ကုန်းဘောင်ခေတ်တွင် ” နောင်တော်ကြီးမင်း” ဟူ၍ ထင်ရှားသော မင်းမှာ အလောင်းမင်းတရား၏ သားတော်အကြီးဆုံး ဖြစ်သည်။ ခမည်းတော် နတ်ရွာစံ သောအခါ ရွှေဘိုတွင် ထီးနန်းဆက်ခံသည်။ ညီတော်များ၏ နောင်တော်ကြီးဖြစ်သည့် အတွက် နောင်တော်ကြီး မင်းဟု တွင်သည်။ ဒီပဲယင်းမင်းဟုလည်း တွင်သည်။ ရာဇဝင်တွင် “စစ်ကိုင်းမြို့တည် မင်းတရားကြီး” ဟုလည်း ညွှန်းသည်။ သီရိပဝရ မ ဟာဓမ္မရာဇာဘွဲ့ခံသည်။ သက်တော် ၂၉ နှစ်တွင် နတ်ရွာစံသည်။ “မင်း တရားကြီးဘုရားကား ရတနာသုံးပါးတို့အား ယုံကြည်မြ တ်နိုးေ တ်ာမူ၏။ ရဲရင့်တည်ကြည်တော်မူ၏။ အမှုထမ်း၊ အရာထမ်း၊ လူရည်လူသွားတို့ကိုလည်း သိတော်မူတတ်၏” ဟူ၍ ကုန်းဘောင်ဆက် မ ဟာရာဇဝင်တော်ကြီးတွင် နောင်တော်ကြီးမင်း၏ ဂုဏ်ကို ဖော်ညွှန်းထားပါသည်။
နောင်တော်ကြီးမင်း၏ စရိုက် သဘာဝနှင့်ပတ်သက်၍ အမျိုးသားပညာဝန် ဦးဖိုးကျား၏ “မြန်မာ့ဂုဏ်ရည်” တွင် ဖော်ပြထားသော ဖြစ် ရပ် ကလေးများမှာ စိတ်ဝင်စားစရာ ကောင်းသည်။ နောင်တော်ကြီးမင်း မင်းဖြစ်ချိန်တွင် သက်တော် ၂၆ နှစ်သာရှိသေးသည်။ ငယ် ရွယ် သူပီပီ နောက်လိုက်နောက်သားများနှင့် ပျော်ပျော်ပါးပါးနေတတ်သည်။ သွား လာစဉ်လမ်းတွင် မန်ကျည်းပင်မှ မန် ကျည်းသီးစိမ်းများ တက် ခူးစေပြီး သစ်ပင်အောက်တွင် ဝိုင်းဖွဲ့ကာ ဆား၊ ငါးပိတို့နှင့် တပျော်တပါး စားတတ်သောအလေ့ရှိသည်ဟု ဆို သည်။ မှူးမတ်များက ထိုသို့ မပြုမူပါရန် လျှောက်ထားသောအခါ ငါထိုသို့ပြုမူသည့်အတွက် မည်သူ့ကို ထိခိုက်သနည်းဟုမေးပြီး ငါကြိုက်သည်ကို စားပါရစေ၊ မ တားမြစ်ပါ နှင့်ဟု မိန့်ကြားသည်။
နောင်တော်ကြီးမင်းသည် ရွှေဘိုနှင့် စစ်ကိုင်းကို မြင်းစီး၍ အသွားအပြန် သွားလေ့ရှိသည်။ သွားလိုသောဆန္ဒ ပေါ်ပေါက်လာ လျှင် ရုတ်တရက်ထပြီး သွားလေ့ရှိ သည့်အတွက် နောက်လိုက်နောက် ပါများက မီအောင်လိုက်ကြရသည်။ မမီဘဲ မျက်ခြည်ပြတ်သွား သည့်အခါ မျိုးလည်းရှိသည်။ တစ်ခါတွင် နောက်လိုက်နောက်ပါများ လိုက်၍ မမီဘဲ ပြတ်ကျန်ခဲ့စဉ် တစ်ပါးတည်း တော်တော် ခရီးရောက် သွားသည်။ ထိုစဉ် လမ်းမှာ သခွားယာခင်းတစ် ခင်းကိုတွေ့သဖြင့် မြင်းပေါ်ကဆင်း ပြီး သခွားယာရှင်ထံ သခွားသီး တောင်းစားသည်။ ယာရှင်က နွယ်များကို မဆွဲ၊ မဖြတ်ဘဲ အသီးကိုသာ ခူးစားရန်ပြောသည်။ နောင်တော် ကြီးက နွယ်များကိုပြတ်အောင်ဆွဲပြီး သခွား သီးခူး စားသည်ကို သခွားယာရှင်မြင်သောအခါ စိတ်ဆိုးသွားသည်။ နွယ်များမပြတ်စေနှင့် ဟု ပြောထားပါ လျက် ပြတ်အောင် ဆွဲရ ကောင်း လားဟု စိတ်ဆိုးပြီး နောင် တော်ကြီးကို သတ်ပုတ်လေတော့ သည်။ နောင်တော်ကြီးကလည်း ပြန်၍ နပန်းလုံးရတော့သည်။ တစ်ယောက် တစ်ပြန် နပန်းလုံးပြီး နှစ်ယောက်စလုံး မောသွားသောအခါ သခွားယာရှင်ထိုင်ပြီး နောင်တော်ကြီးကို အကဲခတ်နေသည်။
