာပါ။
- ရုံတင် ကားတော်တော် များများက ရုပ်ကွာလတီ ကောင်းပြီး အသံဖမ်း စနစ်တွေ သိပ်မကောင်းသေးဘူး လို့ ဝေဖန်ကြတဲ့ အပေါ်ကိုရော ဘယ်လို ဖြေရှင်းသင့်တယ် လို့မြင်ပါသလဲ။
ဒါကတော့ ကျွန်တော်ကိုယ် တိုင် ခံခဲ့ရတဲ့ ကိစ္စပါ။ နိုင်ငံတကာ မှာ ကျွန်တော်တို့ ဇာတ်ကားတွေ ပျော်လို့ပဲ သွားပြပြ၊ ပြချင်လို့ပဲ သွား ပြပြ လာကြည့်တဲ့ ပရိတ်သတ်တွေ ထဲမှာ နိုင်ငံခြားသား ဆိုရင် အပြော ခံရတာ ကတော့ အသံ ကိစ္စပဲ။ အဲ ဒါတွေလည်း ပြင်ရမယ်။ အသံနဲ့ ပတ်သက် လာရင် ငွေကြေးကို ပိုစိုက် ထုတ်ပါ။ မနှမြောပါနဲ့။ ဒီထက် ကောင်းလာအောင် လုပ်ရင် အရင် တုန်းကလို မြန်မာ့ရုပ်ရှင်ဟာ သူ့ နေရာမှန် ပြန်ရမှာပါ။
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
No comments:
Write comments