ထိုစဉ် ယာရှင်၏မယား ထမင်းလာပို့သည့်အတွက် ထမင်းစားသောအခါ နောင်တော်ကြီးမင်းက “ယောက်ဖ၊ ငါလည်းစားပါရစေ”ဟု ဆို သည်။ သခွားယာရှင်က ” မစားရဘူး၊ နင်သည် ငါ့သခွားပင်များကို ဖျက်ဆီးသည်၊ နင့်ကိုမကျွေးနိုင်” ဟု ပြောသည်။ ထိုအခါ မယားက ” ခြံဝတွင် ကတောင်နှင့် မြင်းတစ်စီး ချိတ်ထားသည်ကို မြင်ခဲ့သည်။ မင်းမှုထမ်းဖြစ်ပုံရသည်။ တွေ့ကရာမပြောနှင့်” ဟု လင်ကိုသတိပေး သည်။
မကြာမီ နောက်လိုက်နောက်ပါများ မီလာ၍ မြင်းကိုတွေ့သဖြင့် မင်းကြီးရှေ့တော်သို့ဝင်လာပြီး ကန်တော့ကြတော့မှ မင်းမှန်းသိ၍ သခွား ယာရှင် ထိတ်လန့်သွားပြီး တောင်းပန်သည်။ နောင်တော်ကြီးက သခွားယာရှင်အပြစ်မရှိကြောင်း၊ နှစ်ဦးသဘောတူ သတ် ပုတ်ကြ ခင်း ဖြ စ်ကြောင်း မိန့်ကြားသည်။ သခွားသီးများ ကောင်းလှသဖြင့် နေပြည်တော်သို့ တစ်ခါလောက် လာရောက်ဆက်သရန်လည်း မှာကြားခဲ့ သည်။
တစ်ခါတွင် သခွားယာရှင်သည် သခွားသီးများသယ်ဆောင်ပြီး နေပြည်တော်သို့ လာရောက်ဆက်သရာ မင်းကြီးက အလိုရှိရာတောင်းရန် မိန့်သည်။ ယာရှင်သည် သူကြီးနှိပ်စက်သည်ကို မကြာခဏခံရသည့်အတွက် သူကြီးဆင့်ခေါ်ခြင်းမှ ကင်းလွတ်လိုကြောင်းလျှောက်ထားရာ မင်းကြီးက သူကြီးဆင့်ခေါ်မှု ကင်း လွတ်ခွင့်အမိန့်တော်ရေးပေးလိုက်သည်။ သခွားယာရှင်မှာသူကြီး၏ဒဏ်မှ ကင်းလွတ်ပြီးအေး ချမ်း စွာနေရသည်။
နောင်တော်ကြီးမင်း နတ်ရွာစံပြီးနောက် နှစ်ကာလအတန်ကြာတွင် ပဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်၌ တစ်နေ့တွင် မင်းတရားကြီး ခရီးလှည့်စဉ် သခွားယာခင်းသို့ရောက်သောအခါ နောင်တော်ထုတ်ပြန်သော အမိန့်တော်ကို ယာရှင်ထံတွင် တွေ့ရသည်။ မင်းကြီး သည် နောင်တော်၏လက်ရေးဖြင့်ရေးသော အမိန့်တော်ကို အမှတ်တရသိမ်းထား လိုသည့်အတွက် ယာရှင်ကိုတောင်း ရာ ယာရှင်က မပေးနိုင်ကြောင်း အကျောက်အကန်ငြင်းသည်။ ထိုအခါ ဘိုးတော်ဘုရားက “ငါလည်း ဤအမိန့်တော်မျိုး ရေးပေးနိုင် ပါသည်။ ရေးပေး ပါ မည်” ဟုဆိုမှ သခွားယာရှင် သဘောတူပြီး နောင်တော်ကြီး၏ အမိန့်တော်ကို ထုတ် ပေးသည်။ ဘိုးတော်မင်းတရားရေးပေးသော အ မိန့်တော်ကို သေချာစွာကြည့်ပြီး နာမည်လက်မှတ်ထိုးတော်မူပါဦးဟုဆိုသဖြင့် ထိုးပေးရသည်ဟု ဆိုပါသည်။ထိုအကြောင်းကို ရာဇ ဝင် ကျမ်းကြီးများတွင် မတွေ့ရသော်လည်းအစဉ်အဆက် ပြောစမှတ်ပြုရသော ပါးစပ်ရာဇဝင်အဖြစ် မှတ်သားခဲ့ကြခြင်းဖြစ် ပုံရပါသည်။ စရိုက် သဘာဝ ပေါ်လွင်သော ဖြစ်ရပ်လေးများဖြစ် ပါသည်။
မောင်ခင်မင် (ဓနုဖြူ)
Credit; Popular မှကူးယူဖော်ပြသည်။
(မှတ်ချက် - စာရေးဆရာများ၏ အရေးအသားနှင့် သရုပ်ဖော်ထားသောပုံများ ပြောင်းလဲသွားပါက စာဖတ်သူတို့ ခံစားမှုရသလျော့နည်းသွားမည်စိုး၍ Asian Fame Media Group မှထုတ်ဝေသော ပေါ်ပြူလာဂျာနယ်ပါဖော်ပြချက်များအတိုင်း ကူးယူဖော်ပြရခြင်းဖြစ်ပါသည်။ ပေါ်ပြူလာဂျာနယ်၏ အောင်မြင်နေမှုကို နင်း၍ အောင်ပွဲခံလိုခြင်းမဟုတ်ပါကြောင်းကို စာရေးဆရာများ၊ Asian Fame Media ကုမ္ပဏီမှတာဝန်ရှိသူများနှင့် အယ်ဒီတာများကို ရိုသေစွာအသိပေးအပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Write comments